Monday, July 22, 2013

Your Uninstaller! PRO v7.5 For Windows XP/7/8


Your Uninstalle အသုံးပြုသူတွေအတွက်Update လေးတွေ့လို့  ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ
သူကတော့ တော်တော်တော်များသိကြမှာပါ   မလိုအပ်တဲ့ ပရိုဂရမ်တွေကို ဖြုတ်တဲ့နေရာမှာအသုံးပြုပါတယ်
ကျွန်တော်အကြိုက်ဆုံးပါဘဲ သူက ကလစ်တစ်ချက်ထဲနဲ့ ကိုယ်ကြိုက်တာ ဖြုတ်လို့ရပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download>>>zippyshare(or)mirrorcreator
Download From Google Drive 

Install လုပ်တဲ့အချိန်ကစပြီး လိုင်စင်ထည့်တဲ့အချိန်ထိ အင်တာနက်လေးပိတ်ထားပါ
Google Drive မှ ဒေါင်းရန်----> File မှ Download Click 

From: အမျိုးကောင်းသား

Lucky Patcher v3.4.5 Apk


 မိမိဖုန်းက Lucky Patcher က 3.4.5 ဗားရှင်းမဟုတ်ရင် ထည့်သွင်းနိုင်ပါတယ် Update လေးပါ
ဒါကိုတော့ တော်တော်များများသိမှာ Android App တွေ ဂိမ်းတွေ လိုင်စင်တောင်းတဲ့အခါ
လိုင်စင်မတောင်းရအောင်လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ ပြီးတော့ Free App တွေ ဂိမ်းတွေ ဖုန်းထဲမှာထည့်ထားပြီး အသုံးပြုတဲ့အခါ ကြော်ငြာတွေ တွေ့ဖူးမှာပါ ဖျက်လိုက်လည်း
App ဂိမ်း တွေကို ပြန်ဖွင့်ရင် ဖုန်းမျက်နှာပြင်မှာ ပြန်ပေါ်လာပါတယ် အဲဒါတွေကို ဖြုတ်ပေးနိုင်ပါတယ်
အခြားလုပ်ဆောင်ချက်တွေလည်းရှိပါတယ်
အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိုင်ပါတယ်

အောက်မှ ဗီဒီယိုလင့်မှာအသုံးပြုပုံကိုလေ့လာနိုင်ပါတယ်ခင်ဗျာ 

Lucky Patcher v3.4.5 ကို အသုံးပြုဖို့အတွက် ဖုန်းက Root လုပ်ပီးသားဖြစ်ရပါမယ်

အမျိုးကောင်းသား

Android ဖုန်းတွေအတွက် မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ထွက်ရှိ



Android အမျိုးအစားဖုန်းများတွင် Android 2.0 မှ 4.0 ဖုန်းများတွင် မြန်မာစာထည့်သွင်းရာတွင် ဖတ်ရှုရ ၊ စာရိုက်ရအဆင်ပြေခဲ့သော်လည်း Android 4.1 နှင့်အထက်ဖုန်းများတွင် မြန်မာစာဖတ်ရှုရ စာရိုက်ရ အဆင်မပြေခြင်း ၊ စာလုံးများရှေ့နောက်လွဲခြင်း စသည့် error အနည်းငယ်ရှိခဲ့ပါသည်။

ယခုအခါ Android 4.1 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် ဆော့ဝဲကို မြန်မာ Developer တစ်ဦးကရေးသားထုတ်ဝေလိုက်ပြီဖြစ်သည်။ ယင်း ဆော့ဝဲအားရေးသားခဲ့သူ ကိုကျော်စွာသွင် နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Smart Zawgyi ဆိုတာ ဘာလဲလို့ မေးမြန်းခဲ့တဲ့အခါ။

“Smart Zawgyi ကအားလုံးပိုင်တဲ့ Font တစ်ခုပါ။ Zawgyi.net နဲ့ Alpha Mandalay ကဖန်တီးခဲ့တဲ့ Zawgyi ကိုပြန်လည်မွန်းမံထားတာပါ ။
4.2.2 တွေမှာ Unicode Rendering ရလာတော့လဲ Zawgyi font ကမရတော့ဘူးလေ
ကျွန်တော်တို့အများဆုံးသုံးတာက Zawgyi ဆိုတော့ Zawgyi ကိုသုံးချင်တဲ့သူတွေက Zawgyi ကိုသုံး
Unicode ကိုသုံးချင်တဲ့သူတွေက ပုံမှန်အတိုင်းသုံးဖို့အတွက်ပါ “ လို့ဆိုပါတယ်။
ရိုးရိုး ဇော်ဂျီဖောင့်နဲ့ Smart Zawyi နဲ့ဘယ်လိုကွာခြားချက်ရှိလဲလို့ မေးမြန်းတဲ့အခါ

“အခု Release လုပ်လိုက်တဲ့ ကောင်ကတော့ အရင် Zawgyi အတိုင်းအလုပ်လုပ်တဲ့ ကောင်ပါ Rendering မှန်နေတဲ့ ဖုန်းတွေမှာမြန်မာစာအမှန်မြင်ရအောင်ပါ” လို့ ကိုကျော်စွာသွင်က ပြောပါတယ်။

မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုဘယ် Android version တွေအတွက်အသုံးပြုနိုင်မလဲဆိုတာနဲ့ ဖုန်းအမျိုးအစားဘယ်နှမျိုးလောက်ကို မြန်မာစာမှန်ကန်စေပါမလဲ ဆိုတဲ့ မေးမြန်းချက်အပေါ် ကိုကျော်စွာသွင်က

“Android 4.2.2 သုံးထားတဲ့ နောက်ပိုင်း Android ဖုန်း အားလုံးနီးပါး မြန်မာစာရေးရဖတ်ရမှန်ပါလိမ့်မယ်”  လို့ ကိုကျော်စွာသွင်က ဆိုပါတယ်။

အခုထွက်ရှိလာတဲ့ Smart Zawgyi Tool ကို Myanmar Mobile App Store မှာ download ရယူနိင်ရန် တင်ပေးထားပါတယ်။ နောက်ထပ် Smart Zawgyi Tool ကို မိုဘိုင်းဗားရှင်းဆော့ဝဲအနေနဲ့ထွက်ရှိုရန် အစီစဉ်ရှိမရှိကို မေးမြန်းတဲ့အခါ


“APK နဲ့ရော Windows Installer ကောပါ Windows အတွက်တော့ CGI အစား GUI နဲ့ထုတ်ပါ့မယ်… CWM တင်ထားတဲ့သူတွေအတွက် Zip ကိုလဲထုတ်ပါ့မယ်။ Open Source အနေနဲ့ထုတ်မှာပါ ။” လို့ ကိုကျော်စွာသွင်က ဖြေပါတယ်။

Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးတဲ့ Tool ကိုရေးသားခဲ့တဲ့ ကိုကျော်စွာသွင်ကို Myanmar Mobile App Store မှ မိုဘိုင်း အသုံးပြုသူ များကိုယ်စားကျေးဇူး အထူးပင်တင်ရှိပါတယ်။ Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုအောက်က link မှာရယူနိုင်ပါတယ်။

Smart Zawgyi Tool အားရယူရန်
From: Google Drive 

Smart Zawgyi ဆော့ဝဲအသုံးပြုနည်းကိုတော့ ကိုကျော်စွာသွင်က

“ဖုန်းကို ကွန်ပျူတာမှာ တပ်၊ ဖုန်းရဲ့ USB Debugging ကို Enable လုပ်၊ အခုပေးထားတဲ့ Rar လေးကိုဖြည်ပြီး အထဲက install.bat လေးကို Run လိုက်ရုံပါပဲ” လို့ကျော်စွာသွင်က ရှင်းပြပါတယ်။
အခုလို မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ကိုကျော်စွာသွင်ကို Myanmar Mobile App မှကျေးဇူးအထူးပင်တင်ရှိပါတယ်။

From: Myanmar Mobile App

Samsung Android ဖုန်းများအတွက် Pattern or Pin Lock ဖြုတ်နည်း




Samsung Android ဖန်းကို Wifiမလို Gmail လည်းထည့်စရာမလိုပဲ

Pattern or Pin Lock ဖြုတ်လို့ ရတဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်...

Pattern or Pin Lock ကိုဖြုတ်ဖို့ အတွက်အဆင့်သုံးဆင့်လိုပါတယ်။

(၁) Lock ကျနေသောဖုန်းကိုအရင်ဆုံးဓာတ်ခဲကိုချွတ်ရပါမယ်...

(၂)ဖြုတ်ထားသောဓာတ်ခဲကိုပြန်တပ်ပြီး Power,Volume key နှင့်အလည်မှနှိပ်စေ့လေးကိုပြိုင်

တူဖိထားလိုက်ပါ...ခဏအကြာတွင် Screen ပေါ်တွင် English စာကြောင်းများပေါ်လာလိမ့်မည်

အဲ့စာကြောင်းများထဲမှReset all ကိုနှိပ်လိုက်ပါ..ခဏတွင်ဖုန်း ပိတ်သွားပါလိမ့်မယ်..ပြန်ပွင့်

လာလို့ ရှိရင် Lock အားလုံး ပြုတ်သွားပါပြီ..နဂိုတိုင်းသုံးလို့ လိုရသွားပါလိမ့်မယ်..

(၃)မြန်မာဖောင့်နှင့်အခြား Apk များကိုတော့ပြန်ထည့်ပေးရန်လိုပါသည်...

အထူးလေးစားလျှက်

လမင်းမြတ်(TCK)