Sunday, June 30, 2013

Android ဖုန်း/Tablet များကို Pattern Lock ဖြုတ်နည်း (Manually)



Pattern Lock မေ့နေလို့ Android ဖုန်းပိုင်ရှင်တွေအတွက် Pattern Lock ဖြုတ်နည်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဖြေရှင်းနည်းမရေးခင် သဘောတရားကို အရင်ရှင်းပြပါရစေ။ Android ဖုန်းတွေမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Setting တွေအားလုံးဟာ Database ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ Ringtone ကအစ ဘယ်ဖိုင်ကို Ringtone အနေနဲ့သတ်မှတ်ထားတယ်၊ Volume ကို ဘယ်လောက်အထိ တင်ထားတယ်အဆုံး အားလုံးဟာ Database ထဲမှာ ရှိနေပါတယ်။

အခု Pattern Lock ပြဿနာဟာ ဖုန်းရဲ့ Lock Screen ကို Pattern နဲ့ဖွင့်လို့ရအောင် လုပ်မိပြီးကာမှ Pattern ကို မေ့သွားပြီးမှ အခါခါကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံးမှာ ဖုန်းက အလိုလို Lock ချပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ တကယ်တမ်းတော့ ဖုန်းရဲ့ Database ထဲမှာ ရှိတဲ့ lockscreen.lockoutpermanently ရဲ့ တန်ဖိုးဟာ အရင် 0 ကနေ 1 ကို ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီ 1 ကို 0 ပြန်ပြောင်းနိုင်ရင် ပြေလည်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Android ဖုန်းတွေမှာ အဲဒီလို Database အတွင်းပိုင်းကို ပြုပြင်ခွင့်ပေးမထားပါဘူး။ Root လုပ်ထားတဲ့ ဖုန်းတွေမှာသာ ပြုပြင်ခွင့် ရပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းဟာ Root လုပ်ထားတဲ့ဖုန်းတွေမှာသာ အကျုံးဝင်ပါတယ်။ နောက်ပြီး ADB နဲ့ Command တွေသုံးပြီး ပြုပြင်မှာမို့ ကိုယ့်ဖုန်းဟာ အဲဒီလို ကွန်ပျူတာက Command တွေနဲ့တစ်ဆင့် ခိုင်းစေခွင့်ကို ခွင့်ပြုထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် USB Debugging ကို အမှန်ခြစ် ထားဖို့ လိုပါတယ်။ Lock ကျသွားပြီမှ USB Debugging ကို ဖွင့်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အစကတည်းက USB Debugging ကို ဖွင့်ထားတဲ့
ဖုန်းတွေမှာသာ ရပါလိမ့်မယ်။ ကံကောင်းတာက အတော်များများဟာ USB Debugging ကို ဖွင့်ထားတတ်ကြပါတယ်။

အပေါ်ကအဆင့်တွေနဲ့ ကိုက်ညီပြီဆိုရင် အဆင်ပြေပါပြီ။ အရင်ဆုံး သူ့ရဲ့ settings.db လို့ခေါ်တဲ့ setting database ကြီးကို ကွန်ပျူတာထဲမှာ ကော်ပီကူးယူမယ်။ lockoutpermanently တန်ဖိုးကို 1 ကနေ 0 ပြောင်းမယ်။ ပြီးရင် ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်မယ်။ ဒါလေးပါပဲ။ ဘယ်ဆော့ဖ်ဝဲလ်တွေလိုလဲ
Android Debug Bridge(ADB) လို့ခေါ်တဲ့ Android ဖုန်းတွေကို Command နဲ့ အမိန့်ပေးခိုင်းစေ ပြုပြင်နိုင်တဲ့ Tool တစ်ခုလိုပါတယ် (အဲဒါက Google က
ထုတ်ပေးထားပါတယ်)။ နောက်ပြီး Database ထဲက အချက်အလက်တွေကို ဝင်ပြီးပြင်မှာမို့ Database Management Tool တစ်ခုလည်း လိုပါ့မယ်။ Android
က SQLite Database ကို သုံးထားတာမို့ sqlite ဆိုတဲ့ Database Management Tool တစ်ခု လိုပါတယ်။ နောက်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းရဲ့ Driver ကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားဖို့ လိုပါမယ်။

ဘယ်လိုအရည်အချင်းတွေလိုလဲ
Command Prompt သုံးစွဲနည်းကို သိထားဖို့လိုသလို ADB သုံးစွဲနည်းကို အနည်းငယ်သိထားဖို့လိုပါတယ်။ Database အကြောင်းကိုလည်း တီးမိခေါက်မိ ရှိဖို့လိုပါတယ်။

အောက်က link မှာပေးထားတာကို download အရင်ဆွဲထားပါ။

https://dl.dropboxusercontent.com/u/17993536/adb.zip 

က zip
Download လုပ်ဆွဲပြီးပြီဆိုရင် ဇစ်ဖိုင်ကို Extract လုပ်ပါ။ အဲဒီထဲမှာ adb ရယ်၊ sqlite ရယ် ပါဝင်ပါတယ်။

ဖြေရှင်းနည်း
၁။ ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်ပါ။ (Driver မရှိရင်တော့ Driver ကို ကြိုတင်ပြီး Install လုပ်ထားပါ)

၂။ Command Prompt ကိုဖွင့်ပါ။ adb ရှိတဲ့လမ်းကြောင်းဆီသွားပါ။ (ဥပမာ C:\adb) ကိုယ့်ဖုန်းကို adb က သိမသိ စမ်းဖို့လိုပါမယ်။ အဲဒီအတွက် adb devices ဆိုပြီး ရိုက်ထည့်လိုက်ပါ။ devices attached အောက်မှာ ID တစ်ခု ပေါ်လာရင် ဖုန်းကို adb က သိနေပြီ ဖြစ်ပါတယ်။

၃။ adb shell ဆိုပြီး ရိုက်ထည့်ပါ။

၎။ shell@android:/$ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အတွင်းပိုင်းတွေကို ၀င်ပြင်မှာဖြစ်တာမို့ root access ပြောင်းဖို့လိုပါမယ်။ su ဆိုပြီး ရိုက်ထည့်လိုက်ပါ။

၅။ shell@anroid:/# ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒီလိုမပြောင်းရင်တော့ root မလုပ်ရသေးလို့ ဖြစ်နိုင်ပါတယ်။

၆။ ဖုန်းထဲမှာရှိတဲ့ Database တွေသိမ်းထားတဲ့ Folder ဟာ ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားပါတယ်။ ဒါကြောင့်မို့ chmod command ကို

သုံးပြီး Permission ကို ပြောင်းလဲဖို့ လိုပါတယ်။ အောက်က Command သုံးပြီး လုပ်လိုက်ပါ။

chmod 0777 /data/data/com.android.providers.settings/databases

ဒါဆို data/data/com.android.providers.settings ထဲက databasese ဆိုတဲ့ folder က Permission တွေ ပြုတ်သွားပြီဖြစ်ပါတယ်။ ဖျက်ပစ်တာ၊ ကော်ပီကူးယူတာတွေ လုပ်ခွင့်ရှိသွားပါပြီ။ shell ကနေ Control+C နှိပ်ပြီး ထွက်လိုက်ပါ။

၇။ အဲဒီ databases ထဲက settings.db လို့ခေါ်တဲ့ settings database ဖိုင်ကို ကွန်ပျူတာထဲကို ကူးယူပါမယ်။ အဲဒီအတွက် အောက်က command ကို သုံးပါ။

adb pull /data/data/com.android.providers.settings/databases/settings.db C:\adb

ဒါဟာ settings.db ဖိုင်ကို C:\adb ထဲကို ကူးယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။

၈။ sqlite ကိုသုံးပြီး settings.db ကို ပြုပြင်ပါတော့မယ်။

sqlite3 settings.db လို့ ရိုက်ထည့်လိုက်ပါ။
command prompt ဟာ sqlite> ဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ sqlite စအလုပ်လုပ်နေပါပြီ။ .tables ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ settings.db ထဲမှာရှိတဲ့

table တွေရဲ့ နာမည်တွေ တွေ့ပါလိမ့်မယ်။
အဲဒီမှာ pattern lock တန်ဖိုးက secure ဆိုတဲ့ table အထဲမှာ သိမ်းထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ system ဆိုတဲ့ table ထဲမှာ သိမ်းထားပါတယ်။

အခု ကျွန်တော်စမ်းသပ်ခဲ့တဲ့ ဖုန်းဟာ secret ဆိုတဲ့ table ထဲမှာ သိမ်းထားတာမို့ အဲဒီ table ထဲမှာရှိတဲ့ lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 လို့ ပြောင်းလဲဖို့အတွက် အခုလို command ကို သုံးလိုက်ပါတယ်။

update secret set value=0 where name=’lockscreen.lockedoutpermanently’;

autolock ဖြစ်နေတာကိုလည်း အခုလို command သုံးပြီး ဖြုတ်ပစ်ပါတယ်။
update system set value=0 where name=’lock_pattern_autolock’;

Database ကို ပြုပြင်ခြင်း ပြီးဆုံးသွားပါပြီ။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ အခု ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်ပါ့မယ်။

အဲဒီအတွက် အောက်ပါ command ကို သုံးလိုက်ပါ။
adb push settings.db /data/data/com.android.providers.settings/databases/

ပြီးဆုံးပါပြီ။ ကိုယ့်ဖုန်းကို restart လုပ်ကြည့်ပါ။ Patter Lock ကျနေတာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ။

ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း
From: Myanmar Mobile App

AppGratis v2.0.2 for Android



အခုပေးမယ့် Application လေးကို Android ဖုန်း/Tablet သုံးစွဲသူတိုင်းကြိုက်မှာပါ။ ဒီ ဖုန်းဆော့ဝဲလေးက ဘာကောင်းလဲဆိုတော့ Google Play မှာ ပိုက်ဆံနဲ့ဝယ်ရတဲ့ဆော့ဝဲတွေကိုသူက တစ်နေ့တစ်ခုနှုန်းနဲ့ Free ပေးပါတယ်။ Cracked လုပ်ထားတဲ့ app တွေကိုပေးတာမဟုတ်ဘဲ သူဝယ်ထားတဲ့ဟာတွေကို Free ပြန်ပေးတာပါ။ ဘယ်လိုလဲ ကြိုက်သွားကြပြီမလား ။ ဆော့ဝဲလေးရဲ့နာမည်ကတော့ AppGratis လို့ခေါ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

Download Link 1

Download Link 2


From: Myanmar Mobile App

Saturday, June 29, 2013

BitDefender 2014 Build 17.13.0.551 for Window XP/7/8






BitDefender Antivirus ဆော့ဝဲဆိုရင်နာမည်ကြီးမို့လို့ ကွန်ပျူတာသုံးစွဲသူတိုင်းသိကြမယ်ထင်ပါတယ်။ ရွှေတံဆိပ်အကြိမ်ကြိမ်ရထားတဲ့ နာမည်ကြီး Antivirus ဆော့ဝဲတစ်ခုပါ။ အခု BitDefender 2014 နောက်ဆုံးဗားရှင်းလေး 17.13.0.551 ထွက်ရှိလာပြီဖြစ်လို့ BitDefender 2014 Build 17.13.0.551 for Window XP/7/8 ကိုတင်ပေးလိုက်ပါတယ်။ ကွန်ပျူတာရဲ့ Security ပိုင်းကိုအပြည့်အ၀ကာကွယ်ပေးနိုင်တဲ့ ဆော့ဝဲကောင်းတစ်ခုဖြစ်ပြီး ၊ Virus တွေ ၊ hacking စတာတွေရဲ့အန္တရာယ်ကို အပြည့်အ၀ကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ USB Security စနစ်လည်းပါဝင်သေးတာကြောင့် ဘယ် stick ပဲကွန်ပျူတာမှာလာထိုးထိုး virus ရန်ကနေသိပ်မှုနေစရာမလိုတော့ပါဘူး ။ ကွန်ပျူတာမှာ သွင်းထားသင့်တဲ့ Antivirus ဆော့ဝဲလေးတစ်ခုပါပဲ။ BitDefender 2014 Build 17.13.0.551 for Window XP/7/8 ကိုအောက်က link များမှာရယူနိုင်ပါတယ်။

Trial Reset

http://letitbit.net/download/31291.342874b56ee0af7a7977f87a0262/BD.rar.html


http://www.secureupload.eu/e4rjbvbemr9b/BD.rar



Antivirus



Internet Security
x86

x64



Total Security
x86

x64


Joboshare DVD Copy v3.4.9 For Pc 3MB


DVD  အခွေကနေ အခွေပွားချင်တဲ့ သူငယ်ချင်းအတွက် အဆင်ပြေမယ့်  ဆောစ့်ဝဲလ်လေးပါ
ဖိုင်ဆိုဒ်ကလည်း 3MB သာသာဘဲဆိုတော့ လိုင်းမကောင်းတဲ့ သူတွေအတွက် အဆင်ပြေပါတယ်
http://www.joboshare.com/dvd-copy.html  မှုရင်းဆိုဒ်မှာ 32 ဒေါ်လာတန်ဆောစ်ဝဲလ်လေးပါ
အခုဆောစ့်ဝဲလ်က ၀င်းဒိုး 8 မှာလည်း သုံးလို့ရပါတယ်

Download From Mediafire

Download From Google Drive

1Tap Cleaner Pro v2.20 for Android



Touch တစ်ချက်နှိပ်ရုံနဲ့ ဖုန်းကိုသုံးစွဲရလေးလံစေမယ့်အရာတွေအကုန်လုံးကိုအပျောက်ရှင်းပေးနိုင်တဲ့ 1Tap Cleaner Pro v2.20 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ application လေးက ခလုတ်တစ်ချက်နှိပ်ရုံနဲ့
-Cache များကိုရှင်းလင်းပေးခြင်း
-History များကိုရှင်းလင်းပေးခြင်း
-Call/Text Log များကိုရှင်းလင်းပေးခြင်း များကိုပြုလုပ်ပေးနိုင်ပါတယ်။ Android OS ဖုန်း/Tablet တိုင်းမှာရှိထားသင့်တဲ့ application လေးပါ။ 1Tap Cleaner Pro v2.20 for Android ကို Google Play မှာ ၂ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို Myanmar Mobile App Store မှာတော့ freedownload ရယူနိင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

Download Link 1

Download Link 2




From: Myanmar Mobile App

Friday, June 28, 2013

Perfect Camera 365လေးပါ



ဖွဘုတ်သုံးတဲ့ ကိုကို မမ များအတွက် Camera 360 ထက်ပိုပြီးလန်းစေမယ့် Perfect

ဒေါင်းရန်====>  From Zippyshare

ကွန်ပျူတာ သမားအားလုံး အတွက် Virus အမျိုးမျိုး သတ်နည်း အကြောင်း


SVCHOST.EXE သတ်နည်း

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်
ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..

2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..
တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး.. ကျွန်တော့်မှာတော့ သူ့ ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်

Tool>Folder Options ကိုသွားပါ...

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..

ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..

Gtalk Virus

Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ
ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။

Kill Autorun Virus

Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hideprotected operating system file ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Managerထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။
Virus များအတွက် website

့http://www.scanwith.com/ ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool,antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်

I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...

i love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။ အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။
Download

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။
Virus အမျိုးအစားခွဲခြားခြင်း..

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ
executable file
 တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့

Blaster Worm
 ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့

Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက

http cookie
တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

၇။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....
အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....
Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ

C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data

အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...

ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့

kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....
ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်

မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...

မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll

icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....
Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...
အဆင်ပြေနိုင်ကြပါစေ...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....

Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့
HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}
ကိုဖျက်လိုက်ပါ။

အားလုံးအဆင်ပြေကြပါစေ......... မြန်မာချစ်သူမိသားစု

Amazing Flashlight


ဓါတ်မီး app တစ်ခုပါ။ UI လှပပြီး function အစုံပါတယ်။

 Night Camera flashlight ပါတာကတော့ လန်းတယ်။

Battery အခြေနေကိုလဲ ဖော်ပြပေးတာလဲ ဂွတ်တယ်။

Party Light ကလဲ မီးရောင် တစ်ဖျတ်ဖျတ်နဲ့ မိုက်တယ်။

မီးပွိုင့်မီး၊ ရဲကားမီး၊ လူနာတင်ကားမီး၊ မီးသတ်ကားမီး၊

ကရိန်းကားမီး စတဲ့ အရေးပေါ်အချက်ပြမီးတွေလဲပါတယ်။

Screen Light ကိုလဲ အဖြူ(သို့)ရောင်စုံ အသုံးပြုနိုင်တယ်။

မီးပြတိုက်စတိုင် Screen Light လဲ ပါဝင်သေးတယ်ဗျာ။

Flashlight တိုင်းကို ချိန်ညှိနိုင်တဲ့အတွက် ဓါတ်မီး app

ကောင်းကောင်းလေး လိုချင်သူများအတွက် အဆင်ပြေတယ်။

Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်တယ်။

download - (3MB)

Download From Google Drive

Download From Mediafire

iPhone ကို Lock ဖုန်းလား/Unlock ဖုန်းလားအလွယ်စစ်ကြည့်မယ်




မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် ဒီနည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။

- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့အတိုင်းပါ။


IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
=>iPhone Lock/Unlock စစ်ရန် <=

အောက်ပါအတိုင်းပေါ်လာပါမယ်။

Enter iPhone IMEI number ဆိုတဲ့နေရာမှာ ခုနတုန်းက ဖုန်းထဲမှာကြည့်ခဲ့တဲ့ IMEI number တွေကိုရိုက်ထည့်ပေးလိုက်ပါ ။ ပြီးရင် Enter ခေါက်ပါ။
ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Information အပြည့်အစုံပေါ်လာပါမယ်။ ပေါ်လာတဲ့အထဲကအောက်ဆုံးစာကြောင်းမှာ SIM Lock : ဆိုပြီး ဖုန်းက lock/unlock ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။


ဒီလောက်ဆိုရင် ကိုယ်ဝယ်မယ့် iPhone ဟာ Lock ဖုန်းလား / Unlock ဖုန်းလား ဆိုတာကိုသိရှိနိင်ကြပါပြီ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Thet Naing Soe (Myanmar Mobile App Store)
From: myanmarmobileapp

Facebook က သင့်ကို မပြောပြမယ့် အချက် (၁၃) ချက်




၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။

၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။

၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။

၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။

၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …

၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။

၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။

၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့်အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတယ်။

၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။

၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ်လေ။

၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။

၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။

၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။ သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။

၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။

၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။

၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။

၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။

၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။

ရွှေခေမာ

Ref & Credit to Smart Pro Journal
Form: Myanmar Mobile App

Screen Speaker



Live wallpaper တစ်ခုပါ။ စပီကာပုံစံ ဖန်တီးထားပါတယ်။
ဖုန်းမှာ သီချင်းဖွင့်တာပဲဖြစ်ဖြစ် Noti တစ်ခုခု အသိပေးတာပဲဖြစ်ဖြစ်
အသံထွက်လာတိုင်း စပီကာ လှုပ်ခတ်သွားပါမယ်။ အောက်မှာလဲ ..
music bar တွေပါဝင်လို့ အတော်လန်းပါတယ်။ သီချင်းအသံလှိုင်းအတိုင်း
စပီကာက လှုပ်ခတ်ပေးပါတယ်။ Pro ဖြစ်လို့ စပီကာဒီဇိုင်းစုံပါဝင်တယ်။
ဖုန်းအလှဆင် Live wallpaper အမိုက်စားလေးမို့ တင်ပေးလိုက်တယ်။
Tablet တွေမှာဆို speaker နှစ်လုံး ထားလို့ရတယ်။ ကလိကြည့်ဗျ။ လန်းတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (14MB)

dropbox -
https://www.dropbox.com/s/yo1t3be6e4l6qbq/mr.adscreencap.apk

copy - https://copy.com/6tLzNl76sBIB

ပျော်ရွှင်ပါစေ။

Mr.AD


From: ပျော်စရာရွှင်စရာ Android ကမ္ဘာ

Picture Collage Maker Portable For Pc 60MB


PictureCollageMaker ဆိုရင် တော်တော်များများသိမှာပါ သူကတော့ ဓာတ်ပုံဘောင်လှလှလေးတွေထည့်တာ ဓာတ်ပုံအများကြီးကို တစ်ပုံထဲလုပ်တာ
ပြက္ခဒိန်မှာဓာတ်ပုံထပ်ပေါင်းထည့်တာ အမှတ်တရဓာတ်ပုံလုပ်တာ စသည်ဖြင့်
အခြားလုပ်ဆောင်ချက်တွေလည်းပါရှိပါတယ် Portable ဆိုတော့
အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေပါမှာ
မန်မိုရီကတ်ထဲမှာဆောင်ထားပြီး အသုံးပြုယုံပါဘဲ
အောက်ကလိပ်စာမှာရယူနိုင်ပါတယ်


Download>>>datafilehost (or)zippyshare(or)http://www.trunkize.com/

Android မှာတတ်တဲ့ Out Of Space ကိုရှင်းမယ်



Android Phone မှာ application and Game သွင်းတဲ့အခါ သွင်းမရပဲ
=> Out of space <= ဖြစ်နေပြီး အခြား အရာတွေကို Delete ခိုင်းတတ်ပါတယ် ဒါပေမယ့် ဘယ်လောက် Delete လုပ်လုပ် သွင်းမရဖြစ်နေတတ်ပါတယ်
အဲဒီတော့ ဘယ်လိုဖြေရှင်းမလဲဆိုတော့…
Rooted ဖုန်းဖြစ်ရပါမယ်
Root Explorer ရှိထားရပါမယ်
Root Explorer => data => apps ထဲဝင်လိုက်ပါ
အဲဒီထဲမှာသွင်းမရတဲ့ app/game အမည်နဲ့ .odex ဖိုင်လေးကိုတွေ့ပါလိမ့်မယ်
အဲဒီကောင်လေးကို Delete ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်
နောက်တနည်းကတော့ မိမိရဲ့ Device ကို recovery mode ထဲကနေပြီးတော့
wipe dalvik cache လုပ်ပေးလိုက်ရင်လဲအဆင်ပြေပါလိမ့်မယ်

အားလုံးအဆင်ပြေကြပါစေ
နောင်နောင် (Innocent Love)

Thursday, June 27, 2013

Android Task Manager Pro v2.8.9 Apk 1MB



ဒီဆော့ဝဲလ် လေးက တော့  Android  ဖုန်းကိုင်သူတိုင်း မသိသူ ရှားလှ ပါတယ် …  ဖုန်းတိုင်းလိုလို မှာ ထည့်ထားတဲ့ ဆော့ဝဲလ် လေးဆိုလည်း မမှားပါဘူး … ဒီဆော့ဝဲလ် လေးရဲ့ အလုပ်လုပ်ပုံကတော့  android os စနစ်မောင်းနှင်ထားတဲ့ဖုန်းတွေရဲ့ နောက်ကွယ်က  Task ဖိုင်တွေ ကိုရှင်းလင်းပေးတာဖြစ်တာကြောင့် အသုံးဝင်ဆော့ဝဲလ် လေးတစ်ခုပဲဖြစ်ပါတယ်.. ဖုန်းတွေမှာဆော့ဝဲတွေသွင်းတာများလာရင် သုံးလာများလာရင် စက်ကသုံးရတာနှေးလာတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် မိမိစက်ကို အမြဲပေါ့ပါးစေချင်တယ်ဆိုရင်တော့ အခုပေးမယ့် ask Manager Pro ကိုသွင်းထားပြီး Background မှာ run နေတာတွေကို အမြဲရှင်းလင်းပေးနေသင့်ပါတယ်။
ဒီ version လေးက Pro version ဖြစ်တာကြောင့်  function စုံလင်ပါတယ်။
App တွေကို အလွယ်တကူ ဖြုတ်နိုင်ခြင်း Backup လုပ်နိုင်ခြင်း အခြားလုပ်ဆောင်တွေလည်းအများကြီးရှိပါတယ်
https://play.google.com/store/apps/details?id=com.james.SmartTaskManagerPro&hl=en
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download From Google Drive


Download From Mediafire





LEDBlinker Notifications v4.6.6 for Android



Android ဖုန်းပိုင်ရှင်တွေအတွက် ဖုန်းထဲကို message ၀င်တဲ့အခါပဲဖြစ်ဖြစ် ၊ အခြား application တစ်ခုခု (facebook ကဲ့သို့) က Notification ၀င်လာတဲ့အခါ ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့ဖြစ်သွားစေမယ့်ဆော့ဝဲလေး LEDBlinker Notifications v4.6.6 for Android ကိုတင်ပေးလိုက်ပါတယ်။ Facebook, Message စတဲ့ Notification တွေဝင်လာရင် အလွယ်တကူသိရှိနိင်ဖို့ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ ဖုန်းထဲကို Message တစ်ခုခုဝင်လာရင် ၊ Facebook က noti တစ်ခုခုတက်လာရင် ဖုန်းကို Slient လုပ်ထားရင်တောင်မှ မီးတဖျတ်ဖျတ်အလင်းရောင်လေးနဲ့သတိပေးမှာဖြစ်တဲ့အတွက် မသိလိုက်မှာမပူရတော့ပါဘူး။ ဖုန်းထဲမှာသွင်းထားသင့်တဲ့ application လေးတစ်ခုပါပဲ ။ ဒီ app လေးကို Google Play မှာ ၂.၁၇ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store မှာတော့ Freedownload ရယူနိင်ပါတယ်။

Download From Google Drive

 

Download From Mediafire





From: Myanmar Mobile

Secret Video Recorder Pro v7.4 Apk (218.86 Kb)



Video ခိုးရိုက်ချင်တဲ့ သူငယ်ချင်းတွေအတွက် Secret Video Recorder Pro တင်ပေးလိုက်ပါတယ်
သူကတော့ ဖုန်းထဲထည့်ပြီး ဆောစ့်ဝဲလ်ကို အသုံးပြုလိုက်ရင် Background ကနေအလုပ်လုပ်ပါတယ်
ခိုးရိုက်ချင်တာဘဲဖြစ်ဖြစ် လုံခြုံရေးအတွက်  အများမသိအောင် မှတ်တမ်းတင်တာဖြစ်ဖြစ် စသည်ဖြင့်လုပ်လို့ရပါတယ်  အသုံးတည့်မယ်ဆောစ်ဝဲလ်ဖြစ်မယ်လို့မျှော်လင့်ပါတယ်
https://play.google.com/store/apps/details?id=com.zeronoiseapps.secretvideorecorderprohttps://play.google.com/store/apps/details?id=com.zeronoiseapps.secretvideorecorderpro
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download From Google Drive

Download From Mediafire





မိမိကိုယ်ပိုင် Facebook အကောင့်ကို Hack ခံရခြင်းမှမည်သို့ကာကွယ်မည်နည်း


ကျနော်တို့ဒီရက်ပိုင်းမှာ Virus တွေတော်တော်များများပြန့်နှံနေပြီး အကူးစက်ခံရသူတွေအနေနဲ့ စိတ်ရူပ်စရာကောင်းနေပါတယ်။
ပြီးတော့ နာမည်ကြီး Celebrity တွေရဲ့အကောင့်တွေ Hack ခံနေရတာလည်း တွေ့ရှိနေရပါတယ်။
ဒါကြောင့် ကျနော်တို့မိမိတို့အကောင့်ကို သူများရန်မှကာကွယ်နိုင်၇န် အောက်ပါအချက်အလက်လေးများအတိုင်း
လိုက်နာကြပါရန် ဒီဆောင်းပါးလေးအား တင်ပြလိုက်ပါတယ်ခင်ဗျာ။

(၁) မနှိပ်ခင်စဉ်းစားပါ။
**************
မိမိရဲ့ Chat Box or Wall ပေါ်ဖြစ်စေ လင့်တွေတစ်ခါတစ်လေရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း

ပုံမှန်မဟုတ်တဲ့လင့်တစ်ခုလို့ကို့စိတ်ထဲကထင်နေရင် ဘယ်တော့မှ စူးစမ်းချင်စိတ်နဲ့ မနှိပ်လိုက်ပါနဲ့။ အဲဒီလိုလင့်တွေဟာများသော
အားဖြင့် Virus တွေဖြစ်နေတတ်ပါတယ်။ အဲဒီ Virus တွေဟာ ကို့နာမည်တွေနဲ့ သူငယ်ချင်းတွေ Wall ပေါ်မှာ Post တွေအလိုအလျောက်သွားတင်တတ်ပါတယ်။ စသည်ဖြင့် အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မည်သည့်လင့်မဆို မနှိပ်ခင်စဉ်းစားပါခင်ဗျာ။

(၂) Strong Password ထားပါ။
********************
မိမိရဲ့ Facebook Password လွယ်ကူတဲ့စကားလုံးများဖြင့်မဖွဲ့စည်းထားပါနှင့်။ အနည်းဆုံး စာလုံးခြောက်လုံး၊ နံပါတ်တွေ၊
Punctuation Marks တွေပါဝင်တဲ့ Password ကိုသာအသုံးပြုပါ။ ပြီးတော့ မိမိမှာအကောင့် ၂ခုရှိနေတယ်ဆိုရင် တူညီတဲ့Password
ကိုအသုံးမပြုဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာ။

(၃) မိမိ၏အချက်အလက်များအားသူများအားဘယ်တော့မှမပေးပါနှင့်။
*******************************************
မိမိ၏ Facebook အချက်အလက်များ ဥပမာ gmail account or login info စတာတွေကို မည်သူနှင့်မျှ
မမျှဝေပါနှင့်။ပြီးတော့တစ်ခါတစ်လေ Facebook ကနေတစ်ဆင့် တခြား Website များကိုသွားရာတွင် Password အားနောက်တစ်ခါရိုက်ပါဟုတောင်းဆိုခြင်းခံလာရပါက URL bar မှာ facebook.com/ ဆိုတာပါမပါဆိုတာကို စစ်ပြီးမှ ရိုက်သင့်မရိုက်သင့် စဉ်းစားပါခင်ဗျာ။

(၄) www.facebook.com မှာသာ Login ၀င်ပါ။
******************************
တစ်ခါတစ်လေကျရင် Hacker တွေဟာ Facebook Login ပေ့ခ်ျအတုနဲ့ အသုံးပြုတွေကိုလှည့်စားတတ်ပါတယ်။ အဲဒီအချိန်မှာသာ
ကိုယ်ကရိုက်ထည့်လိုက်ပြီဆိုရင် ကို့ရဲ့အကောင့်ဟာ သူတို့လက်ထဲရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Login ၀င်တော့မည်ဆိုလျှင်www.facebook.com မှာသာ Login ၀င်ရောက်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ။

(၅) မိမိရဲ့ Browser ကို Update လုပ်ပါ။
************************
နောက်ဆုံးထွက်ရှိလာတဲ့ Internet Browser များဟာ Security Protections ပိုမြင့်ပါတယ်။ ဒါကြောင့် Browser တွေကို Update လုပ်ထားခြင်းအားဖြင့်ကျနော်တို့ မသိတဲ့ လင့်တွေ Website တွေကိုသွားမည်ဆိုလျှင် ထို Browser မှသတိပေးစာများတတ်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုအသုံးပြုတဲံ browser ကိုလည်း Update ပြုလုပ်ဖို့မမေ့ပါနှင့်ခင်ဗျာ။

(၆) Anti Virus Software များအသုံးပြုပါ
**************************
Viruses and Malware တွေရန်ကကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ Anti virus software တွေအသုံးပြုပြီး မိမိတို့စက်ကိုကာကွယ်ကြပါခင်ဗျာ။
ဒီလောက်ဆိုရင် မိမိတို့ Facebook အကောင့်များအား မည်ကဲ့သို့ကာကွယ် ရမည်ဆိုသည်ကို သိရှိသွားပြီဟုထင်ပါတယ်ခင်ဗျာ။   
အားလုံးအဆင်ပြေကြပါစေ။
IT4M

VIBER ကနေ ကိုယ် ကိုမလိုချင်တဲ့ MESSAGES တွေ PH CALL တွေ မလာအောင် လုပ်နည်း




အခု ကျနော် ပြောပြမှာကတော့ ယောက်ျားလေးများအတွက်အဓိကပေါ့ဗျာ:)
တော်တော်များများကလည်း သိပီးသားဖြစ်မှာပါ။
မသိသေးသောသူများအတွက်ပေါ့ဗျာ ရောင်းရင်းတို့ရာ...
Viber ကနေ ကိုယ် ကိုမလိုချင်တဲ့ messages တွေ ph call တွေဝင်နေ လာနေလို့ စိတ်အနှောက်အရှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။
အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ)
Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။
viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။
အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင် message ပို့လိုက်ပါ။
ဒါမှ မိမိ အပိုထဲ့ထားတဲ့ viber ph နံပါတ်ကိုသူတို့ကသိမှာပါ။
ဒါဆိုရင်တော့ မိမိဆီကို မပို့စေချင်တဲ့ messagesတွေ မလာစေချင်တဲ့ ဖုန်းcallတွေကို ကာကွယ်ပီးသား ဖြစ်ပြီး viber ကြောင့်စိတ်အနှောက်အရှက်ဖြစ်နေတဲ့ ရောင်းရင်းတို့လဲ အေးဆေးဖြစ်သွားပါလိမ့်မည်။:)

Credit>>> ဝင်းကမ္ဘာကျော်

Mr. Number-Block calls, texts v1.2.93 for Android


Android OS အမျိုးအစားဖုန်းတွေအတွက် Call blacklist ဆော့ဝဲအလန်းလေးတစ်ခုဖြစ်တဲ့ Mr. Number-Block calls, texts v1.2.93 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲနဲ့ မိမိမ၀င်စေချင်တဲ့ဖုန်းတွေကို Block ထားမယ်ဆိုရင် ဖုန်းကတစ်ချက်တောင်ထမြည်မှာမဟုတ်ပါဘူး ။ ချက်ချင်း Block ပြီးဖြစ်သွားမှာပါ။ Call တင်မဟုတ်ပါဘူး SMS တွေကိုပါ Block ပေးနိင်ပါတယ်။
Block ထားတဲ့ ဖုန်းတွေရဲ့ Call History ကိုလဲ software ထဲမှာ သိမ်းပေးမှာဖြစ်သလို Block ထားတဲ့ ဖုန်းတွေရဲ့ Message ကိုလဲ Software ထဲမှာ သိမ်းထားပေးဦးမှာပါ။ တော်တော်လန်းတဲ့ Call Blaklist ဆော့ဝဲလေးပါ။ Mr. Number-Block calls, texts v1.2.93 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download From Google Drive

Download From Mediafire




From: Myanmar Mobile

Wednesday, June 26, 2013

ဘာသာအမျိုးမျိုးနဲ့ ရေးထားတဲ့ Website တွေကို Eng language ပြောင်းနည်း(မြန်မာဘာသာမပါ)


ခေါင်းစဉ်တပ်ထားတာတော့မိုက်တယ်ဟေ့ မြန်မာဘာသာမပါတဲ့
ကျွန်တော်ဒီအကြောင်းလေးကို ရေးချင်တာကြာပီ ခဏခဏမေးမေးကြတော့
လင့်လေးပဲ ပြန်ပြန်ညွှန်းချင်တယ် အဲဒါကြောင့် ဒီပို့စ်လေးကိုရေးလိုက်တာပါ
အလွယ်လေးပါ ကျွန်တော်တို့တွေ အများစုက Eng ကိုပဲ ဖတ်တတ်ကြတယ်
တရုတ် ၊ ကုလား အခြားဆိုဒ်တွေကိုလည်းကျွန်တော်တို့ယူစရာတွေ
ရှိနေပြန်ရော အဲဒီအခါမျိုးကျတော့ သွားပါပီ မဖတ်တတ်တော့ဘူးလို့
လက်မှိုင်မချလိုက်ပါနဲ့ လုပ်လို့ရတဲ့နည်းလမ်းတွေရပါတယ်
အချို့ဆိုဒ်တွေကျတော့ Translate button လေးတစ်ခါတည်း ထည့်ပေးထားတတ်ပါတယ်
ဥပမာ blogspot ဆိုဒ်မျိုးတွေဆိုရင် ဒါကို အလွယ်လေးလုပ်လို့ရပါတယ်
ဒါပေမယ့် အချို့ဆိုဒ်တွေကျတော့ မလုပ်ထားဘူး ဒီလိုဆို Eng language
ကိုဘယ်လို ပြောင်းဖတ်ကြမလဲ? ကဲစလိုက်ကြမယ်ဘော်ဒါတို့
ကျွန်တော်တို့အတွက် ဘာလိုအပ်လဲ Chrome Browser တစ်ခုပဲလိုအပ်ပါတယ်
အများစုက Mozilla Firefox ကို သုံးကြတယ် ဒါပေမယ့် translate လုပ်ဖို့ Add-on တွေကို
သုံးကြရတယ် သိကြတဲ့ အတိုင်း Hacking တွေကို အခုနောက်ပိုင်း Add-on
တွေနဲ့ပဲအလုပ်လုပ်လာကြတော့ မသုံးချင်ကြတော့ဘူး ။။
ဒါကြောင့် Goolge က Translate လုပ်ပေးမယ့် Chrome ကိုသုံးလိုက်ကြတာ
အကောင်းဆုံးပေါ့ Chrome ကလည်း version ထွက်တာ သိပ်မြန်သကိုး
အခုစာရေးနေချိန် 29.0.1521.3 Dev တောင်ထွက်နေပြီ ဒါပေမယ့် version
13 လောက်ထိတောင် အလုပ်လုပ်ပါတယ် ကျွန်တော်အကြံပေးချင်တာက
Stable ဖြစ်တဲ့ version တစ်ခုကိုသုံးပါ beta တွေ မသုံးပါနဲ့ အခုတော့
27 လေးကို သုံးကြပေါ့ မရှိသေးရင် ဒီမှာ သွားဒေါင်းလိုက်ပါ
ညာဘက်က download this version 32.07 MB ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့
Automatically ဒေါင်းမှာပါ ဒေါင်းမရသူများ ပြောထားခဲ့ပါနော်


ဒေါင်းပြီးရင် install လုပ်ပါ လွယ်ကူပါတယ်
အားလုံးပြီးရင်တော့ ဘာသာစပြန်ပါမယ်
တရုတ်ဆိုဒ်တစ်ဆိုဒ်ကို Address bar မှာ ရိုက်ထည့်ကြပါ
ကျွန်တော်ကတော့
http://www.romzj.com/search/C8810.html?ordering=&searchphrase=all
အဲဒီလင့်လေးကို ရိုက်ထည့်လိုက်တယ်



အဲဒါဆိုရင် သူကမေးပြီ Translate လုပ်မလားတဲ့ အခုရေးထားတာက
Chinese (Simplified Han) ဘာသာတဲ့ အဲဒါကို Eng ပြောင်းမလားလို့မေးတာပါ
ပြောင်းမယ်ဆိုရင် Translate ကိုနှိပ်လိုက်ပါ





ဟောအပုံက ပုံလေးကိုကြည့်လိုက်ဗျာ မျက်လှည့်ပြသလိုမျိုး အင်္ဂလိပ်လိုတွေ ပြောင်းသွားပီ
အခြား ဘာသာပြောင်းချင်ရင်လည်းရသေးတယ် English နေရာမှာနှိပ်ပြီး
ပြောင်းချင်တဲ့ ဘာသာရွေးလိုက် တကယ်လို့ မူလ အတိုင်းပဲပြန်ထား ချင်တယ်ဆိုရင်လည်း
Show Original ပြန်နှိပ်လိုက်။။။။
အလွယ်လေးပါ မသိရင်သာခတ်တာပါ။။။။
!!!!!!!!!!!!
ကိုသိသလောက် မသိသူတွေအတွက် ကိုသိတာလေးတွေ မျှဝေရင်းကျေနပ်နေသူပါ
အောင်ကျော်ခိုင်(ပုသိမ်)