Friday, May 31, 2013

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်


အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး အသက်တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေကပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက်အသက်ပိုတိုတယ်လို့ စစ်တမ်းများအရတွေ့ရှိထားရတာ ဖြစ်ပါတယ်။ (အယ်လ်ဇိုင်းမားရောဂါ အကြောင်းကို မက်ဖန် ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသားဖော်ပြပေးဖို့ ရှိပါတယ်)။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှု ရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle ကလဲ
အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာကျန်းမာရေးလိုက်စားဖို့နဲ့ ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင် ဆေးကုသမှုစောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်ဖြစ်ပါတယ်လို့ ကမ္ဘာတစ်ဝန်း ကျန်းမာရေး ပညာရှင်များက တညီတညွတ်ထဲ အဆိုပြုကြပါတယ်။

“အမျိုးသားတွေဟာ ကျန်းမာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါတယ်။ ဥပမာ
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စသဖြင့် မိမိ စိတ်ဝင် စားစရာတွေ ကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်တာတွေကို လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့
ထင်နေတတ်ကြပါတယ်” လို့ ကျွန်တော့်ရဲ့ဆရာ အထူးကုဆရာဝန်ကြီးတစ်ဦးကပြောပြပါတယ်။

အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့အတွက် တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့ အချိန်မှာ လွန်ကုန်ကြတဲ့ သဘောလဲ ရှိပါတယ်။ အမေရိကန်အမျိုးသားကျန်းမာရေး ဂျာနယ် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche ကလဲ “အမျိုးသားတွေဟာအလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ယုံကြည်နေသမျှ ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့စစ်ဆေးဖို့ ဘယ်တော့မှ အတွေးမ၀င်ကြပါဘူး။ နောက်ပြီး ဆေးလိပ်အရက်၊မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်” လို့
ကောက်ချက်ချပါတယ်။

ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး အကြောင်းကိုမက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။
ကာကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများမှာ ကြည့်ရှုနိုင်ပါတယ်။

(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ

Cardiovascular Diseases လို့ခေါ်တဲ့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ယောက်ျားတွေ
အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။ atherosclerosis
လို့ခေါ်တဲ့ သွေးကြောတွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တော့တဲ့ ရောဂါများ
ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ် ရင်ဘတ်အောင့် ရောဂါ (Angina)
ဖြစ်ပါတယ်။ အခန့်မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး သေတတ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတွေဟာ
လူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာကြီး
တစ်ခုတောင် ဖြစ်နေပါပြီ။
အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီဓာတ်တွေ များလွန်းလို့ သွေးကြော
နံရံတွေ အပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုး သားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေ စတင်ခံစား ရတော့ တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေ ကတော့ ဒီထက် စောတတ်ပါတယ်။

မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းကလေးတွေရဲ့ သွေးကြောတွေက
ယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တစ်ချက် အနေနဲ့ မိန်းကလေးတွေမှာ
သဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကိုလက်စထရော တစ်မျိုး
ပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက……..
(၁)အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။ အနည်းဆုံး ငါးနှစ်တစ်ကြိမ် ဆက်တိုင်းပါ။
(၂)သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။
(၃)ဆေးလိပ်ကို ရှောင်ပါ။
(၄)တစ်နေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။
(၅)ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။

(၂) အဆုတ်ကင်ဆာ

တကယ်ကို ကြောက်စရာကောင်းလှတဲ့ ကင်ဆာ ရောဂါဖြစ်ပါတယ်။ ရောဂါဒဏ်ခံရမှု
အရမ်းဆိုးခြင်း၊ ရောဂါတိုးတက်မှု မြန်ခြင်း၊ ကင်ဆာဆဲလ်များ နေရာအနှံ့
ပျံ့ခြင်းတွေမှာ တခြားကင်ဆာတွေထက်ကို ဆိုးပါတယ်။ ဘယ်လောက်မြန်သလဲ ဆိုရင်
ရောဂါလက္ခဏာတစ်ခုခု မပေါ်ခင်အချိန်၊ စစ်ဆေးတွေ့ရှိမှု မရှိသေးခင် စဖြစ်တဲ့
အချိန် ကတည်းကကို စပျံ့ နေပြီ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင်
နောက်ကျနေပြီလို့ကို တစ်ထစ်ချ ပြောနိုင်တဲ့အထိ ကြောက်စရာကောင်း ပါတယ်။

ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆုတ်ကင်ဆာတွေ အားလုံးရဲ့ ၉၀% ကျော်ဟာ ဆေးလိပ်ကြောင့်
ဖြစ်ရတာ အသေအချာပါပဲ။ CT scan ကလွဲလို့ ကြိုစစ်နိုင်တဲ့ ဆေးစစ်ချက်မျိုးလဲ
မရှိသေးပါဘူး။

လက်ရှိစွဲပြီးနေတာ ကြာခဲ့ပြီ ဖြစ်လို့ ငါကတော့ နောက်ကျနေပါပြီ မထူးတော့ပါဘူးလို့ မထင်ပါနဲ့တဲ့။ ဆေးလိပ်ကိုဘယ်အသက်အရွယ်မှာ ဖြတ်ဖြတ် နောက်မကျသေးဘဲ အဆုတ်ကင်ဆာနဲ့ အခြားရောဂါတွေ
ဖြစ်စေနိုင်တဲ့ ဆိုးကျိုးများစွာ လျော့နည်းမှာ သေချပါတယ်လို့ ပညာရှင်များက
အဆိုပြုထားပါတယ်။

(၃)ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်က မိန်းမတွေမှာ မရှိဘဲ ယောက်ျားတွေမှာသာ ရှိလို့ ယောက်ျားတွေပဲ
ဆီးကျိတ်ကင်ဆာ ဖြစ်ကြပါတယ်။ အမျိုးသား ၆ယောက်မှာ တစ်ယောက်နှုန်း
ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တဲ့သူတွေထဲက ကုသမယ်ဆိုရင် ၃၅ယောက်မှာ
တစ်ယောက်သာသေနိုင်တာမို့ တော်သေးတာပေါ့ လို့ပဲ ဆိုရမှာပဲ။


(၄)စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း
စိတ်ဓာတ်ကျဆင်းခြင်းဟာ ကျန်းမာရေးအပေါ် သိသိသာသာ ဆိုးဝါးစေပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေတယ် လို့
ပြောရမှာပေါ့။ စိတ်ကျရောဂါရဲ့ ဒဏ်ကို စိတ်မာပါတယ်ဆိုတဲ့ ယောက်ျားတွေက
မိန်းမများလောက်တောင် မခံနိုင်တာ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒါကြောင့်လဲ
ကိုယ့်ကိုယ်ကို သတ်သေမှုများရဲ့ ၇၀% နီးပါးဟာ ယောက်ျားတွေ ဖြစ်နေတာပါ။
နောက်ပြီး စိတ်ကျရောဂါ (depression) ၀င်နေတဲ့ သူဟာ နံပတ်(၁)မှာ ပြောခဲ့တဲ့
နှလုံးသွေးကြော ရောဂါများ ဖြစ်နိုင်ဖို့ အခွင့်အလမ်းလဲ ပိုများပါတယ်။
မိန်းမတွေဟာ ယောက်ျားတွေလောက် စိတ်ဓာတ်မကျတတ်တာ မဟုတ်ပါဘူး။ တူတူပါပဲ။ ဒါပေမယ့်
မိန်းမတွေက ဒီလို စိတ်ညစ်ရမှုကို မျက်ရည်တို့ ဘာတို့နဲ့
ဖြေဖျောက်လို့ရပြီး စိတ်ဓာတ်ကြံ့ခိုင်သူများ လို့ ကိုယ့်ကိုယ်ကိုယ်
သတ်မှတ်ထားတဲ့ အမျိုးသားများကတော့ ၀မ်းနည်းမှုကို မျက်ရည်အစား ဒေါသတွေ
ပေါက်ကွဲမှုတွေ နဲ့ပဲ ထွက်ပေါက်ပေးတော့ ကြာတော့ ပိုဆိုးလာတာဖြစ်ပါတယ်။
(ငိုရင် ပေါ့သွားတယ်ဆိုတာ ဒါဖြစ်မယ်)
နောက်တစ်ချက်က အဆုံးစီရင်ဖို့ ကြိုးစားကြတဲ့ အကြိမ်အရေအတွက်ကတော့ မိန်းမနဲ့ယောက်ျား မကွာလှဘူးလို့
သိရပါတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အောင်မြင်အောင် လုပ်တတ်တဲ့ ယောက်ျားတို့က
လုပ်တိုင်းနီးပါး အောင်မြင်ကြလို့ ပိုသေကြပါသတဲ့။
အသိဥာဏ် ဆင်ခြင်တုံတရား မြဲတဲ့ သူများကတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုကို
meditation ဆိုတဲ့ တရားထိုင်ခြင်း၊ ဆေးကုသခြင်း စတာတွေနဲ့ ကုသပြီး
အောင်မြင်မှုကို ပြန်လည်ရယူတတ်ကြပါတယ်။

(၅)ဆီးချိုရောဂါ
တဖြည်းဖြည်းချင်း လုံးဝမသိသာအောင် စလာတတ်တဲ့ ရောဂါမို့ နှစ်ပေါင်းများစွာ ကြာတတ်ပြီး
ကာကွယ်ဖို့ မေ့နေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ စဖြစ်ပြီဆိုတာနဲ့
ပိုလျှံနေတဲ့ သွေးတွင်း သကြားဓာတ်တွေဟာ သွေးကြောတွေနဲ့ အာရုံကြောတွေအတွက်
အဆိပ်အတောက်များ အဖြစ် နေရာ ယူလာကြပါတယ်။ နှလုံးသွေးကြောကျဉ်း၊
လေဖြတ်ရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်းနဲ့
ခြေလက်တွေ ဖြတ်ရခြင်းတွေအထိ ဖြစ်နိုင်လို့ တကယ့် ကြောက်စရာ ရောဂါပါပဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ သင့်ကို ဆီးချိုရောဂါကနေ ရာသက်ပန် ကာကွယ်ပေးနိုင်ပါတယ်။

(၆)ပန်းသေပန်းညှိုးခြင်း
ဒါဟာ အသက်အန္တရာယ် မရှိပေမယ့် အမျိုးသားတိုင်းနီးပါး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ
တစ်ရပ် ဖြစ်ပါတယ်။ အလွယ်မှတ်ရရင် အသက်၄၀ ပြည့်ပြီးသား အျမိုးသားတိုင်းရဲ့
၄၀% ဟာ ဒီပြဿနာ ခံစားနေရပါတယ်။ ဒီလိုဖြစ်လာရင် နံပတ်(၄)မှာ ပြောခဲ့တဲ့
စိတ်ဓာတ်ကျဆင်းခြင်းကို ထိရောက်စွာ အားပေးရာရောက်လို့ ကာကွယ်သင့်လှပါတယ်။
နောက်ပြီး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတဲ့အထဲက
atherosclerosis သွေးကြောမှာ အဆီခဲတွေ ပိတ်ခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့
ဒါကြောင့်သာ အမျိုးသားသဘာဝ မလာတော့ဘူးဆိုရင် နှလုံးသွေးကြောပိတ် လေဖြတ်
စတဲ့ ရောဂါတွေလဲ တွဲဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဆရာဝန်များက
ပန်းသေပန်းညှိုးခြင်းကို နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများရဲ့
ရှေ့ပြေးသတိပေး လက္ခဏာ တစ်ရပ် အဖြစ် ထည့်သွင်းစဉ်းစား ကြပါတယ်။
ဒီတော့ ဆိုလိုချင်တာက ပန်းသေပန်းညှိုးကို ကုသလို့ရတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေ
အများကြီးရှိပေမယ့် ဒါတွေဟာ ဒီကိစ္စကိုပဲ ကုသလို့ ရပြီး နောက်ခံ
အကြောင်းတရားဖြစ်တဲ့ သွေးကြောဆိုင်ရာ ပြဿနာများကို မကုသ မကာကွယ်နိုင်တဲ့
အတွက် အမျိုးသားများ ဒီလို ခံစားလာရပြီဆိုရင် ဆေးစစ်သင့်ပြီလို့
အကြံပြုချင်ပါတယ်။
ဒီကမ္ဘာလောကကြီးမှာ ယောက်ျားတွေဟာ မိန်းမတွေထက် ပိုအရေးကြီးတဲ့ တာဝန်တွေကို ယူထားကြရသူတွေ ဖြစ်ပါတယ်။ ဒီတော့ အသက်တိုလို့
မဖြစ်ပါဘူး။ လူသားတိုင်းအနေနဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘ၀မှာ
ပျော်ရွှင် တာဝန်ကျေစွာ နေနိုင်ဖို့၊ မိမိဆန္ဒရှိတာလေးတွေ လုပ်နိုင်ဖို့
ကျန်းမာအသက်ရှည်ရန် လိုအပ်လှတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့မှာချင်ပါတယ်။

From: Myanmar News Update

ဖုန်းက Internet ကို ကွန်ပျူတာမှာ ချိတ်ဆတ်အသုံးပြုနည်း


ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။

Download Easytether For Phone From Zippyshare

Download Easytether For Phone From Solidfiles


အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။

Download Easytether For Computer From Zippyshare

Download Easytether For Computer From Solidfiles


အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။ 


Facebook V3.2.1 For Android


Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် Facebook version အသစ် Facebook v3.2.1 for Android ထွက်ရှိလာပါပြီ။ Facebook v3.2.1 ကိုအသုံးပြု၍
• Status update များ ၊ ဗီဒီယိုများ ၊ ဓာတ်ပုံများကို share ခြင်း
• Friend များမှ သင့်ရဲ့ပုံ ၊ စာကို Like/Comment ပေးပါက ဖုန်းတွင် notification အချက်ပေးခြင်း
• Friend တစ်ဦးချင်းနှင့် chatting ပြုလုပ်နိုင်ခြင်း ၊ Friend အများကြီးနှင့် group chat ပုံစံပြုလုပ်နိုင်ခြင်း
• Facebook game များကို Facebook for Android ကိုအသုံးပြု၍ဆော့ကစားနိုင်ခြင်း စသည်တို့ကိုပြုလုပ်နိင်မှာဖြစ်ပါတယ်။

Facebook v3.2.1 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။

Download  Facebook v3.2.1 for Android From Zippy share

Download  Facebook v3.2.1 for Android From Solidfiles


Google Play က APK ဖိုင် တွေကို PC ကနေဒေါင်းကြမယ်


ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင် အင်တာနက်ကို ဖုန်းထဲကနေမသုံးပါဘူး။ ပီစီကနေပဲ သုံးပါတယ်။ ဖုန်းထဲကနေ သုံးရတာ အားမရပါဘူး။ နောက်ပြီး ဖုန်းနဲ့မလုပ်နိုင်တာတွေလည်းအများကြီးပေါ့။ ဒါပေမယ့်
သူ့နေရာနဲ့သူတော့ အားနည်းချက်ရှိကြတာပေါ့လေ။ Android app တွေကို ဖုန်းထဲကနေ တိုက်ရိုက်
Install လုပ်ခွင့်ပေးပေမယ့် ပီစီမှာကျတော့ အဆင်မပြေပြန်ဘူးလေ။    filecrop    လိုဆိုဒ်ကနေ ရှာ ရင်တော့
ရတော့ ရပါတယ်။ ဒါပေမယ့် သူများတွေပြန်တင်ပေးမှာကိုး။ ကဲ ကောင်းပြီ။ ကျွန်တော်တို့ PC ကနေ
android app တွေကို ဒေါင်းနည်း လေ့လာရအောင်။ အရင်ဆုံး ကျွန်တော်အခုပြောပြမယ့် နည်းလမ်းမှာ
 အရင်ဆုံး Real Apk Leacher ကို ဒေါင်းထားပါ။


Download Apk leacher From  Zippyshare


Download Apk leacher From Solidfiles


ဒီကောင်ကို မသွင်းမှီ Java Runtime Environment 1.5.0 ကိုအရင်ဆုံး အင်စတော့လုပ်ရပါမယ်။ 

Download  Java Runtime Environment 1.5.0  From Zippyshare


Download  Java Runtime Environment 1.5.0  From Solidfiles


ဒီအတွက် ခင်ဗျားပီစီမှာ အင်တာနက်ချိတ်ထားဖို့တော့ လိုပါလိမ့်မယ်။ ကဲ ဒါဆိုရင် Real Apk Leacher ကိုဖွင့်လိုက်ပြီး Option မှာဆိုရင်အောက်ကအတိုင်းမြင်ရမှာပါ။


 အဲဒီမှာ ဖြည့်ရမယ့် အကွက်က ၃ ခုရှိပါတယ်။ Email, Password, Device ID ပါ။ Email နဲ့ Password ကို မိမိ primary အဖြစ်သုံးမယ့် အီးမေးလ်ကိုအသုံးပြုပါ။ Random Email မထည့်ရပါ။ ကဲ လာပါပြီ။ Device ID ဆိုတာ။ Device ID ကိုသိရဖို့အတွက် ဖုန်းရဲ့ Dial Pad မှာ *#*#8255#*#* ဆိုတဲ့ Code ကို ရိုက်ထည့်ပြီး Dial လုပ်လိုက်ပါ။ ဒါဆိုရင် အောက်က ပုံမှာအတိုင်း device id ရပါမယ်။



ဒါမှမဟုတ်ရင်လည်း Device ID Apk ကိုအသုံးပြုခြင်းဖြင့် ခင်ဗျားရဲ့ device id ကိုအလွယ်တကူသိနိုင်မှာပါ။ OK ရတယ်နော်။ ဒီအဆင့်ထိ။

(မှတ်ချက်  Device Id Apk ကို အသုံးပြုရတာ ပိုအဆင်ပြေကြောင်းတိုက်တွန်းအပ်)

Device Id Apk ကို အသုံးပြုမယ့်သူတွေကတော့ Devie Id Apk ကို ဖုန်းမှာ Install လုပ်လိုက်ပါ။

ပြီးသွားရင် Device Id လေးကို Open လိုက်ပါ။ (မှတ်ချက် Device Id ကို Open မလုပ်ခင် ဖုန်းမှာ Google Account ထဲကို Sing In လုပ်ထားပါ။ အဲဒါမှ  Device Id လေးကို Open လုပ်လိုက်တဲ့ အချိန်မှာ မှ Device Id တန်းပြီးရပါမယ်။

Download Device Id Apk From Zippyshare

Download Device Id Apk From Solidfiles

 ဒါဖြင့် ကျွန်တော်တို့ ဖြည့်စရာရှိတာကို ဖြည့်ပြီးနောက် စတင်ရှာဖွေ ဒေါင်းနိုင်ပါပြီ။ အားလုံး အဆင်ပြေကြပါစေဗျာ။ Java runtime ကိုတော့ ကိုယ့်သက်နဲ့ကိုက်ညီတဲ့ဟာကို ကိုာ့်ဘာသာသွင်းနိုင်ပါတယ်။ တခါတလေ missing plugins ဆိုပြီးဒေါင်းခိုင်းပါတယ်။ မရှိရင်ပေါ့။ flash player လိုမျိုးပါပဲ။ ခင်ဗျားမှာ Java runtime plugin တော့ရှိထားသင့်ပါတယ်။


OneKeyRoot (ဖုန်းတော်တော် များများကို root လို့ရပါတယ်)


Onekeyroot လေးက ဖုန်းတော်တော်များများကို root လုပ်လို့ရပါတယ် ။ root လုပ်လို့ရနိုင်မဲ့ ဖုန်းစာရင်းကိုအောက်မှာပေးထားပါတယ်....အမှန်အတိုင်းပြောရင်

ကျနော်တောင်မသုံးကြည့်ရသေးပါဘူး..တွေ့တွေ့ချင်းဘဲ အားလုံးကိုသုံးစေချင်တဲ့စေတနာနဲ့ တင်ပေးလိုက်တာပါ..ကျနော်လဲ ကလိပါမယ်.စိတ်ဝင်စားသူတွေလဲ

ကလိပါ..ဒါကိုကလိလို့ဆိုးကျိုးမရှိပါဘူး..အဲဒါတော့အာမခံပါတယ်..အရင်ကထက်ပိုသိလာပါလိမ့်မယ်..
ကျနော်ချစ်တဲ့ ကျနော့်ရဲ့ချစ်သော ပရိတ်သတ်ကြီး အဆင်ပြေကြပါစေခင်မျာ... :-) ( မိမိဖုန်းရဲ့ Driver ကို ကွန်ပျူတာ သိနေဖို့တော့လိုအပ်ပါမယ် )

Download One Key Root From Zippyshare


Download One Key Root From Solidfiles


Galaxy SIII (I9300,I9300T,I9305,I9308) 4.0.3-4.2.1
Galaxy Note II (N7100/N7102/N7105/N7108) 4.0.3-4.2.1
Galaxy Note 10.1 (N8000) 4.0.4-4.2.1
Galaxy SII (I9100) 2.3.3-4.0.4
Galaxy Note 2.3.5, 2.3.6,4.0.3-4.2.1
Google Nexus S 2.3.4
GT-S5820 2.3.4-2.3.6
Galaxy Ace (S5830, S5830i, S5838) 2.2.1-2.3.6
Galaxy S (I9000, I9088), Galaxy S+ (I9001) 2.1-update1 - 2.3.6
Galaxy SL (I9003) 2.2.1
GT-I9100G 2.3.5, ZNKI2
GT-I9108 2.3.4
Galaxy Gio (S5660) 2.2.1-2.3.4
Galaxy Fit (S5670) 2.2.1-2.3.4
Galaxy W (I8150) 2.3.5
GT-I9008L 2.2.2
Galaxy Mini (S5570, S5578) 2.2.1-2.3.4
SCH-i509 2.3.5
SCH-i559 2.2.1, 2.3.5
SCH-i569 2.2.2
SCH-i579 2.3.4
SCH-i809, SCH-i909 2.2.1-2.2.2
SCH-W899 2.2.1-2.2.2
SHW-M100S/M110S/M190S 2.3.4
SHW-M250L, SHW-M250S 2.3.4-2.3.5
SHV-E120S, SHV-E120L 2.3.6
Galaxy 5 (I5508) 2.2
Galaxy Tab (P1000, P1010) 2.2-2.3.4
Galaxy Player (YP-G70) 2.3.5

(Sony Ericsson)

LT15i, LT15a, MT11i, MT15i, MT15a 2.3.3-2.3.4
LT18i 2.3.4
SK17i 2.3.3-2.3.4
X10i 2.1-update1 - 2.3.3
Z1i 2.3.4
E10i, E15i, E16i 2.1-update1

MOTO

ME525 2.2.1, 2.2.2 
MB525 2.1-update1 - 2.2.2
ME525+, MB525+ 2.3.4
MB526 2.3.4, 2.3.6
MT620 2.2.2
ME722 2.2.1-2.3.4
ME811 2.3.6, 
MB860, ME860 2.3.4
ME863 2.3.5
MB855 2.3.4
XT702 2.2.1
XT316, XT319 2.3.5
XT531 2.3.4, 2.3.5
XT800, XT800+ 2.1-2.3.4
XT883 2.3.4
XT910 2.3.5-2.3.6

HTC

HTC Magic (G2) 2.2.1
HTC Hero (G3) 2.2
HTC Legend (G6) 2.2
HTC Desire (G7) 2.2-2.3.3
HTC Wildfire (G8) 2.2, 2.2.1
HTC A9191 (G10, Desire HD) 2.2-2.3.3
HTC Incredible S (G11) 2.2.1-2.3.4
HTC Desire S (G12) 2.3.3, 2.3.4
HTC A510e(G13, Wildfire S) 2.3.3, 2.3.4
HTC A510c 2.3.3
HTC Sensation (G14, Z710e) 2.3.4
HTC Salsa (G15, C510e) 2.3.3
HTC A810e (G16 ChaCha) 2.3.3-2.3.4
HTC EVO 3D (G17, X515d) 2.3.4-2.3.6
HTC Sensation XE (G18, Z715e) 2.3.4
HTC Rhyme (G20, S510b) 2.3.5
HTC T328t 2.3.4
HTC A6390 2.3
HTC A9188 2.3
HTC S610d 2.3.4
HTC Z510d 2.3.4
HTC Rezound (Vigor) 2.3.4

LG

P920 2.2.2, 2.3.5
P970 2.2-2.3.3
P350, P355 2.2-2.2.1
P500 2.2-2.3.3
P690 2.3.4
P999 2.3.3
C550 2.2.1
C660 2.3.4
E510 2.3.4

့huawei
C8812 4.0.3
T8620, T8830 4.0.3
U8500, C8500, C8500S, C8600 2.1-update1 - 2.2.2
C8550, S8520 2.2.2
C8650, C8650+ 2.3.3-2.3.5
T8100, T8300, T8600 2.2.2
U8800+ 2.2.2
U8818 4.0.3