Monday, July 1, 2013

Android ဖုန်းမှာ Viber လို စကားပြော ချက်တင်လုပ် အသံဖိုင်ပို့ ရတဲ့ FreePP

Android ဖုန်းမှာ Viber လို စကားပြော ချက်တင်လုပ် အသံဖိုင်ပို့ ရတဲ့ FPP

Viber လိုပဲ အကုန် ရပါတယ် ဖုန်းထဲထည့်ရင် Viber လို ကုဒ်ရိုက်စရာမလို

ဖုန်းနံပတ် ထည့် တာနဲ့ သုံးရပါတယ် ကောင်းတယ်ဆို လို့ စမ်းသုံးနေတာ

မြန်မာပြည်က လူတွေ ပြောနေတာနဲ့ အသုံးပြုရင် မျှဝေလိုက်ပါတယ်


Download - freeppmobile.android.apk



From: မောင်စွယ်စုံကျမ်း

မြန်မာ့ဆက်သွယ်ရေးတင်ဒါ ရှုံးသော Digicel နှင့် Singel ရှယ်ယာဈေးများကျဆင်းနေ


မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ကို နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာကုမ္ပဏီ Ooredoo တို့က တင်ဒါအောင်မြင် ပြီးနောက် တင်ဒါ မအောင်မြင်သော ကုမ္ပဏီအချို့ ရှယ်ယာဈေးများ ကျဆင်း သွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုတွင် အာရှထိပ်တန်း အဆင့်ရှိသော စင်ကာပူ ဆက်သွယ်ရေး လုပ်ငန်း SingTel သည် တင်ဒါ ရှုံးနိမ့်ပြီးနောက် ယင်းလုပ်ငန်း၏ ရှယ်ယာဈေးသည် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

တင်ဒါ ရရှိသည့် ကုမ္ပဏီကို မကြေညာခင်က တင်ဒါအောင်မည်ဟု ရေပန်းစားခဲ့သော Digicel ၏ ရှယ်ယာဈေးများလည်း ကျဆင်းသွားကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံ့လူဦးရေနှင့် ယှဉ်လျှင် တယ်လီဖုန်း အသုံးပြုမှု အလွန်နည်းပါး နေသေးသော မြန်မာနိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဆက်သွယ်ရေး ကွန်ရက် ရရှိအောင် လုပ်ဆောင်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အသံနှင့်အချက်အလက် နှစ်မျိုးလုံး အသုံးပြုနိုင်မည့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိသွားသော Telenor ကုမ္ပဏီက ကြေညာသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ဈေးကွက် ယှဉ်ပြိုင်မှုအရ တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများ လျှော့ချမည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

Ref & Credit to The Voice Weekly

Mobile Counter Pro - 3G, WIFI v3.2.2 Apk 1.39MB


Mobile Counter Pro အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 30ရက်နေ့ Updateလေးပါ
Android ဖုန်းတွေ အတွက် 3G Internet ကိုအသုံးပြုတဲ့အချိန်မှာ Data Usage ဘယ်လောက် သုံးစွဲနေ တယ်ဆို တာကို စစ်ဆေးနိုင်တဲ့ application လေးဖြစ်တဲ့ Mobile Counter Pro – 3G, WIFI v3.1 ကိုတင်ပေး လိုက်ပါတယ်။ ဒီဆော့ဝဲလေးရဲ့ ပါဝင်တဲ့ features တွေထဲကအကောင်းဆုံး features ကတော့ ဖုန်းထဲ မှာထည့်ထားတဲ့ ဘယ်ဆော့ဝဲက အင်တာနက် Data ဘယ်လောက် kb သုံးနေတယ် ဆိုတာ ကိုပါ တစ်ခုချင်းစီအသေးစိတ်စစ်ဆေးနိုင်ခြင်းဖြစ်ပါတယ်။ Wifi ကွန်ရက်နဲ့အ သုံးပြုမယ်ဆို ရင်လည်း Wifi Data Usage ဘယ်လောက်သုံးတယ်ဆိုတာကိုလည်း စစ်ဆေးကြည့်ရှုနိုင်မှာပါ။

https://play.google.com/store/apps/details?id=com.mobileCounterPro

မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်


Download From Google Drive

Download From Mediafire


Laptop အကြောင်းသိကောင်းစရာတချို့



Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှုမရှိပါဘူး။
တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။

အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ
ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။

အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ် ထားပြီး
ဖြစ်ပါတယ်။
ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။
ဒီ function တွေဟာ power management တွေမှာ
ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။

- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။
မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။

- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။
အောက်ဘက်က fan တွေအတွက်အပေါ်ဘက်ကနေပြီး လေဝင်၊
လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။
Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။
Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။

- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။
ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။
Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge),
EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။

မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

နောက်ထပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ အဒီ Laptop ရဲ့ board Driver Cd လေးပါယူဆောင်ကျစေချင်တယ်..။
နောက်တစ်ခါ Window တင်တဲ့အခါမှာ အခက်အခဲ တစ်ခုဖြစ်နေတယ်...။
Driver Backup software တွေရှိပေမဲ့ အကောင်းဆုံးက မိမိlaptop ရဲ့ Driver Cd လေးတော့ သိမ်းထားကြပါ...။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို Service လုပ်တဲ့သူတွေ အခက်အခဲ တွေ့လို့ပါ....။
ရှာပေးလို့လုပ်ပေးလို့တော့ ရပါတယ်..ဒါပေမဲ့ Fix သိပ်မဖြစ်လို့ပါ... ။

Credit : aksthutakabar

iPhone တွေအတွက် ကျောက်ပုဇွန် ဖုန်းကာဗာ


သူများတွေနဲ့ မတူတဲ့ဖုန်းကာဗာတွေကိုမှ ရွေးပြီး အသုံးပြုချင်သူတွေ အတွက် ကျောက်ပုဇွန်ပုံစံ ဖုန်းကာဗာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့  ထင်ပါတတယ်။ သင် ဖုန်းပြောတဲ့ အချိန်မှာ ဘေးက ကြည့်နေတဲ့ သူကတော့ အံသြတဲ့ မျက်လုံးတွေနဲ့ ကြည့်နေဦးမှာပါ။

ဒီကာဗာကို သင့်ရဲ့ ဖုန်းမှာ တပ်ဆင်အသုံးပြုမယဆိုရင်တော့ လူအများရဲ့ ဂရုတစိုက် ကြည့်ရှု့ မှုကို ခံရမှာလည်းဖြစ်ပါတယ်။ ထူးခြားတဲ့ ဖုန်းကာဗာ ဒီဇိုင်း ဖြစ်တာကြောင့် စာဖတ်သူတွေ သိရှိအောင် မျှ ဝေပေးလိုက်တာပါ။

(ကောင်းဇေယံ)
Ref: Guide Magazine, Myanmar Online News

အခမဲ့ Message ပို့နိုင်သော ဖုန်းဆော့ဝဲ WhatsApp ၂၄ နာရီအတွင်း Massage ၂၇ ဘီလီယံ အသုံးပြုမှု စံချိန်ရရှိ

Multi Media Massage ဝန်ဆောင်မှု ပေးလျက်ရှိသော WhatsApp ကုမ္ပဏီမှ ဇွန်လ ၁၃ ရက်နေ့တွင် ၂၄ နာရီအတွင်း Massage အသုံးပြုမှု စံချိန်သစ်တစ်ရပ်ကို ထုတ်ပြန် ကြေငြာခဲ့ကြောင်း သိရသည်။ အဆိုပါ စံချိန်သစ်မှာ WhatsApp ကို ၂၄ နာရီအတွင်း Massage အစောင်ရေ ၂၇ ဘီလီယံအထိ အသုံးပြုခဲ့သော စံချိန်သစ်တစ်ရပ် ဖြစ်ကြောင်း သိရသည်။ စံချိန်ဟောင်းမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၂၄ နာရီအတွင်း ၁၈ ဘီလီယံ အသုံးပြုသော စံချိန်ဖြစ်သည်။ WhatsApp သည် ယခုနှစ် အသုံးပြုသူဦးရေ တိုင်းတာချက်အရ သန်း ၂၀၀ ကျော် ရှိနေပြီဖြစ်ရာ Black Berry က ဆိုသည်။ ယခုအချိန်တွင် WhatsApp သည် ကမ္ဘာ့ Massage အသုံးပြုမှု အများဆုံး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး WhatsApp အနေနှင့်လည်း အကောင်းဆုံး ဝန်ဆောင်မှုကို ထပ်မံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ WhatsApp ကဲ့သို့ ဝန်ဆောင်မှုပေးသော KakaoTalk ကုမ္ပဏီမှာ တစ်ရက်လျှင် အသုံးပြုသူ ၉၆ သန်းမှ Massage ၅.၂ ဘီလီယံသာ အသုံးပြုပေးလျက်ရှိကြောင်း သိရသည်။ WhatsApp မှာ ဆက်သွယ်ရေးလိုင်းများမှ ပေးသော MMS ဝန်ဆောင်မှုကဲ့သို့ အသုံးပြုနိုင်သော App တစ်ခု ဖြစ်သည့်အပြင် ဝန်ဆောင်ခမှာ WiFi ကွန်နက်ရှင်နှင့် အသုံးပြုပါက အလကား အသုံးပြုနိုင်သလို ဆက်သွယ်ရေး လိုင်းပေါ်မှ Mobile Data ဖြင့် အသုံးပြုလျှင် ဈေးနှုန်း အနည်းငယ်သာ ကျင့်သင့်မည့် App တစ်ခုလည်း ဖြစ်သည်။ WhatsApp ကို iOS၊ Amdroid၊ Windows Phone၊ Black Berry နှင့် Symbian OS တို့တွင် အသုံးပြုနိုင်ကြောင်း သိရပါသည်။

Ref & Credit to Smart Pro Journal
From: Myanmar Mobile