Wednesday, May 29, 2013

နိုင်ငံပေါင်း ၆၃ နိုင်ငံသို့ Skype လပေးစနစ်ဖြင့် အကန့်သတ်မရှိ ဖုန်းခေါ်ဆိုနိုင်


နိုင်ငံပေါင်း ၆၃ နိုင်ငံ၏ လက်ကိုင်ဖုန်း၊ ကြိုးဖုန်းများသို့ Skype ဖြင့် ဖုန်းခေါ်ဆိုရာတွင် လပေးစနစ်ဖြင့် Unlimited ဖုန်းခေါ်ဆိုနိုင်သော ၆၃ နိုင်ငံမှာ မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ် ဆက်ဆံမှု အများဆုံးရှိသော၊ မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ် လုပ်ကိုင်မှုများသော နိုင်ငံများပါဝင်ကြောင်း သိရပြီး အာဖရိက နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများ မပါဝင်ကြောင်း သိရသည်။ Skype လပေးစနစ်ဖြင့် လက်ကိုင်ဖုန်း၊ ကြိုးဖုန်းများသို့ unlimited ဖုန်းခေါ်ဆိုနိုင်သော နိုင်ငံ ၆၃ နိုင်ငံမှာ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံများသို့ လည်းကောင်း၊ တရုတ်၊ ဟောင်ကောင် အပါအဝင် အာရှနိုင်ငံများ၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းအပါအဝင် ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Skype လပေး Unlimited အတွက် ငွေပေးချေရာတွင် တစ်နိုင်ငံအတွက် တစ်လလျှင် ၈၀၀၀ ကျပ် ကျသင့်မည် ဖြစ်ပြီး ၆၃ နိုင်ငံအတွက် တစ်လလျှင် ၁၅၀၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Skype ဖြင့် ခေါ်ဆိုရာတွင် လပေးစနစ်သာမက ကြိုက်သလောက် ရှင်းရမည့် Credit Plan နှင့် မိနစ် ပုဒ်ပြတ် Limited Minitues Plan များဖြင့် လည်းကောင်း ဆက်သွယ်ခေါ်နိုင်သေးကြောင်း သိရသည်။
Credit Plan မှာ ငွေကိုကြိုတင်ဖြည့်သွင့်းပြီး ခေါ်ဆိုသလောက် ကျသင့် ငွေကို နှုတ်ယူသွားခြင်း ဖြစ်ပြီး Personal Call ခေါ်ဆိုသူများ အသုံးပြုကြကြောင်း သိရသည်.။ အဆိုပါ Plan ဖြင့် ခေါ်ဆိုပါက မလေးရှား နိုင်ငံအတွက် တစ်မိနစ်လျှင့် မြန်မာငွေ ၆၀ ကျပ်ခန့် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ၁၀ ဒေါ်လာ Credit အတွက် မြန်မာငွေ ၁၂၀၀၀ ကျပ်၊ ၂၅ ဒေါ်လာ Credit အတွက် မြန်မာငွေ ၃၀၀၀၀ ကျပ်နှင့် ၅၀ ဒေါ်လာ Credit အတွက် မြန်မာငွေ ၅၅၀၀၀ ကျပ်နှုန်းဖြင့် အဆိုပါ Plan အတွက် ဝယ်ယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
Limit Minutes Plan မှာ မိမိခေါ်ဆိုလိုသည့် နိုင်ငံအတွက် တစ်လအတွင်း မိနစ် ၆၀၊ မိနစ် ၁၂၀၊ မိနစ် ၄၀၀ စသည့်ဖြင့် အပြတ်ဝယ်ယူ အသုံးပြုရခြင်း ဖြစ်ပြီး အဆိုပါ Plan ကို အသုံးပြုမှု များကြောင်း သိရသည်။ အဆိုပါ Plan အတွက် မလေးရှားနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်လ မိနစ် ၄၀၀ စာအတွက် ၇၀၀၀ ကျပ်၊ ကိုရီးယားနိုင်ငံသို့ တစ်လ မိနစ် ၄၀၀ စာအတွက် ၇၀၀၀ ကျပ်၊ ရုရှား တစ်လ မိနစ် ၄၀၀ စာအတွက် ၁၀၀၀၀ ကျပ်၊ အိန္ဒိယ မိနစ် ၈၀၀ စာအတွက် ၁၂၀၀၀ ကျပ်၊ မလေး မိနစ် ၁၂၀ စာအတွက် ၅၀၀၀ ကျပ်၊ ကိုရီးယား မိနစ် ၁၂၀ စာအတွက် ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက IT Doctor Online Service အမှတ် (၉၇)၊ ပထမထပ်၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ဖုန်း- 0973169736 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

သက်သွဋ်ဦး
Ref & Credit to Smart Pro Journal
From: Myanmar Mobile