Monday, May 20, 2013

မြန်မာ Mobile Zawgyi Changer(Beta) For Android



Root လုပ်ထားတဲ့ Android ဖုန်းတွေမှာ click တစ်ချက်နှိပ်ရုံနဲ့ ဇော်ဂျီမြန်မာဖောင့်ကိုသွင်းပြီးသားဖြစ်စေဖို့အတွက် မြန်မာ Mobile Application ရဲ့ product အသစ်တစ်ခုဖြစ်တဲ့ မြန်မာ Mobile ဇော်ဂျီ Changer ကိုတင်ပေးလိုက်ပါတယ်။ စမ်းထားသလောက်တော့ ဖုန်းအားလုံးနီးပါးနဲ့အဆင်ပြေပါတယ်။ Root Explorer ဆော့ဝဲကနေဇော်ဂျီဖောင့်ကိုသွင်းရတဲ့ step တွေလိုများပြားခြင်းမရှိတော့ဘဲ click တစ်ချက်နဲ့ မြန်မာဖောင့်ကိုသွင်းနိုင်မှာပါ။ ဆိုနီဖုန်းတွေမှာ -ျတွေ အပေါ်တက်အောက်ရောက်ဖြစ်နေတာမျိုးတွေကိုလည်း Sony Zawgyi Mobile font သုံးထားတာကြောင့် မြန်မာ font တွေကိုကောင်းကောင်းမွန်မွန်မြင်ရမှာပါ။ Android 2.1 မှ Android 4.0 IceCream Sandwich အထိအလုပ်လုပ်အောင်ရေးသားထားပါတယ်။ ဆော့ဝဲထဲကိုဝင်လိုက်ရင် “ဇော်ဂျီဖောင့်ပြောင်းရန်” ဆိုတဲ့ခလုတ်နဲ့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ဆိုပြီးခလုတ်နှစ်ခုပါပါတယ်။ Sony အမျိုးစားမဟုတ်တဲ့ Android ဖုန်းတွေကိုဆိုရင် “ဇော်ဂျီဖောင့်ပြောင်း၇န်”ဆိုတဲ့ခလုတ်ကိုနှိပ်ရမှာဖြစ်ပြီး Sony အမျိုးအစား Android ဖုန်းဆိုရင်တော့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ကိုနှိပ်ရမှာပါ။

ခလုတ်ကိုနှိပ်လိုက်တယ်ဆို၇င် ဖုန်းက auto reboot ကျသွားမှာဖြစ်ပြီး ပြန်တက်လာပြီဆိုရင်တော့ မြန်မာဖောင့်သွင်းပြီးဖြစ်နေပါပြီ။ Beta version ဖြစ်တဲ့အတွက်ကြောင့် error အနည်းငယ်ရှိနိုင်ပါတယ်။အဲလိုဖြစ်ခဲ့ရင် myanmarmobileapp@gmail.com သို့မေးလ်ပို့ပြောကြားနိုင်ပါတယ်။ မြန်မာ Mobile Zawgyi Changer ကိုရယူလိုသူများအောက်က link မှာ download ရယူနိုင်ပါတယ်။

မြန်မာ Mobile Zawgyi Changer(Beta) for Android အားရယူရန်     Zippyshare  and   Solidfiles

Myanmar Mobile Zawgyi Changer ကိုသုံး၍ font ပြောင်းရာတွင် error များရှိလာပါက myanmarmobileapp@gmail.com သို့ဆက်သွယ်မေးလ်ပို့နိုင်ပါတယ်

From: MyanmarMobileapplication strore

အွန်လိုင်းမှ တစ်ဆင့် ဖုန်းများ ငွေဖြည့်သွင်းနိုင် (၁၅၀၀ တန် မပါ)

အွန်လိုင်းမှ တစ်ဆင့် မိုဘိုင်းဖုန်း သို့ တိုက်ရိုက် ငွေဖြည့်သွင်း နိုင်သည့် ၀န်ဆောင်မှု အား http://www.topup.com.mm/ သို့ ၀င်ရောက် အသုံးပြုကာ ငွေဖြည့် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ http://www.topup.com.mm/ သည်မြန်မာနိုင်ငံ တွင် အသုံပြု နေသော GSM , WCDMA , CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများသို့ အွန်လိုင်း မှ တစ်ဆင့် တိုက်ရိုက် ငွေဖြည့် သွင်းပေးသော ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည်။

လက်ရှိ ချပေးလျက် ရှိသော တန်ဖိုးနည်း ၁၅၀၀ တန် MecTel CDMA 800 MHz မိုဘိုင်းဖုန်း များ ပေးသွင်း နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မကြာမီ ကာလများ၌ MecTel CDMA Network ရရှိအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် ၂၄ နာရီ ၀န်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်ဟု သိရသည်။

ဖုန်းလိုင်း ကျပ်ခြင်း ၊ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ခြင်း စသည့် အချက်များကြောင့် မိုဘိုင်းလ်ဖုန်း သို့ http://www.facebook.com/l.php?u=http%3A%2F%2Fwww.topup.com.mm&h=UAQGjfu8TAQEi4-ALEbPog5BtLmZ4c4OCYyeXLfI238AnVA&s=1 မှ တိုက်ရိုက် ငွေဖြည့်သွင်း၍ မရသည့် အခါများ၌  ၀က်ဘ် ဆိုက် တွင် ဖော်ပြထားသော အီးမေးလ် သို့ ရောက်ရှိ လာသည့် Top-up Card အချက်အလက် များအား ကိုယ်တိုင် အသုံးပြု၍ ငွေဖြည့် သွင်းနိုင်သည် ဟု သိရှိရသည်။


မြန်မာ့လင်းရောင်ခြည်

Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း


Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…

ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add
Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …
ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …
OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …
အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???
PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …

Software City