Tuesday, June 25, 2013

Facebook ကို Google Reader အဖြစ် အစားထိုးမည်ဟု သတင်းများထွက်ပေါ်



အကြီးဆုံး Social Network တစ်ခုဖြစ်သော Facebook သည် Google Reader အဖြစ် အစားထိုးမည်ဟု သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် Google Reader ကို ဖျက်သိမ်းကြောင်း Google မှ ကြေငြာပြီး နောက်ပိုင်း Google Reader နေရာတွင် အစားထိုးမည့် ကိစ္စနှင့်ပတ်သက်၍ Google မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

စကော့တလန်လူမျိုး Developer တစ်ဦးဖြစ်သော Tom Washington က “Facebook ပေါ်မှာရှိတဲ့ RSS Code တွေထဲမှာ Google မှာရှိတဲ့ RSS Code တွေ အနည်းနဲ့အများ ဆိုသလို ပါဝင်နေတာ တွေ့ရတယ်။ ဒီတော့ RSS Code တွေကို လင့်ချိတ်ပေးပြီး နောက်ထပ် Reader Clone တစ်ခု ဖန်တီးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ Facebook မှ အဆိုပါ သတင်းများ ထွက်ပေါ်မှုကို မည်သို့မျှ တုံ့ပြန်ခြင်း မပြုသေးကြောင်း သိရသည်။ Facebook မှ New Feed များကို Reader ဖြင့် လင့်ချိတ်ဆက်၍ အသုံးပြုနိုင်မည်ဆိုလျှင် Facebook ပေါ်ရှိ အသုံးပြုသူများအနေဖြင့် ကုန်ပစ္စည်းများကို Reader ပေါ်တွင် အခကြေးငွေပေး၍ ကြော်ငြာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref;PC Mag
Ref & Credit to Smart Pro Journal
From: Myanmar Mobile

Apple iOS 7 အသစ်မှာ Android ရဲ့ Features အမြောက်အများကို ကူးယူထားသလား



လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကတည်းကပဲ WWDC 2013 ပြပွဲမှာ Apple ရဲ့ pre-release ထုတ်ခဲ့တဲ့ iPhone အတွက် Operating System ဖြစ်သော iOS 7 ကို စမ်းသပ်ကြည့်မိခဲ့သည်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ သူတို့ကြေညာတဲ့အတိုင်း ကျေနပ်စရာလေးတွေ ပေးခဲ့တာမှန်ပေမယ့် တကယ်တမ်း သေချာအရင်းစစ်ကြည့်မယ်ဆိုရင် ဒီလောက်လေးနဲ့ Apple ရဲ့ တကယ် အစစ်အမှန် အသုံးပြုသူတွေကို ကျေနပ်စေလိမ့်မယ်တော့ မထင်မိပါဘူး။ မှန်ပါလိမ့်မယ်။ စာရေးသူပြောသလိုပဲ Apple ဟာ သူ့ရဲ့ ပထမဆုံး Pre-Release ထုတ်ခဲ့တဲ့ ဗားရှင်းအဆင့်ပဲ ရှိနေသေးတာမို့ ပြဿနာမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျေနပ်စရာ မကောင်းခဲ့တာကတော့ အမှန်ပါပဲ။

သင်ရော စမ်းသပ်အသုံးပြုပြီးပြီလား

တကယ်တော့ သင်ရော iOS 7 ကို စမ်းသပ်ပြီး အသုံးပြုပြီးသွားပြိလား။ သင်နဲ့ သိပ်ပြီး ရင်းနှီးမှုမရှိသလို ဖြစ်နေလို့လား။ မဟုတ်ပါဘူး။ တကယ်တော့ iOS 7 ဟာ အပေါ်ကနေ အောက်ခြေအထိ အစအဆုံးနီးပါးကို ပြန်လည်ဒီဇိုင်းထုတ်ထားလို့ပဲ ဖြစ်သည်။ Calendar, Mail, Weather အစရှိတဲ့ apps တွေ အားလုံးဟာ အသစ်နီးပါးကို icon တွေက အစ ပြောင်းလဲထားတာကို တွေ့မြင်ရမှာပါ။ ဒါဟာ ပုံမှန်အရွယ်အစားထက် အနည်းငယ်ပြားချပ်ချပ်ဖြစ်သွားတဲ့ icon ဒီဇိုင်းကြောင့်ဖြစ်တဲ့အပြင် ကာလာအရည်အသွေးကတော့ ပိုပြီး တောက်ပလာသလို sharp ဖြစ်မှုကလည်း ပိုပြီးနူးညံ့လာတာကို တွေ့ရသည်။ ဒါပေမယ့်လည်း background wallpaper ကတော့ သင့်ရဲ့ iPhone ကို ဆုံလှည်ထားသလိုမျိုး ဘယ်ရွေ့၊ ညာရွေ့တွေမှာ လိုက်ရွေ့နေသည်။ ယခင် OS တွေတုန်းက ဒီလိုမဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၆ နှစ်နီးပါးလောက်ကစပြီး ယခုအချိန်အထိ ပထမဆုံးအဖြစ် ပြောင်းလဲလိုက်တဲ့ ဆန်းသစ်တဲ့ အပြင်အဆင် ဒီဇိုင်းဟာ ပြီးပြည့်စုံမှုတွေနဲ့အတူ ကြည့်လို့ ကောင်းနေခဲ့တာတော့ အမှန်ပါပဲ။ အဲဒါကို စာရေးသူအိမ်မှာ တစ်နေ့လုံးနီးပါး ထိုင်ပြီးတော့ကို ခံစားနေခဲ့ရတဲ့အထိ ဖြစ်ခဲ့သည်။ ဒါကတော့ နည်းနည်းလွန်သွားတယ်လို့ မထင်စေချင်ပါဘူး။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဒီဇိုင်းတစ်ခုဟာ အခုမှပဲ အပြင်အဆင်လေး ဆန်းသစ်လာတဲ့ အတွက် မျှော်လင့်မိသူမှာ အပြစ်မရှိလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၆ နှစ်လုံးလုံး သူ့ကိုပဲ တစ်စိုက်မတ်မတ် အားပေးခဲ့တဲ့အတွက် ဒီလောက်တော့ ခံစားမှုလေးပေးနိုင်ပါသည်။

ပြီးပြည့်စုံမှုမရှိသေးတဲ့ iOS ရဲ့ ကောက်ကြောင်း

ဒါပေမယ့် စာရေးသူ မြင်သလောက်ကတော့ iOS 7 ဟာ အလုံးစုံ မပြည့်စုံသေးပါဘူး။ iOS 7 ကို ထည်ထည်ဝင့်ဝင့် ကိုင်ရတဲ့သူတွေဆိုလို့ အခုအချိန်မှာ Android Developer တွေပဲဖြစ်ပြီး အသစ်ထွက်ရှိမယ့် iOS 7 အတွက် သင့်တင့်လျောက်ပတ်မယ့် apps တွေ၊ ဂိမ်းတွေကို ရေးဆွဲနေကြတဲ့အတွက်ဖြစ်သည်။ Apple ဟာ လာမည့် နှစ်လောက်မှာ ထုတ်လုပ်မယ့် iOS 7 နဲ့ ထွက်လာမယ့် ထုတ်ကုန်သစ်တွေ အတွက် အဆင်ပြေစေမယ့် apps တွေ ကောင်းကောင်းမွန်မွန် အလုပ်လုပ်စေဖို့ အတွက် အစောပိုင်းက ထုတ်ပေးခဲ့တဲ့ Developer version ကိုသာအသုံးပြုပြီး စမ်းသပ်အသုံးပြုနေကြခြင်း ဖြစ်သည်။ သာမန်အသုံးပြုသူတွေကတော့ WWDC 2013 မှာ ပေးခဲ့တဲ့ iOS 7 ကိုသာ အသုံးပြုကြည့်ရင်း ဆန္ဒတွေ စောနေမိခြင်းသာ ဖြစ်သည်။ ဒါပေမယ့် စာရေးသူအထင်ကတော့ နောက်ဆုံးထွက်လာမယ့် ဗားရှင်းမှာတော့ icon တွေဟာ ကြည့်ရတာ ခြားနားသွားမယ်လို့ ယူဆမိသည်။

ဘာလို့ ဒီလိုပြောလဲဆိုတော့ ဒီ iOS 7 ဟာ လုံလောက်တဲ့ ပြည့်စုံမှုနဲ့အတူ Apple ရဲ့ iOS လမ်းကြောင်း ဘယ်လိုသွားမလဲဆိုတာ အဖြေပေးပါလိမ့်မည်။ ဒါဟာ iOS 7 ရဲ့ review မဟုတ်ပါဘူး။ ဒါပေမယ့်လို့ iOS 7 ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အရိပ်အရောင်ကိုတော့ ဒီနေရာမှာ မြင်နိုင်ပါလိမ့်မည်။ ဒါဟာ iOS 7 ဘယ်ကိုသွားမလဲဆိုတာမျိုးဖြစ်သည်။

iOS 7 ရဲ့ ဒီဇိုင်းပြောင်းလဲမှုအသစ်

စာရေးသူဟာ ဒီဇိုင်နာတစ်ယောက်မဟုတ်လေတော့ ဒီဇိုင်နာတို့ရဲ့ အရောင်အသွေးပိုင်းဆိုင်ရာတွေ icon သဏ္ဍာန်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိပါဘူး။ ထို့အတူပဲ Times New Roman, Helvetica နှင့် Comic Sans အစရှိတဲ့ ဖောင့်တွေရဲ့ နောက်ကွယ်မှာ အလုပ်လုပ်နိုင်စွမ်း အစရှိတာတွေကိုလည်း မသိပါဘူး။ ဒါကြောင့် iOS 7 မှာ ပါဝင်တဲ့ ဖောင့်တွေ၊ ဒီဇိုင်းပုံစံတွေ၊ အရိပ်တွေကို သေချာနားမလည်ပေမယ့် အသုံးပြုသူတစ်ယောက်အနေနဲ့ ပြောရရင်တော့ ကျေနပ်မှုရှိတယ်လို့ ဆိုနိုင်သည်။ ဒီဇိုင်းပိုင်းဟာ ပြီးပြည့်စုံခြင်း မရှိသေးပမယ့်လည်း Apple user များအတွက်တော့ အကြိုက်တွေ့နေကြဦးမှာဖြစ်သည်။

သို့သော်လည်းပဲ iOS 7 ကို WWDC မှာ မျက်နှာဖုံး ဖွင့်ပြလိုက်တဲ့ အချိန်မှာပဲ ပရော်ဖက်ရှင်နယ်ကျတဲ့ ဒီဇိုင်နာတွေက အတော်လေး ကြည့်ကောင်းနေမယ်လို့ မျှော်လင့်နေမိသော်လည်း တကယ်တမ်းမှာတော့ အကြိုက်မတွေ့ခဲ့တာတွေ ဖြစ်ခဲ့ကြုံခဲ့ရသည်။ အများဆုံးတွေ့ရတဲ့ မကျေနပ်သူများကတော့ ယခုသုံးထားတဲ့ icon ရဲ့ အလည်တည့်တည့်မှာမြင်နေရပြီး ပါးလျားတဲ့ ဖောင့်ဒီဇိုင်းကို အပြစ်တင်နေကြသည်။

ဒါပေမယ့်လည်း စာဖတ်သူအနေနဲ့ ပြောချင်တာကတော့ ဒါဟာ beta အဆင့်သာရှိသေးပြီး နောက်ဆုံး final ဗားရှင်း မဟုတ်ဘူးဆိုတာကြောင့် အပြောင်းအလဲတွေ အများကြီး ရှိလာဦးမှာဖြစ်သလို user feedback တွေကိုလည်း နားထောင်ပြီး ပြန်လည်ပြုပြင်သင့်တာတွေကို ပြုပြင်မှာ သေချာလှသည်။ တကယ်လို့ သင်ကိုယ်တိုင်ပဲ iOS 7 ကို အွန်လိုင်းကနေ တရားဝင် final ဗားရှင်းအဖြစ် ထွက်ရှိလာလို့ upgrade ပြုလုပ်ချိန်မှာ အားလုံးထင်ထားခဲ့သလို ဖောင့်တွေရဲ့ ဒီဇိုင်းဟာအလည်တည့်တည့်မှာ မဟုတ်ဘဲ ဘေးကို ရောက်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်နေတာကို မြင်တွေ့နိုင်သည်။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ပုံမှန်ဝတ်နေကျ အရောင်အသွေး မစိုပြေတဲ့ ကုတ်အင်္ကျီတစ်ထည်နေရာမှာ အရောင်အသွေးစုံလင်ပြီး အသစ်ဖြစ်နေတဲ့ ကုတ်အင်္ကျီကို ပြောင်းလဲဝတ်ဆင်လိုက်ရသလိုပဲ ဖြစ်လာမှာဖြစ်ပြီး အသစ်ပြောင်းလဲထားတဲ့ setting တွေကို မြင်တွေ့ရမှာမဟုတ်သလို mail အသုံးပြုတာတွေ၊ new contact တွေကို ဘယ်လိုမှတ်ရမလဲ ဆိုတာမျိုးလောက်ကို သင့်အနေနဲ့ ပြောင်းလဲသွားစရာ မရှိတာတော့ သေချာလှသည်။

စာရေးသူ ထင်တာကတော့ ဒီအပေါ်မှာ အကြီးအကျယ် ပြောင်းလဲသွားနိုင်တာကတော့ third-party apps တွေရဲ့ ဒီဇိုင်းပုံစံတွေ အကြီးအကျယ် ပြောင်းလဲသွားမှာကိုပဲ။ စာရေးသူ ကြည့်ရသလောက်ဆိုရင်တော့ Instagram, Facebook, Twitter, Vine အစရှိတဲ့ apps တွေဟာ iOS 7 မှာ အကြီးအကျယ်ပြောင်းလဲသွားမယ်လို့ ထင်မိသည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ အသစ်ပြောင်းလဲလိုက်တဲ့ အပြားဒီဇိုင်းပုံစံမှာ အသားကျနေတဲ့အတွက် ဖြစ်သည်။ သူတို့ဟာ ဒီဇိုင်းအဟောင်းနဲ့ ယှဉ်ပြီး လေ့လာနေတဲ့အတွက် ဖြစ်သည်။ iOS developer တွေကတော့ Apple ရဲ့ နောက်နှစ်နှစ်ကျော် အတွေ့အကြုံရှိတဲ့အပေါ်မှာ iOS အကြောင်းကို နောကျေနေပြီလို့ ပြောရမလို ဖြစ်နေတဲ့အတွက် ဒီဇိုင်းအသစ်ဖြစ်တဲ့ iOS 7 နှင့် အဆင်ပြေမည့် apps အသစ်များကို မကြာမီ မြင်တွေ့ရတော့မှာ ဖြစ်သည်။ လာမည့် လအတွင်းမှာလည်း apple မဟုတ်တဲ့ သင့်စိတ်ကြိုက်ဒီဇိုင်းပုံစံဖြင့် ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှုကြီးကို မြင်တွေ့ရဖို့ မျှော်လင့်မိသည်။

Features အသစ်များနှင့် Android

Apple ဟာ အားလုံးမျှော်လင့်နေတဲ့ iOS 7ကို ထုတ်ဖော်ပြသခဲ့ခြင်းနှင့်အတူ ဒီဇိုင်းပုံစံကိုပါ ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာတော့ မြောက်မြားစွာသော apple ရဲ့ Features တွေဟာ Android ပိုင်ရှင်တွေကို အပျော်ရွှင်ဆုံးနှစ်တစ်နှစ်လို့ ဖြစ်စေခဲ့ခြင်းဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ Android Fan တွေနဲ့ blogger တွေက စပြီးတော့ ပြောဆိုနေကြပြီး Apple ဟာ မကြာခင် Android ရဲ့ Features တွေကို ကော်ပီယူထားတဲ့ ဒီဇိုင်းနဲ့ iOS 7 ကို ကြေညာတော့မယ်လို့ ဆိုကြတဲ့အတွက် ဖြစ်သည်။

သူတို့က အချက်တစ်ချက်ကို ထောက်ပြသည်။ Android ဟာ လျင်မြန်စွာနဲ့ တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် iOS ကတော့ နှေးကွေးစွာနဲ့ပဲ သူ့ရဲ့ iOS ကို ရယူခဲ့သည်။ ပြည်သူတွေ ဘာတွေလိုချင်လဲ ဆိုတာကို ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ Apple ရဲ့ iOS Team ဟာ သူတို့ရဲ့ ဦးဆောင်မှုဦးခေါင်းတွေကို သဲတွေထဲမှာ နစ်မြှုပ်ပစ်ခဲ့ရပြီလို့ ဆိုသည်။ ဒါပေမယ့် iOS 7 ဟာလည်း နောက်ဆုံးမှာတော့ iPhone အတွက် အကောင်းဆုံး Features တွေကို ယူဆောင်လာမယ်လို့ မျှော်လင့်မိသည်။

သိသာထင်ရှားတဲ့ ပြောင်းလဲမှုကတော့ Control Center ဖြစ်ပြီး ဖုန်းမျက်နှာပြင်ပေါ်ကို အောက်ခြေကနေ ပွတ်ဆွဲလိုက်တဲ့အခါမှာ Control Center ဆိုတာ ပေါ်လာမှာဖြစ်ပြီး အဲဒီမှာ အခြေခံပြောင်းလဲမှုတွေဖြစ်တဲ့ အလင်းအမှောင်ချိန်ညှိခြင်း၊ Wifi၊ Bluetooth နှင့် Airplane mode တွေကို အလွယ်တကူ ချိန်ညှိနိုင်သည်။ အဲဒါကို ဒီနှစ်တစ်နှစ်လုံးမှာ တောင်းဆိုမှုအများဆုံးဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ iOS 7 မှာ ပါဝင်လာတော့မှာဖြစ်သည်။

အခြားတွေးစရာတွေကတော့ Apps တွေရဲ့ multitasking တွေ အားကောင်းလာသလို drop-down notifactions စနစ်တွေလည်း ကောင်းမွန်လာသည်။ ဒီ drop-down notifications စနစ်ကနေ ရာသီဥတုအခြေအနေ၊ သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေအပြင် Features တစ်ခုဖြစ်သည့် Airdrop စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်သည်။ ဒါတွေဟာ အလွန်ကောင်းမွန်တဲ့ features တွေဖြစ်ပေမယ့် အဲဒါတွေအားလုံးဟာ Android နဲ့ အခြားသော နေရာတွေကနေ ရယူထားတာတွေ အားလုံးဖြစ်နေခြင်းဖြစ်သည်။ နောက်ဆုံးမှာတော့ Apple ရဲ့ iOS 7 ဟာ စမတ်ဖုန်းတွေရဲ့ အလယ်မှာ ပျော်ရွှင်စွာနဲ့ ဝင့်ကြွားနိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မည်။

ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲ

အကြီးမားဆုံး ပြဿနာကတော့ iOS 7 မှာ ငြိမ်သက်မှုကို မဖြိုခွဲနိုင်ခဲ့ပါဘူး။ ဒါပေမယ့် iOS 7 မှာ static စနစ်လေး ပါနေတာကိုတော့ ခံစားနေရတုန်းပါပဲ။ ဒီလိုစနစ်မျိုးကို Android နဲ့ Windows Phone တွေရဲ့ home page တွေမှာ static အနေနဲ့ မရနိုင်သေးပါဘူး။ သို့သော်လည်း အများမျှော်လင့်ထားတဲ့ အံ့အားသင့်မှုမျိုးကို ချမပြနိုင်ခဲ့ပါဘူး။ ဒီထက်ပိုပြီး လိုချင်မိတာကတော့ home screen မှာ news, weather, stock update များကို သူနဲ့သက်ဆိုင်တဲ့ apps တွေကို ဖွင့်စရာမလိုပဲ update ပြနေတာမျိုးဖြစ်သည်။ ဒါကြောင့် စာရေးသူလိုချင်မိတဲ့ features ကို ယခု iOS 7 မှာ မြင်တွေ့လိုပြီး Android မှာ ပါဝင်ပြီးမှတော့ ကော်ပီကူးတာမျိုး မလုပ်ချင်၊ မမြင်ချင်တော့ဘူး ဆိုတာကို ပြောရင်း အဆုံးသတ်လိုက်ပါသည်။

Ref & Credit to Smart Pro Journal

From: Myanmar Mobile

အကြမ်းဖျဉ်း Windows 8 တင်နည်း


ဒီနေ့တော့ မသိသေးတဲ့ ညီငယ်လေးတွေနဲ့ ကွန်ပြူတာဝါသနာရှင်များအတွက် ဝင်းဒိုး ၈ တင်ပုံတင်နည်းလေးကို ပြန်လည်မျှဝေခြင်ပါတယ်
ကျွန်တော်ဟာ ပညာရှင် မဟုတ်တဲ့ အတွက် အမှားအယွင်းများ ရှိခဲရင် ခွင့်လွှတ်ကြပါ
ဒီနေရာကနေတောင်းပန်ပါ တယ်

ဝင်းဒိုး ၈ 64-bit (x64) အတွက် လိုအပ်တာတွေကတော့
CPU with 1 GHz 20 GByte Hard disk space
2 GByte RAM
DirectX-9 graphics Card
ဝင်းဒိုး ၈ 32-bit (x86/x32) အတွက် လိုအပ်တာတွေကတော့
CPU with 1 GHz
16 GByte Hard disk space
1 GByte RAM
DirectX-9 graphics Card

ဝင်းဒိုး 7 တင်တက်ရင်တော့ လွယ်ပါတယ် အတူတူ ပါပဲ

ပထမဆုံး မိမိကြိုက်နှစ်သက်တဲ့ ဝင်ဒိုး 8 Version ကို ဒေါင်းလုပ် ပြီး ယူလိုက်ပါ
ဒီနေရာမှာယူရင်လဲ ရပါတယ် window 8 ။အဲဒါက ကျနော် အကိုကြီး ရဲ့ ဆိုဒ်ကပါ
ဒေါင်းရလာတဲ့ iso ဖိုင်လေးကို DVD ဒါမှမဟုတ် pendrive ထဲမှာ
ထည့်ပြီး ဘမ်းလိုက်ပါ iso DVD ဘမ်းဖို့ အတွက်ကတော့ ultra iso ဒါမှမဟုတ်
image burner တခု့ခု့ သုံးလိုက်ပါ။ window 7 သုံးသူများအတွက် ကတော့ ဆော့ဝဲ တွေ မသုံးရင်လဲ ရပါတယ်။ window 7 မှာ ဆိုရင် မိမိ ဒေါင်းထားတဲ့ iso file ရှိတဲ့နေရာကို သွားလိုက်ပါ
ရောက်ပီ ဆိုရင် အောက်မှာပြထားသလိုကြည့်လိုက်ပါ



open ဆိုတာလေးကိုနှိပ်လိုက်ရင် Windows Disc Image File Burning Tool ဆိုတဲ့ စာသားလေးကြလာပါလိမ့်မယ်
ရွေးပေးပီး ဘမ်းလိုက်ပါ
ဘမ်းပြီးသွားပြီ ဆိုရင်တော့ ရလာတဲ့ ခေါလေးကို မိမိစက်ထဲ ကို ထည့်လိုက်ပါ ထည့်ပီး ရင် စက်ကို Restart ချလိုက်ပါ
Restart ပြန်တက်လာရင် delete key ဒါမှမဟုတ် မိမိ ကွန်ပြုတာနဲ့ သက်ဆိုင်တဲ့ key ကို၂ခါလောက် နှိပ်ပေးလိုက်ပြီး
Boot setting ထဲကို သွားလိုက်ပါ Boot setting မှာ မိမိ တင်ချင်တဲ့ DVD drive ဒါမှမဟုတ် USB ကို First Boot အဖြစ်ပြောင်းပေးလိုက်ပြီး F 10 ကိုနှိပ်လိုက်တာနဲ့ BOOT ပြန်တက်လာပါလိမ့်မယ်
ပထမဆုံး အောက်မှာပြထားတဲ့ အတိုင်းလေးပေါ်မှာပါ


နောက်တဆင့်မှာ language, time and currency format, and choose Keyboard or Input method ကိုရွေးပေးရမှာပါ
ပုံမှန် အတိုင်း ENGLISH(UNITED STATE) ကို Language မှာရွေးပေးလိုက်ပါ။
Time and Currency ကိုလဲ English(United state) လိုပဲရွေးလိုက်ပါ
keyboard input method မှာလဲ US ကိုရွေးပါ
ပြီးရင် NEXT ကိုနှိပ်ပြီး ဆက်သွားပါ



အဲဒီမှာ install လုပ်ရပါမယ်

ဒီနေရာမှာတော့ ရွေးစရာနှစ်ခု့ရှိပါတယ်
1. Upgrade
2. Custom (advanced)
ကျနော် တို့က ဝင်းဒိုးအသစ်တင်မှာမို့ Custom ကိုရွေးပေးပါ



ဒီနေရာလေးက မိမိဝင်းဒိုးကို ဘယ်နေရာမှာ တင်မှာလဲ ဆိုတာကိုရွေးပေးရမှာပါ
မိမိသုံးချင်တဲ့ partition ထဲမှာ ထည့်နိုင်ပါတယ်
ဗဟုသုတ အနေနဲ့ ဒီနေရာမှာ Partition ပိုင်းလို့ရတယ် Partition တွေကို ပြန်ပေါင်းပေးလို့ရပါတယ်
ဘယ်အပိုင်းမှာ ထည့်မယ်ဆိုတာရွေးပေးပြီးရင် NEXT နှိပ်ပြီး ဆက်သွားလိုက်ပါ



နာရီဝက်အနည်းငယ်လောက်စောင့်လိုက်ပါ
ကိုယ်ကဘာမှလုပ်စရာမလိုတော့ပါဘူး စက်ကလုပ်သွားပါလိမ့်မယ်

ကာလာရွေးပြီးကွန်ပြူတာကိုနာမည်ပေးရပါမယ် ဒီမှာ တော့

ဒီနေရာမှာ ရွေးစရာလေး ဒီလိုရှိလိမ့်မယ် Express settings or Customize ။
Express setting ကို ရွေးပေးလိုက်ပါ


ဒီနေရာမှာတော့ Miscrosoft မှာ Account ၇ှိရင် ထည့်နိုင်ပါတယ်
မရှိရင် SKIP နှိပ်ပြီး ကျော်လိုက်ပါ

ဒီပုံက Window တင်ပြီးနောက်ဆုံးမြင်ရတဲ့ ပုံပါ

ဒီပုံကတော့ window 8 တင်ပြီးပြည့်စုံတဲ့ ဝင်းဒိုး တခု့ဖြစ်သွားပါပြီ





ဒီမှာ ဝင်းဒိုးတင်ခြင်းပြီးဆုံးသွားပါပြီ

For More Tutorial , Visit At www.mmithelper.com ( Myanmar IT Helper )

Internet Download Manager (IDM) v6.16_Build_3 for Window XP/7/8


ကွန်ပျူတာကိုအသုံးပြုပြီး အင်တာနက်ကနေ ဖိုင်ပေါင်းစုံ download ဆွဲလေ့ရှိသူတွေအတွက် Download ဆွဲရတာ အရမ်းမြန်စေတဲ့ Internet Download Manager Latest Version 6.16 ကိုတင်ပေးလိုက်ပါတယ်။ Full Version ဖြစ်အောင်လုပ်ဖို့ Keygen Patch ဖိုင်ပါ ဇစ်ဖိုင်ထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ Internet Download Manager (IDM) v6.16_Build_3 for Window XP/7/8 ကိုအောက်က link မှာရယူပါ။

Internet Download Manager (IDM) v6.16_Build_3 for Window XP/7/8 From Google Drive

Internet Download Manager (IDM) v6.16_Build_3 for Window XP/7/8 From Mediafire