Sunday, July 7, 2013

phone bill မကုန်အောင် အင်တာနက် free သုံးမယ်


 ဒီနည်းလေး ကတော့ ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက် တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော် ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေ ချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူး တင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေး ပဲဗျာ..။

ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါ တစ်ယောက် ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက် ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကို ရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေး ချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသား အတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)

2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်

(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)

3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။

(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့

Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။

Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names

ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်

---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ

---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ

---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ

---Port နေရာမှာ 9209 လို့ရးပါ

---User name နေရာမှာ ppp လို့ထည့်ပါ

---Password နေရာမှာ ppp123 လို့ရေးပါ

---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ

---MCC တော့ 414 ပါပဲ

---MNC တော့ 01 ပါ

---Authentication type မှာ CHAP ကိုရွေးပါ

---APN type မှာ Internet ကိုရွေးပါ

ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။

ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ

ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။

တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။

*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*

MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။

ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။






iPhone တွင် 3G Internet Setting ထည့်နည်းလေးပါ။

 ၁. အရင်ဆုံး Setting>General>Network ကို အရင်သွားရပါမယ်။

၂. Network အောက်ကိုရောက်သွားရင်တော့ Cellular Data Network ထဲကိုထက်ဝင်ရပါမယ်။

 ၃. Cellular Data Network အောက်ကိုရောက်ပီဆိုရင်တော့ သိထားတဲ့အတိုင်း
Cellular Data အောက်မှာ
APN = mptnet
Username = mptnet
Password = 0000
အဲ့ကောင်လေးတွေထည့်ပေးရပါမယ်။ Username, Password က မထည့်လည်းရတတ်ပါတယ်၊ သေချာအောင်ထည့်ထားလိုက်ပါ။ ပြီးတော့ MMS အတွက်လည်း အဲ့လိုပဲထည့်ပေးလိုက်ပါ။
၎. ပီးသွားရင်တော့ Network ထဲကို ပြန်ထွက်လိုက်ပါ။ ထွက်ပီးရင် Cellular Data နဲ့ Data Roaming ကို On လိုက်ပါ။ ဒါဆို အပေါ်က MM 900 ဘေးမှာ E or 3G ပေါ်လာပါလိမ့်မယ်။


by myanmarmobileapp

*** Android ဖုန်းထဲမှ data တွေကို Internet ချိတ်ထားသော .. ကွန်ပျူတာကနေ တိုက်ရိုက်လှမ်းယူ/ပို့ဆောင်နည်း ***


ဒီနည်းလေးကတော့ အင်တာနက်မှနေပြီး ဖုန်းထဲမှ data file များကို .. ၀င်ရောက်ရှာဖွေ ကာ ယူနိုင်တဲ့ နည်းလမ်းလေးပါ။ အတော်လန်းပါတယ်။ ကျွန်တော်တို့တွေ data မျှဝေတဲ့အခါ Online Storage တွေဖြစ် တဲ့ .. Media Fire , Dropbox အစရှိတာတွေနဲ့ မျှဝေကြတယ်။ ဒါက လူအများကို မျှဝေတဲ့ အခါ အသုံးပြု တဲ့နည်းတွေ ပါ။ ဒါဆို တစ်ယောက်ယောက်ဆီကို .. ကိုယ့်ကွန် ပျူတာ ထဲမှာရှိတဲ့ file တစ်ခုခု သူ့ဖုန်းဆီ တိုက်ရိုက်လှမ်းပို့ချင်ရင် ဒီနည်းလမ်းလေးက အသုံးဝင်ပါတယ်။ ဖုန်းထဲက file ကိုလဲ ..
ကွန်ပျူတာ ကနေ လှမ်းယူနိုင်လို့ တကယ် အသုံးဝင်တဲ့ နည်းလေးပါ။ တစ်နည်းပြောရရင် private upload & download သဘောမျိုးပေါ့ဗျာ။ file များ ပို့ဆောင်ရာတွင် မြန်ဆန်ပြီး အသုံးပြုပုံကလဲ လွယ်ကူပါတယ်။ အခု စမ်းချင်တယ်ဆိုရင် ကိုယ့်ဖုန်းနဲ့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ကာ ..
အရင်စမ်းကြည့်ပေါ့။ အဆင်ပြေသွားရင် တစ်ယောက်ယောက် ဖုန်းနဲ့ ကိုယ့်ကွန်ပျူတာ ချိတ်ပြီး စမ်းကြည့်ပေါ့ဗျာ။

ကဲ .. ဒီလိုလေးလုပ်

လိုအပ်ချက်အနေနဲ့ကတော့ ကျွန်တော် အောက်မှာ တင်ပေးထားတဲ့ .. Wifi File Browser app ကို download ဆွဲလိုက်ပါ။ ဖုန်းထဲတွင် Wifi File Browser app ကို install လုပ်ပါ။ ဖုန်း internet ကို ဖွင့်လိုက်ပါ။ ပြီးရင် Wifi File Browser app ကို ဖွင့်ပါ။ Start ကို နှိပ်ပါ။
နှိပ်လိုက်တာနဲ့ IP Address တစ်ခု ဖော်ပြပါလိမ့်မယ်။
“ http:// ......................... ” ဆိုပြီး ဖော်ပြပါလိမ့်မယ်။

ကွန်ပျူတာကနေ Browser တစ်ခုခု ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ ..
FireFox နဲ့စမ်းခဲ့ပါတယ်။ Address bar မှာ ခုနက IP Address ကိုရိုက်ပါ။
ဒါဆိုရင် Wifi File Browser ဆိုပြီး Web Page တစ်ခု ကျလာပါမယ်။
ဖုန်းထဲက file များကို တစ်ခါတည်း တန်းမြင်နေရပါပြီ။ တကယ်လို့ ..
တစ်ခါတည်းမမြင်ရရင်လဲ Web Page အပေါ်နားမှာ ကိုယ့်ဖုန်းထဲကို ..
Browse လုပ်ဖို့ path လမ်းကြောင်း ပါရှိပါတယ်။ SD Card ထဲက file ကို
လိုချင်ရင် sdcard0 ဆိုပြီး ရှာဖွေကာ ယူနိုင်ပါတယ်။

ဖုန်းထဲမှ နှစ်သက်ရာ file တစ်ခုခုကို အမှန်ခြစ်ပေးပြီး Web Page ရဲ့
အပေါ်နားက Download ဆိုတာကို နှိပ်လိုက်ပါ။ download box ကျလာပါမယ်။ Ok နှိပ်လိုက်ရင် ဖုန်းထဲမှ file သည် ကွန်ပျူတာထဲသို့ download လုပ်ကာရောက်ရှိသွားပါပြီ။ ဒါက ဖုန်းထဲမှ file ကို ကွန်ပျူတာကနေ လှမ်းယူတာပါ။

ကွန်ပျူတာထဲမှ file တစ်ခုခုကို ဖုန်းထဲကို လှမ်းပို့ချင်တဲ့အခါ ..
Web Page ရဲ့ ညာဘက် အပေါ်နားက Upload Files ဆိုတာရဲ့အောက်မှာ
Browse ကို နှိပ်ပါ။ ကွန်ပျူတာထဲမှ နှစ်သက်ရာ file တစ်ခုခုကို ရွေးလိုက်ပါ။
ပြီးရင် Upload ဆိုတာကို နှိပ်လိုက်ရင် ကွန်ပျူတာထဲမှ file သည် ..
ဖုန်းထဲသို့ ရောက်ရှိသွားပါမယ်။ file size အနည်းအများပေါ်မူတည်ပြီး ..
အချိန်ပေးရပါမယ်။ file transfer လုပ်တာလဲ အတော်မြန်တာတွေ့ရတယ်။

ဒီလောက်ဆို အသုံးပြုနည်း နားလည်သဘောပေါက်လောက်မှာပါ။
အခြေနေအမျိုးမျိုးတွင် အသုံးပြုနိုင်တယ်။ ဥပမာ အိမ်မှာ ဖုန်းမေ့ကျန်ခဲ့တယ်။
ဖုန်းထဲမှ အရေးကြီး data တွေကို လိုချင်တဲ့အခါ အိမ်ကလူတစ်ယောက်ယောက်ကို အထက်ပါနည်းအတိုင်း Wifi File Browser app ကိုဖွင့်ခိုင်းပြီး IP Address ရိုက်ကာ မိမိဖုန်းထဲမှ data များကို အဝေးတစ်နေရာကနေ လှမ်းယူနိုင်ပါတယ်။ သူငယ်ချင်းဆီ ကိုယ့်ကွန်ပျူတာထဲမှ file တစ်ခုခုကို ပို့ချင်တဲ့အခါ သူ့ဖုန်းထဲမှာ Wifi File Browser app ရှိနေရင် သူ့ဖုန်း IP Address ကိုရိုက်ပြီး ကွန်ပျူတာကနေ သူ့ဖုန်းဆီ file များ ပို့ဆောင်နိုင်ပါတယ်။ အားလုံးအတွက် အသုံးဝင်မယ့် နည်းလမ်းလေးဖြစ်လို့ သေချာ Review ရေးပေးလိုက်ပါတယ်။
Wifi File Browser app ကို Android 2.2 နှင့်အထက် ဖုန်းများတွင်သုံးနိုင်တယ်။





Download From Google Drive

 

Download From Mediafire


ပျော်ရွှင်ပါစေ။

Lucky Patcher v3.4.4 Apk


မိမိဖုန်းက Lucky Patcher က 3.4.4 ဗားရှင်းမဟုတ်ရင် ထည့်သွင်းနိုင်ပါတယ် အပ်ဒိတ်လေးပါ
ဒါကိုတော့ တော်တော်များများသိမှာ Android App တွေ ဂိမ်းတွေ လိုင်စင်တောင်းတဲ့အခါ
လိုင်စင်မတောင်းရအောင်လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ  ပြီးတော့ Free App တွေ ဂိမ်းတွေ  ဖုန်းထဲမှာထည့်ထားပြီး အသုံးပြုတဲ့အခါ ကြော်ငြာတွေ တွေ့ဖူးမှာပါ ဖျက်လိုက်လည်း
App ဂိမ်း တွေကို ပြန်ဖွင့်ရင်  ဖုန်းမျက်နှာပြင်မှာ ပြန်ပေါ်လာပါတယ် အဲဒါတွေကို ဖြုတ်ပေးနိုင်ပါတယ်
အခြားလုပ်ဆောင်ချက်တွေလည်းရှိပါတယ်
အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိုင်ပါတယ်
အောက်မှ ဗီဒီယိုလင့်မှာအသုံးပြုပုံကိုလေ့လာနိုင်ပါတယ်ခင်ဗျာ
http://www.youtube.com/watch?v=mcMkvkh2umM
Lucky Patcher v3.4.4  ကို အသုံးပြုဖို့အတွက် ဖုန်းက Root လုပ်ပီးသားဖြစ်ရပါမယ်

Download From Google Drive


Download From Google Drive Whole Folder


Download From Mediafire

3D Home Apk 12MB


မိမိဖုန်းကို 3D စတိုင်လေးနဲ့ လန်းချင်သူတွေအတွက်
အောက်ကပုံလေးတွေ ကြည့်လိုက်ပါ သဘောကျမှာပါ ဆောစ့်ဝဲလ်အလန်းဆိုတော့ :)
https://play.google.com/store/apps/details?id=com.borqs.se&hl=en
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download From Google Drive

GOOGLE DRIVE SAHRING FOLDER

 

Download Form Mediafire