Tuesday, June 25, 2013

Facebook ကို Google Reader အဖြစ် အစားထိုးမည်ဟု သတင်းများထွက်ပေါ်



အကြီးဆုံး Social Network တစ်ခုဖြစ်သော Facebook သည် Google Reader အဖြစ် အစားထိုးမည်ဟု သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် Google Reader ကို ဖျက်သိမ်းကြောင်း Google မှ ကြေငြာပြီး နောက်ပိုင်း Google Reader နေရာတွင် အစားထိုးမည့် ကိစ္စနှင့်ပတ်သက်၍ Google မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

စကော့တလန်လူမျိုး Developer တစ်ဦးဖြစ်သော Tom Washington က “Facebook ပေါ်မှာရှိတဲ့ RSS Code တွေထဲမှာ Google မှာရှိတဲ့ RSS Code တွေ အနည်းနဲ့အများ ဆိုသလို ပါဝင်နေတာ တွေ့ရတယ်။ ဒီတော့ RSS Code တွေကို လင့်ချိတ်ပေးပြီး နောက်ထပ် Reader Clone တစ်ခု ဖန်တီးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ Facebook မှ အဆိုပါ သတင်းများ ထွက်ပေါ်မှုကို မည်သို့မျှ တုံ့ပြန်ခြင်း မပြုသေးကြောင်း သိရသည်။ Facebook မှ New Feed များကို Reader ဖြင့် လင့်ချိတ်ဆက်၍ အသုံးပြုနိုင်မည်ဆိုလျှင် Facebook ပေါ်ရှိ အသုံးပြုသူများအနေဖြင့် ကုန်ပစ္စည်းများကို Reader ပေါ်တွင် အခကြေးငွေပေး၍ ကြော်ငြာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref;PC Mag
Ref & Credit to Smart Pro Journal
From: Myanmar Mobile

0 comments: