Tuesday, June 11, 2013

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို
သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။


အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

အုန်းရည်


အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..


အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..


ကိုလက်စရောကို ကျဆင်းစေခြင်း


အစာခြေနိုင်စွမ်း မြင့်မားစေခြင်း


အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း


သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း


ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း


ဆဲလ်အသစ်များကို တိုးပွားစေခြင်း


ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း


ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း


အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း


ရောဂါများကို ခုခံကာကွယ်ပေးခြင်း


မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း


ဘက်တီးရီးယားများကို သေစေနိုင်ခြင်း


စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့
အုန်းသီးဖြစ်ပါတယ်..
အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင်
အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို
ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..


အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ်
နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့်
သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…


အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..
အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..


အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..


ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ
စားကြပါစို့နော်.... :)


Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်
Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို
အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂)
အား အထူး ကျေးဇူး တင်ရှိပါသည်။

အမျိုးသား၊ အမျိုးသမီးအားလုံး အသားအရေ လှပချောမွေ့ရန်အတွက် နေ့စဉ် လိုအပ်ချက်ငါးမျိုး


အခုခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေဟာလည်း အသားအရေ လှပအောင် ကြိုးစားလာကြပါပြီ။ အပြစ်အနာအဆာ ကင်းတဲ့ အသားအရေ အလှကို ပိုင်ဆိုင်တာက  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို တိုးစေတဲ့အတွက် အသားအရေ လှပရေးဆိုင်ရာ နေ့စဉ် အခြေခံ လိုအပ်ချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) အင်တီအောက်ဆီးဒင့်
အင်တီအောက်ဆီးဒင့်တွေက နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေသလို ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်စာနဲ့ သံလွင်ဆီတွေထဲမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်က ဆဲလ်ကောင်းတွေကို ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ လုပ်ဆောင်မှုကို တွန်းလှန်ပေးပါတယ်။ ဒီလိုနည်းနဲ့ အရေပြား ဆဲလ်တွေကို ကျန်းမာစေတာ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် နှစ်မျိုးဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့က အရေပြားကို အောက်ပါနည်းတွေနဲ့ ကျန်းမာလှပစေပါတယ်။

ဗီတာမင်စီ -  အရေပြားတင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေကို တည်ဆောက်ပေးပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပန်းသီးနဲ့ ချဉ်တဲ့ သစ်သီးတွေထဲမှာ ဗီတာမင်စီ ပါဝင်ပါတယ်။

ဗီတာမင်အီး -  ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပြီး အရေပြား ဆဲလ်အမြှေးပါးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂျုံစေ့ဆီ၊ ဗာဒံစေ့နဲ့ မြေပဲထောပတ်တွေထဲမှာ ဗီတာမင်အီး ပါဝင်ပါတယ်။ အသားအရေကို လှပစေတဲ့ အင်တီအောက်ဆီးဒင့်တွေက ဆီလီနီယမ်၊ သိုင်ယာမင်၊ ဘီတာကယ်ရိုတင်းနဲ့ ဇင့်(သွပ်)တို့ ဖြစ်ပါတယ်။

(၂) နေကာခရင်မ်
နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြား ကင်ဆာ အပါအဝင် အရေပြား အပြစ်အနာအဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား အိုမင်းမှုဖြစ်တတ်သလို အရေးကြောင်းထင်တာနဲ့ အရေပြား လျော့တွဲကျတာတို့လည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အပြင်မသွားခင် အနည်းဆုံး မိနစ် ၂ဝ အလိုမှာ နေကာခရင်မ်လိမ်းပါ။ ရေကူးရင် ဒါမှမဟုတ် ချွေးထွက်များရင် နေကာခရင်မ်ကို ထပ်မံလိမ်းပေးရပါမယ်။

(၃) မရှိမဖြစ် ဖက်တီးအက်စစ်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တချို့မှာ မရှိမဖြစ် ဖက်တီးအက်စစ် (EFA) ပါဝင်ပါတယ်။ ဒါကရေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူထားနိုင်တဲ့ အဆီဓာတ်အခြေခံ ဆဲလ်အမြှေးပါးတွေကို တည်ဆောက်ပေးလို့ပါ။ အရေပြားမှာ အဆီရှိတာကြောင့် ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်မှုနဲ့ လေထုညစ်ညမ်းမှုတို့ မဖြစ်အောင် အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းရင်၊ ရေဓာတ်ခမ်းခြောက်လွန်းရင် အရေပြားကနေ ဆီကြည်ထွက်နှုန်းများပြီး အရေပြားကို ခြောက်သွေ့တာ၊ ရောင်ရမ်းတာနဲ့ အပြစ်အနာအဆာ ထင်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ သင့်အသားအရေကို ကြည့်ကောင်းစေတဲ့ မရှိမဖြစ် ဖက်တီးအက်စစ်တွေက အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အိုမီဂါ ၆ ဖက်တီးအက်စစ်တို့ ဖြစ်ကြပါတယ်။ ကြက်၊ ဝက်၊ ဘဲ၊ ကောက်နှံစာနဲ့ ဟင်းချက်ဆီတွေထဲမှာ အိုမီဂါ ၆ ပါဝင်ပြီး ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပဲနီစေ့၊သီဟိုဠ်စေ့ တွေထဲမှာ အိုမီဂါ ၃ ပါဝင်မှု များပါတယ်။

(၄) ရေ
လူ့ခန္ဓာကိုယ်ကို ရေတွေနဲ့ တည်ဆောက်ထားပါတယ်။ ရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်ရှိစေသလို ဆဲလ်တွေထဲကို အာဟာရဓာတ်တွေစုပ်ယူရရှိဖို့နဲ့ အစာခြေစနစ်ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ အသက်ရှူထုတ်တာနဲ့ ချွေးထွက်တာတို့လို ခန္ဓာကိုယ်ရဲ့ အခြေခံ လုပ်ငန်းဆောင်တာတွေကြောင့် ဆဲလ်တွေထဲက ရေထွက်ရှိသွားတတ်ပါတယ်။ ဒီလိုဆုံးရှုံးသွားတဲ့ ရေတွေအစား ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရေများများ ပြန်လည် သောက်ပေးရပါမယ်။ ရေအလုံအလောက်မရှိရင် ရေဓာတ်ခန်းခြောက်တာနဲ့ အဖုအပိမ့် ထွက်တာတို့လို အသားအရေ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ရေဟာ အရေပြားဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အရေပြားကို စိုပြည်တင်းရင်းစေပါတယ်။ ဒီလို အရေပြား လှပဖို့အတွက် တစ်နေ့ အနည်းဆုံး ရေရှစ်ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

(၅) မျက်နှာသစ်ဆပ်ပြာ
စနစ်တကျသန့်စင်တာက အသားအရေ ထိန်းသိမ်းမှုအတွက် အခြေခံနည်း တစ်ရပ်ဖြစ်ပါတယ်။ အရေပြားကို သန့်စင်ပေးတာကြောင့် ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေ၊ ချွေးပေါက်ပိတ်စေတဲ့ အဆီတွေကို ကင်းစင်စေရုံသာမက သန့်စင်ထားတဲ့ အရေပြားထဲ အစိုဓာတ်ထိန်းခရင်မ်နဲ့ နေကာခရင်မ်စတဲ့ အလှကုန်တွေ လိမ်းရင် ပါဝင်ပစ္စည်းတွေက အရေပြားအတွင်းထဲအထိ ရောက်ရှိသွားနိုင်ပါတယ်။ မျက်နှာသစ်ဆပ်ပြာ ရွေးချယ်ရာမှာ အသားအရေ အမျိုးအစားကို အခြေခံပြီး ရွေးချယ်ရပါမယ်။ အလွန်ခြောက်သွေ့တဲ့ အရေပြားအတွက် ခရင်မ်အမျိုးအစား သန့်စင်ဆပ်ပြာ၊ ခြောက်သွေ့တဲ့၊ ထိခိုက်လွယ်တဲ့ အရေပြားအတွက် အယ်လ်ကိုဟောမပါတဲ့ သန့်စင်ဆပ်ပြာ၊ အဆီပြန်တဲ့ အရေပြားအတွက် ဝက်ခြံကင်းစေတဲ့ သန့်စင်ဆပ်ပြာတို့ကို ရွေးချယ်ပြီး သုံးသင့်ပါတယ်။ မျက်နှာသန့်စင်ဆေး လိမ်းပြီး အနည်းဆုံး စက္ကန့် ၂၀ ခန့် ထားကာ နှိပ်နယ်ပြီးမှ ရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

ဇွန်

facebook သုံးသူတွေ သိသင့် တဲ့ အချက် (၈) ချက်....


(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List

 ကို တွေ့ ရမှာပါ။

အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ

 သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ

များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။အဲဒီ

Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag

ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။



(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က

Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To

Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါမြင်စေ

ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့်ကြိုက်ရာတစ်ခုခု

လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။



(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက

Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို

ရှာတွေ့ မှာပါ။



(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီးသင့်

Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software

တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။



(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One”

လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု

စိတ်ကြိုက်ရွေးလိုက်ပေါ့။



(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့

အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။

ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

Window Shutdown ပြသနာဖြစ်နေသူများအတွက် ဖြေရှင်းနည်း


သာမန်အားဖြင့် Window ပြန်တင်လိုက်ရင်ကျိန်းသေပြန်ကောင်းမှာပါ။အော်..ဒါတော့ သူပြောမှလား..။
ပြောပြမယ်နော်…………..ကလိနည်းလေး။
Virus ကိုက်သွားတဲ့အခါ၊မီးအားအတက်အကျမမှန်တဲ့အခါ၊အသုံးပြုသူရဲ့မကျွမ်းကျင်မှု..စသဖြင့်
Computer Shutdown လုပ်တဲ့အခါမှာ တန်းပိတ်မသွားဘဲ..Error တွေတက်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ
ကွန်ပျူတာပိတ်လိုက်တဲ့အခါမှာ လုံးဝပိတ်မသွားတော့ဘဲ Window is Shutting Down ဆိုတဲ့နေရာမှာဘဲတစ်နေ
တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရပြီဆိုရင်တော့ Window ကို Repair လုပ်၊ ဒါမှမဟုတ်မဟုတ်ရင်
CD-ROM မှာ WindowXP CD ကိုထည့် ပြီးရင် Run Box မှာ sfc /scannow လို့ရိုက်ထည့်လိုက်ပါ။ Window
System ဖိုင်တွေကို စစ်ဆေးပြီးပြန်လည်ပြုပြင်ပေးသွားမှာပါ။ အဲဒီ နည်းတွေနဲ့လည်း Shutdown ပိတ်တာကြာတဲ့ပြသနာကိုဖြေရှင်းနိုင်ပါတယ်။
နောက်တစ်နည်းကတော့Shutdown Shortcut တစ်ခုကို Desktop ပေါ်မှာဖန်တီးပြီး ကွန်ပျူတာကို အမြန်ပိတ်မှာပါပထမဆုံးအနေနဲ့ Desktop ရဲ့လွတ်နေတဲ့တစ်နေရာမှာ Right Click ထောက်..New>Shortcut ဆိုတာကိုကလစ်
လိုက်ပါ။ Create Shortcut ဆိုတဲ့ Box တစ်ခုပေါ်လာပါမယ်။ အဲဒီ Box ထဲမှာ Shutdown.exe –s –t 0 ဆိုပြီးရိုက်
စနစ်တကျရိုက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လဲ..ကျွန်တော် ရေးပြထားတဲ့ စာသားကိုကော်ပီကူးယူပြီးထည့်
လိုက်ပါ။ ထည့်ပြီးရင် Next>Finish ဆိုပြီးလုပ်လိုက်တာနဲ့..Desktop ပေါ်မှာ Shutdown Shortcut လေးတစ်ခု
ပေါ်လာမှာပါ။ အဲဒီ ဖိုင်လေးကို ကလစ်လိုက်ရုံနဲ့ ဘာပြသနာမှ မရှိတော့ဘဲ ကွန်ပျူတာအမြန်ပိတ်သွားမှာပါခင်ဗျာ

( ဒီနေရာမှာ Shutdown နဲ့ပတ်သက်လို့နည်းနည်းရှင်းပြပါမယ်)။ ကျွန်တော်တို့ပုံမှန်ပိတ်နေ
ကျ Start မှာရှိတဲ့ Shutdown ဟာပိတ်တဲ့အခါမှာ ၀င်းဒိုးစ်ရဲ့စနစ်ဖိုင်တွေကိုတစ်ခုခြင်း လိုက်ပိတ်ပြီးမှ မော်နီတာပိတ်သွားတာပါ။ အဲဒီလိုမျိုးလိုက်ပိတ်တဲ့အခါမှာ စနစ်ဖိုင်တစ်ဖိုင်ပျောက်ဆုံးနေရင် ဒါမှမဟုတ် ဖိုင်တစ်ဖိုင်ကိုလုံးဝ
မပိတ်နိုင်တော့တဲ့အခါမှာ ရပ်နေပါတော့တယ်။အဲဒီအခါမှာ CPU ရဲ့ပါဝါခလုပ်ကို နှိပ်ထားလိုက်ရင် မော်နီတာပိတ်သွားပါမယ်။ဖြစ်လာခဲ့ရင်လဲ ပိတ်နည်းက အဲဒီနည်းဘဲရှိပါတယ်။ဒါအလုပ်မဟုတ်ပါဘူး..ရေရှည်မှာ စက်ရဲ့အစိတ်အပိုင်းများကိုထိခိုက်တော့မှာဖြစ်ပါတယ်။ကျွန်တော်ပြောပြထားတဲ့ Shortcut ဖန်တီးလိုက်ခြင်းသည်စက်ရဲ့ဘယ်စနစ်ဖိုင်ကိုမှတစ်ခုခြင်းလိုက်ပိတ်နေခြင်းမဟုတ်ဘဲ..တစ်ခါတည်း
ဘာကိုမှမ
စောင့်ဘဲ အမြန်ပိတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။အခု အညာသားလေးပြောပြတဲ့နည်းက Shutdown Problem ဖြစ်နေတဲ့စက်များအတွက်သာရည်ရွယ်ပါတယ်။ ဘာမှမဖြစ်တဲ့စက်များ ပြုလုပ်ရန်မသင့်ပါ။ Shutdown မြန်အောင်လုပ်နည်း..နည်းလမ်းများစွာရှိပါတယ်။အဆင်မပြေရင်လဲပြောပြပေးပါ။အားလုံးအတွက်အဆင်ပြေမယ့်နည်းလမ်း
လေးကိုရွေးချယ်ပြီးဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ..အားလုံး သီးခံပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်
ပါတယ်..။

ကဲ..အခုနောက်ထပ် Shutdown Problem ဖြေရှင်းတဲ့နည်း ဒါမှမဟုတ် Shutdown မြန်မြန်ပိတ်တဲ့နည်းလမ်းတွေ
ကိုထပ်မံပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ……..။ ပိတ်တဲ့အခါမြန်ချင်ရင်..နည်းလမ်း(၁)
Start>Run (Box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_LOCAL_MACHINE \ System \ Current ControlSet \ Control ဖိုလ်ဒါသို့အဆင့်ဆင့်ဝင်ပါ။ Control ကိုကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ Wait ToKillServiceTimeout ကိုကလစ်နှစ်ချက်နှိပ်ပါ။ သို့မဟုတ် ၄င်းစာသားပေါ်သို့မောက်စ်ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data: ကို 20000 လို့ပြထားတာ တွေ့ရပါမယ်။ ၄င်းကို
5000 သို့မဟုတ် 1000 သို့မဟုတ် နှစ်သက်သလို ပြင်ပေးလိုက်ပါ။ ပြီးရင် registry ကို Exit ပေးပြီး ကွန်ပျူတာကို
Restart လုပ်လိုက်ပါ။

နည်းလမ်း(၂)—Start>Run (box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_CURRENT_USER \Control Panel\Desktop ကို ကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ AutoEndTasks (Key) ကို ကလစ်နှစ်ချက်နှိပ်ပါ။
သို့မဟုတ် ၄င်းစာသားပေါ်သို့ မောက်စ် ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data:0 ကို 1 သို့ပြောင်းပါ။ ပြီးရင် ထုံးစံအတိုင်း Computer ကို Restart ချလိုက်ပါ။

နည်းလမ်း(၃)--ကွန်ပျူတာကို ပိတ်လိုက်ပေမယ့် နောက်ခံမှာ ဆော့ဖ်ဝဲတစ်ခုခုက Run နေဆဲဖြစ်နေတတ်ပါတယ်။
Start/Run ကိုဖွင့်လို့ရရင် သို့မဟုတ် ကွန်ပျူတာကို Restart ခလုပ်ပြန် နှိပ်ပြီး Start/Run (box) မှာ msconfig
လို့ရိုက်ထည့်ပါ။ Services မှာ ကိုယ်မဖွင့်ရပါဘဲနဲ့ အလုပ်လုပ်နေ (Running) ဖြစ်နေတဲ့ဆော့ဖ်ဝဲများကို တွေ့ရ
ပါမယ်။ ထို့အတူ Start-up မှာလည်း ၀င်စစ်ကြည့်ပါ။ ၄င်းမှ မလိုအပ်တဲ့ အလုပ်များကို Disabled သို့မဟုတ်
Stopped လုပ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်မသိဘဲ နောက်ခံမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲ (လုပ်ငန်း)များကြောင့် ကွန်ပျူတာကို ပိတ်ဖို့ရာ အချိန်ဆွဲနေသလိုဖြစ်နေတတ်ပါတယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲ များစွာသုံးထားပြီး space နေရာကလည်း အလွန်နည်းနေတယ်ဆိုရင် ကွန်ပျူတာပိတ်တဲ့အခါ ၄င်းတို့ကို settings များကိုSave လုပ်နေရလို့ကြာတာလည်းဖြစ်နိုင်ပါတယ်။

နည်းလမ်း(၄)--ကွန်ပျူတာကိုမပိတ်ခင် Crtl+Alt+Del ကိုနှိပ်ပြီး Task Manager ကိုဖွင့်ပါ။ Applications မှာအလုပ်လုပ်(Run)နေတဲ့ လုပ်ငန်းများတွေ့ရင် shutdown လုပ်ပိတ်လိုက်ပါ။ ပြီးမှ ကွန်ပျူတာကို ပိတ်ပါ။

နည်းလမ်း(၅)--ကွန်ပျူတာမှာ Virus, Malware , Spyware စသည်ရှိနေရင်လည်း စနစ်ကို ပုံမှန်ဖြစ်အောင် မလုပ်
ဆောင်နိုင်လို့ ပိတ်ရာတွင် ကြာနေခြင်းလည်းဖြစ်နိုင်ပါတယ်။ ၄င်းအတွက် ဗိုင်းရပ်စ် ရှင်းလင်းခြင်းနဲ့အတူ Malware Spyware remover, registry cleaner, disk optimizers, windows update စသည့် လုပ်ငန်းစဉ်များ
ကိုပြုလုပ်ကြည့်ပါ။ အဆိုပါ လုပ်ငန်းများကိုအထောက်အကူပြုစေရန်http://mmithelper.blogspot.com/2013/03/jetclean-pro-140-full-version-4-mb.htmlများ...www.ccleaner.com များကိုဖွင့်ပြီး လိုအပ်တဲ့ ဆော့ဖ်ဝဲများကို ရယူအသုံးပြုကြည့်ပါ..။


နည်းလမ်း(၆)—CD Drive မှာ ၀င်းဒိုးစ်စီဒီထည့်ထားပြီး Start>Run(box) မှာ sfc /scannow လို့ရိုက်ထည့်ပါ။
Sfc နဲ့ / ကြားမှာ space တစ်ချက်ခံပါတယ်။ CD Drive မှာ ၀င်းဒိုးစ်စီဒီမရှိရင် တောင်းပါလိမ့်မယ်။ ၄င်းသည်
ကွန်ပျူတာမှာ ပြသနာရှိနေတယ်ဆိုရင် စစ်ပြီးပြင်ပေးပါလိမ့်မယ် ။ အချိန်အနည်းအငယ်တော့ကြာပါတယ်။
လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်..မည်သူမဆို အသုံးပြုနိုင်ပါတယ်။ ယခု နည်းလမ်းသည် ကွန်ပျူတာတွင် အခြားသော ပြသနာရပ်အချို့ကိုလည်း အလိုလို စစ်ဆေးပြီးပြင်ဆင်ပေးနိုင်ပါတယ်။ လုပ်ကြည့်ပါ။


နည်းလမ်း(၇)—အခု ကျွန်တော် Shutdown နဲ့ပတ်သက်တဲ့ Command များအကြောင်းကို ဗဟုသုတအနေနဲ့ ရှင်းပြပေးပါမယ်……………..။
Shutdown shortcut ခလုတ်တစ်ခုကိုတည်ဆောက်ပါမယ်။ Desktop တစ်နေရာမှာ မောက်စ် ညာကလစ် နှိပ်ပါ။ New ကနေ Shortcut ကိုရွေးချယ်ပါ။ Create Shortcut (box) ပေါ်လာပါမယ်။ အဲဒီ box ရဲ့
Type the location of the item မှာ Shutdown –s လို့ရိုက်ထည့်ပါ။ အမည်တစ်ခုခုပေးပါ။ Restart ပြန်လုပ်ရင်
Shutdown –r လို့ရိုက်ပါ။ အမည်ကို Reboot သို့မဟုတ် Restart လို့ပေးနိုင်ပါတယ်။

Shutdown –f လို့ရိုက်ထည့်မယ်ဆိုရင် ၄င်းသည် ဖွင့်ထားတဲ့ ၊ အလုပ်လုပ်နေတဲ့ အခြားဆော့ဖ်ဝ်နဲ့ လုပ်ငန်းများကို ထည့်မစဉ်းစားဘဲအတင်းပိတ်ပေးပါလိမ့်မယ်။

shutdown –l ဆိုရင် လက်ရှိ User အတွက် logoff လုပ်ပေးပါမယ်……….။

shutdown –t nn သည် သတ်မှတ်ပေးတဲ့ အချိန်စက္ကန့်ကိုစောင့်ဆိုင်းပေးပါမယ်..။ nn နေရာမှာ စက္ကန့်ကို ထည့်ပေးပါ။

Shutdown –c “message” သည် သင်ပြလိုတဲ့သတင်းစာသားတစ်ခုခုကို System Shutdown Windows မှာ ပြပေးမှာဖြစ်ပြီး ၄င်းအတွက် စာလုံးရေ ၁၂၇လုံး အထိရိုက်ပေးနိုင်ပါတယ်။ ဘေးက Quotation marts ခံပေးပါ။

Shutdown –r –m //152.152.152.152 (ip address) ဆိုရင် အဲဒီ ip address ရှိတဲ့ ကွန်ပျူတာကို ပိတ်ပြီး restart ပြန်လုပ်စေမှာပါ။ Shutdown –i ဆိုရင်တော့ server နဲ့ ၄င်း work Station များကို ပိတ်ပြီး restart ပြန်လုပ်စေပါတယ်။ အချို့က လုံးဝပိတ်ဖို့ရာ shutdown –s –t 04 –c လို့ရိုက်ကြပါတယ်။

Reboot (or) Restart အတွက် shutdown –r –t 04 –c လို့ရိုက်ပြီး shortcut တည်ဆောက်ကြပါတယ်။ အချို့က ပိတ်ဖို့ရာ shutdown –s –t 01 လို့ရိုက်ပြီး Reboot အတွက် shutdown –r –t 01 လို့ရိုက်ကြပါတယ်။
Shutdown –s –t 1500 ဆိုရင်တော့ ကွန်ပျူတာက ချက်ချင်း shutdown မကျဘဲ နာရီဝက်ကြာမှ ကျသွားပါလိမ့်မယ်။ Shutdown Timer ပေးတဲ့နည်းလို့လဲပြောလို့ရပါတယ်။ ဘာမှမထိခိုက်စေတဲ့ နည်းလေးပါ။
1500 သည် မိနစ် ၃၀(နာရီဝက်) နဲ့ညီပါတယ်။ ကိုယ်လိုသလောက် အချိန်ပြောင်းလို့ရပါတယ်..။
အထက်ပါအချက်အလက်များအတွက် Start>Run (box) မှာ shutdown.exe လို့ရိုက်ထည့်ကြည့်ပါ။ ပိတ်တဲ့
Command များကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ..။ နောက်ဆုံးအနေနဲ့ Super Fast Shutdown, Shutdown TimerXP,
JOC Master Shutdown, Auto Shutdown Genius, HSLAB Free Force Down ကဲ့
သို့ ဆော့ဝ်များကို အင်တာ
နက်မှာ ရိုက်ထည့်ပြီး ရှာဖွေကာ ဒေါင်းလွတ်ဆွဲပြီးသုံးကြည့်ပါ……..။

INTERNET DOWNLOAD MANAGER 6.16 BUILD 1 FINAL WITH PATCH



ဒီနေ့ IDM ရဲ့ update လေးထပ်ထွက်လာလို့ အချိန်မီ ပြန်လည်မျှဝေလိုက်ပါတယ်

ဒီတခါတော့ uninstall မလုပ်တက်တဲ့ သူနဲ့ patch မချိုးတက်တဲ့ လူတွေ

အားလုံးအတွက် တခါတည်း ပုံလေးတွေနဲ့ ပြပေးထားတယ်

မသိသေးတဲ့ ညီငယ်လေးတွေနဲ့ မသုံးဖူးတဲ့ ဘော်ဘော်တွေအတွက်

ရည်ရွယ်ပါတယ် ခင်ဗျာ သိပြီးသား ညီအကိုတွေကတော့ ပုံတွေ ကျော်သွားပြီးတော့

update လေးကိုပဲ ဒေါင်းသွားလိုက်ပါ ခင်ဗျာ မသိသေးတဲ့ ဘော်ဘော်တွေကတော့

အောက်မှာဆက်လေ့လာသင့်တယ်လို့ ထင်ပါတယ် မလုပ်တက်ဘူးလို့ အော်နေမယ့် အစား

နဲနဲလောက်ဖြစ်ဖြစ် သိသွားအောင်တော့ ကြိုးစားကြည့်ပါ

လိုအပ်နေတာလေးတွေရှိရင်လည်း ကျနော်ကို ပြောခဲ့ပါ ခင်ဗျ

ကျနော်သိသလောက်ကို ပြန်လည်မျှဝေခြင်းသက်သက်ပါ .


၁။ uninstall လုပ်ဖို့ start menu ကို နှိပ်ပြီး  IDM လေးကိုရှာလိုက်ပါ

အောက်က ပုံအတိုင်းတွေ့ရင် လိုက်လုပ်ပေးပါ Uninstall IDM ကိုနှိပ်လိုက်ပါ
၂။ ဒီနေရာလေးကလည်း အရေးကြီးပါတယ် Full ဆိုတာလေး ကို အမှတ်ပေးပြီးတော့

အောက်က Next ကို နှိပ်ပြီး ရှေ့ဆက်သွားပါ
၃။ Next ကိုပဲဆက်နှိပ်သွားပါ နောက်ဆုံရောက်ရင် Finish ကိုတွေ့မှာပါ

နှိပ်လိုက်ပါ
၎။ အောက်ကပုံကတော့ Finish ကို နှိပ်လိုက်ရင် ကွန်ပြူတာကို Restart ချပေးရပါမယ်

OK ကို နှိပ်ပြီးတော့ Restart ပေးလိုက်ပါ စက်ထဲမှာ ရှိသမျှ IDM ကိုဖြုတ်မှာပါ
 ၅။ ကွန်ပြူတာ Reboot ပြန်တက်လာတဲ့ အခါ မှာ မိမိဒေါင်းထားတဲ့ IDM exe ဖိုင်ရှိရာကို

သွားပြီးတော့ install လုပ်ရပါမယ်

၆။ ဒီမှာလည်း Next ကိုပဲ ဆက်နှိပ်ပြီးတော့ သွားလိုက်ပါ
၇။အောက်မှာပြထားတဲ့အတိုင်း OK နှိပ်ပြီးသွားပါ
၈။ကြက်ခြေခက်ကိုနှိပ်လိုက်ပြီးတော့ ထွက်လိုက်ပါ
၉။ အိုကေ အခု့ Patch ချိုးဖို့ စမယ်နော်။ သုံးနေတဲ့ Antivirus ကို ခဏ ပိတ်ထားပေးလိုက်ပါ

Patch ကို Virus ဆိုပီး အဖွင့်မခံပဲနေမှာစိုးလို့ပါ

 ဒီလို Start Menu ကနေ ရှာတာဆိုရင်Open File Location ဖွင့်ဖို့ ဒီလိုသွားပါ
အဲလိုမဟုတ်ပဲ Desktop Icon ကနေသွားမယ်ဆိုရင်အောက်မှာပြထားတဲ့

အတိုင်းသွားပါ IDM ပုံလေးကို Right Click နှိပ် ပြီးတော့ Open File Location ကိုရွေးပေးလိုက်ပါ
အပေါ်က ၂ နည်းစလုံးဟာ အောက်မှာ ပြထားတဲ့

IDM ရှိတဲ့နေရာကို ရောက်မှာဖြစ်ပါတယ်
၁၀ ။အပေါ်ကအတိုင်း ဖွင့်ထားပြီးပြီဆိုရင်  Patch ဖိုင်ကို ကျနော်တို့သွားယူကြမယ်

ပုံထဲက စာအတိုင်းလုပ်လိုက်ပါ

၁၁။အာက်ကပြထားတဲ့ အတိုင်း Patch File လေး ကို  Ctrl + C နဲ့ copy ယူလိုက်ပါ
၁၂။ အခု့န ကော်ပီ ယူလာတဲ့ ဖိုင်လေးကို IDM ရှိတဲ့ စောစော က ဖိုင်ဆီကို သွားပြီး

Ctrl + V ကိုနှိပ်ပြီးတော့ Paste ကို ချလိုက်ပါ။ချလိုက်ရင် အောက်မှာပြတဲ့အတိုင်း

Permission တောင်းမှာပါ Continue ကို နှိပ်ပြီးတော့ ဆက်သွားပါ
၁၃။အဲလိုနှိပ်လိုက်ရင် အောက်မှာပြထားတဲ့ အတိုင်း မျက်မှန်လေးနဲ့ Patch လေး ပေါ်လာပါလိမ့်မယ်

ဒါက IDM အတွက်ပုံလေးပါ တချို့ Patch တွေကျတော့ မတူပါဘူး ပုံအမျိုးရှိပါတယ်
၁၄။မျက်မှန်လေးနဲ့ Patch လေးကို Right Click နှိပ်ပြီးတော့

Run as administrator နဲ့ run ပေးလိုက်ပါ

 ၁၅။အောက်မှာပြထားတဲ့အတိုင်းလေးပေါ်လာမယ်

Patch ကို နှိပ်ပေးလိုက်ပါ
 ၁၆။ လိုင်စင်ပေးဖို့ နာမည်တောင်းပါတယ်ကြိုက်တဲ့နာမည်ပေးပါ နာမည်ရဲ့ ပထမ စာလုံးကိုထည့်လိုက်ပါ

ကျနော် နာမည် နဲ့ အရင် ထည့်ပြမယ်နော်
၁၇။ဒီမှာ က နောက်က စာလုံးကိုဖြည့်ပေးရမယ်

၁၈။နာမည်နောက်စာလုံးကိုဖြည့်လိုက်တာနဲ့ Patch ချိုးတာ ဟာပြီးသွားပါပြီ ခင်ဗျာ
အောက်မှာ လိုင်စင်ပေးထားတာလေးကိုလည်းကြည့်လိုက်ပါအုံး
ကဲ ဒီမှာတင် Patch ချိုးတာက ပြီးသွားပြီ ခင်ဗျာ

အားလုံးလည်း သဘောပေါက်မယ်လို့ထင်ပါတယ် ခင်ဗျာ ဒီအထိ ဖတ်လာတဲ့အတွက်လည်း

ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ

သိသလောက်လေးကိုပြန်လည်မျှဝေတဲ့အတွက် လိုအပ်နေတာများ ရှိရင် စိတ်မဆိုးပဲ

လမ်းညွှန်ပြသပေးဖို့ လည်းတောင်းဆိုပါတယ် ခင်ဗျာ

NTERNET DOWNLOAD MANAGER 6.16 BUILD 1 FINAL WITH PATCH ဒေါင်းရန်


Link 1

 

Link 2