Wednesday, August 7, 2013

Bagan Keyboard Pro v1.5.8 for Android



Android ဖုန်း/Tablet တွေအတွက် Bagan Keyboad Pro အသစ်ထွက် version Bagan Keyboard Pro v1.5.8 for Android ကိုတင်ပေးလိုက်ပါတယ်။ ကွန်ပျူတာဇော်ဂျီလက်ကွက်အတိုင်းပဲဖြစ်တာကြောင့် စာရိုက်ရတာတော်တော်လွယ်ကူပါတယ်။ ဒါ့အပြင် ဒီကီးဘုတ်လေးကိုအသုံးပြုပြီးစာရိုက်မယ်ဆိုရင် မြန်မာစာ အရေးရော အဖတ်ရောမှန်ပါတယ်။ Bagan Keyboard Pro v1.5.8 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Bagan Keyboard Pro v1.5.8 for Android (Link 1)
Bagan Keyboard Pro v1.5.8 for Android (Link 2)
Google Drive မှ ဒေါင်းရန်



From: Myanamr Mobile App

Android အတွက် သင်ခန်းစာ (၁)


ကျွန်တော်တစ်ခုပြောချင်ပါတယ် လူတိုင်းဟာ ဖုန်းနဲ့ ပက်သက်လာရင် အားလုံးနားလည်ကြပြီးသားပါ
ဒါပေမဲ့ သူတို့ဟာ အခြေခံ သဘောတရားကို နားမလည်ကြပါဘူး ကျွန်တော်လည်း တူတူပါဘဲ အဲဒီအ
တွက်ကြောင့် ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ပညာရပ်များကို မျှဝေပေးပါရစေ


Android အတွက် သင်ခန်းစာ (၁)

What is android?

Android ဆိုတာက မိုဘိုင်းဖုန်းတွေ အတွက် စနစ်တကျ ထုတ်လုပ်ထားတဲ့ Operation System တစ်ခုဖြစ်တယ်

Android ဟာ Window နဲ့ Linux အပေါ်မှာ အခြေပြု ရေးဆွဲထားတဲ့ System တစ်ခု ဖြစ်ပါတယ်

Android ရဲ့ Kernal based ကတော့ Linux Kernal ကို အခြေပြု ရေးဆွဲထားခြင်း ဖြစ်ပါတယ်

Linux ဟာလည်း Open Source ဖြစ်တဲ့ အပြင် သီခြားဆန်သော Platform ဖြစ်နေတဲ့အတွက် Android ဟာ

ရေရှည်အတွက် Linux Kernal ကို ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ်

Android ဟာ ဆိုရင် Java တွေ Nokia တွေ စတင်မထွက်ခင်တည်းက တည်ဆောက်ထားခဲ့တာပါ ဒါပေမဲ့

သူရဲ့ System တွေကို ထုတ်ဖော်မပြသခဲ့သေးပါဘူး ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက သူရဲ့ဖန်ရှင် တွေ သိပ်

ပြီးတော့ မပြည့်စုံသေးဖူးလို့ ယူဆခဲ့လို့ပါ အဲဒီအချိန်မှာ Java တွေ Nokia တွေရဲ့ System တွေကိုလေ့လာ

ပြီးတော့ ၂၀၀၈ခုနှစ် ၉လပိုင်းလောက်မှာ Android version 1.0 ကို Google နဲ့ တစ်ခြား အဖွဲ့ဝင်တွေက အစမ်း

သပ်ကာလအနေန့ စတင်ထုတ်ဝေပြီးတော့ Android Os ကို စတင်ခဲ့ပါတယ် နောက်ပိုင်းမှာ update တွေ ကို

ဆက်လက်ထုတ်ဝေခဲ့ပါတယ် 1.1,1.5,1.6,2.0,2.1,2.2,2.2.2 အဲဒီ version တွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်

Android ဟာ ဆိုရင် ၂၀၁၀ခုနှစ် လောက်မှာ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး smart phone အဖြစ် Android

ရဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ် နှစ်တော်တော်ကြာ နေရာယူလာတဲ့ Nokia ကို ကျော်လွှားနိုင်ခဲ့ပါတယ်

နောက်ပိုင်းမှာ ဒီထက်ကောင်းတဲ့ ဗားရှင်းတွေကို ဆက်လက်ထုတ်ဝေလာခဲ့တာဟာ အခုအချိန်အထိပါ

version code name

1.0 -

1.1 -

1.5 Cupcake

1.6 Donut

2.0,2.1 Eclair

2.2,2.2.2 Froyo

2.3,2.4 Gringebrerad

3.0 Honey Comb

4.0,4.0.4 Ice Cream Sandwich

4.1.1,4.1.2,4.3 Jelly bean

5.0 Key Lime Pie

ဒီဖိုင်လေးကို သိမ်းထားချင်ပါက ဒီမှာဒေါင်းရန်

Android အတွက် သင်ခန်းစာ (၁) အားဒေါင်းယူရန်

ကျေးဇူးတင်ပါသည်
Aung Min Han
From: Myanmar Mobile App 

တပ်မတော်သုံးကွန်ပျူတာလက်စွဲ Power Point 2007 (မြန်မာလို) (2.16MB)

Presentation ပြူလုပ်လိုသူများ၊ Power Point ပြုလုပ်လိုသူများ၊ စာစီစာရိုက်ပြုလုပ်လိုသူများအတွက် တပ်မတော်သုံးကွန်ပျူတာလက်စွဲ Power Point (2007) စာအုပ်ဖြစ်ပါတယ်။ အခုမှ power point ကိုစတင် လေ့လာနေသူများအတွက် အရမ်းကောင်းမွန်တဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ လေ့လာလိုသူများ

ဒေါင်းလုပ်ရယူနိုင်ပါပြီ။
Download=>> Dev-Host ,
Solid Files

Google Drive Viewer (ဒေါင်းရန်---File------>Download ကို clickပါ)

Samsung ဖုန်းတွေအတွက် Awesome Note for Android





ဒါလေးကတော့ Galaxy Note8 မှာပါဝင်တဲ့ Awesome Note ဆိုတာလေးပါ။ UI လန်းပီး မှတ်သားလို့အရမ်းမိုက်ပါတယ် ။ တခြားဖုန်းတွေမှာအသုံးပြုလို့ရပါတယ် ။ ထွေထွေထူးထူးလုပ်စရာမလိုပါဘူး ။ apk ကိုပုံမှန်အတိုင်းအင်စတောပြုလုပ်ရုံပါပဲ ။

Note II , SIII မှာစမ်းသပ်ပီး။ တခြားဖုန်း လဲစမ်းကျိလို့ရပါတယ် ။ Samsung ဖုန်းတွေအတွက် Awesome Note for Android ကိုအောက်က link မှာရယူနိင်ပါတယ်။

Samsung ဖုန်းတွေအတွက် Awesome Note for Android အားရယူရန်

ပို့စ်ရေးသားသူ-ကိုကျော်သက်ထွန်း (Myanmar Mobile Users Group)
From: Myanmar Mobile App 

သင့် English Skill ကို စမ်းသပ်ပေးနိုင်တဲ့ Typo !



Typo က spelling ,punctuation and grammer စတာတွေကို စစ်ဆေးပေးနိုင်တဲ့ Brain & Puzzle Game အမျိုးအစား ဖြစ်ပါတယ်။English စာတိုးတက်လို သူတိုင်း အသုံးပြုသင့်တဲ့ App တစ်ခုပါ။


Download Typo
Google Drive မှ ဒေါင်းရန်




သေးငယ်ပေမယ့် အစွမ်းပကားက ကြီးမားလှတဲ့ Android Assistant




ကျွန်တော်တို့ Android Internal storage တွေအနည်းဆုံး 1GB လောက်ပါတဲ့ ဖုန်းတွေမှာ တခါတခါ ဘာမှ မထည့်ပဲ ရပဲ Storage full ဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တခုဖြစ်သလို တခြား အသုံးတဲ့မယ့် tools တွေအများကြီးပါတဲ့ apk ဖိုင်လေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ နံမယ်ကတော့ Android Assistant ဆိုတဲ့ app လေး တခုဖြစ်ပါတယ်။ အဲ့မှာဘာတွေပါလည်း ဆိုတော့



အပေါ်က screen shot လေးကို အရင်ပြောချင်ပါတယ် အဲ့ထဲက System clean ဆိုတာကို ၀င်လိုက်မယ်ဆိုရင်



ဒီ screen လေးပေါ်လာပါ့မယ် အဲ့မှာ Full Scan လေးကို နှိပ်လိုက်မယ်ဆို အခု ဖော်ပြပါ Scree Short
လေးမှာပါတဲ့အတိုင်း အနီရောင်လေးနဲ့ ပြထားတဲ့  ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ files
တွေဖြစ်ပါတယ်။ ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာ
file size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကို
ကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲ
ပြောချင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်

Android Assistant for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Android Assistant အားရယူရန် (Link 1)
Android Assistant အားရယူရန် (Link 2)
Google Drive မှ ဒေါင်းရန်

ပို့စ်ရေးသားသူ- ကိုကျတ်ကလေး (Myanmar Mobile Users Group)

From: Myanmar Mobile App

Lightning Browser Plus v2.5.0.4 Apk


Lightning Browser + version အသစ်  v2.5.0.4 ကိုတင်ပေးလိုက်ပါတယ်။
ဒီ browser လေးနဲ့အင်တာနက်ကြည့်ရှုရတာ အခြား browser တွေထက် သုံးဆလောက်ကိုပိုမြန်ပါတယ်။
ဒီ browser လေးမှာပါဝင်တဲ့ features တွေကတော့ Features:
● website အများကြီးတစ်ပြိုင်တည်းဖွင့်ဖို့ရန်အတွက် tab တွေအများကြီးဖွင့်လို့ရခြင်း (Unlimited tab)
● Android version 2.2 နှင့်အထက်ရှိသောဖုန်းအားလုံးတွင်အသုံးပြုနိုင်ခြင်း
● Adobe Flash Player (Flash Player) ကိုအထောက်အပံပေးသောကြောင့် flash သုံးထားသော website များ ၊ game များကိုကြည့်ရှုဆော့ကစားနိုင်ခြင်း
● အခြား web browser များထက်သုံးဆပိုမြန်ခြင်း
● web စာမျက်နှာအထက်အောက် scroll လုပ်ရာမှာအခြား web browser များထက်ပိုမိုချောမွေ့ကောင်းမွန်မှုရှိခြင်း စတဲ့ features အလန်းတွေအများကြီးပါဝင်ပါတယ်။
မှာလေ့လာပြီး ကြိုက်ရင် အောက်လိပ်စာမှာရယူနိုင်ပါတယ် 
Download>>>hotfile(or)amyokaungtarr



 

*** AirDroid အသုံးပြုနည်း နှင့် အသုံးဝင်ပုံ ***


AirDroid အကြောင်းကို ရေးချင်တာကြာခဲ့ပြီ။ သိတဲ့အတိုင်း လိုင်းမကောင်းလို့အခုမှပဲ ရေးဖြစ်တော့တယ်။ AirDroid ဆိုတာ လွယ်လွယ်ပြောရရင် မိမိဖုန်းကို ကွန်ပျူတာကနေ အသုံးပြုတာပါ။
internet connection သုံးပြီး ကြိုးမဲ့စနစ်ဖြင့် မိမိဖုန်းကို online ကနေ အသုံးပြုနိုင်တဲ့ Service တစ်ခုဖြစ်ပါတယ်။ AirDroid ကို အသုံးပြုဖို့အတွက် Gmail Account တစ်ခု ရှိရင် သုံးနိုင်ပါတယ်။Connection ကောင်းရင်တော့ အသုံးပြုရတာ အတော်ကို အဆင်ပြေပါတယ်။

ကျွန်တော်တို့တွေ ဖုန်းကနေ Wifi လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးကြတယ်။ SMS ၀င်လာတဲ့အခါ ၊ ဖုန်းထဲက တစ်ခုခုကို ကြည့်ချင်တဲ့အခါ ၊ App တွေကို install / uninstall လုပ်ချင်တဲ့အခါ .. စတဲ့ ကိစ္စတွေမှာ ဖုန်းကို ကိုင်ပြီး ပြုလုပ်ရပါတယ်။ အင်တာနက်လဲ အသုံးမပျက်၊ ဖုန်းကိုလဲ ကိုင်စရာမလိုပဲ ထို ကိစ္စများကို ကွန်ပျူတာကနေ လုပ်ဆောင်ချင်ရင်တော့ AirDroid ဆိုတဲ့ App လေးက လုပ်ဆောင်ပေးပါမယ်။ အင်တာနက်သုံးရင်း online ကနေ ကိုယ့်ဖုန်းကို
လှမ်းပြီး ထိန်းချုပ်ကြည့်မယ်။ နာမည်ကြီးတဲ့ App လေးဆိုတော့ သိတဲ့သူလဲရှိမယ်။ မသိတဲ့သူတွေလဲ သုံးကြည့်ပါလို့ ညွှန်ပါရစေ။ လိုင်းမကောင်းဘူး .. သုံးမရဘူး ဆိုလဲ လိုင်းကောင်းတဲ့အချိန်မှာသာ စမ်းကြည့်ဗျာ။ ကျွန်တော်လဲ ဖုန်းလိုင်းနဲ့သုံးတာပါပဲ။
လိုင်းကောင်းတဲ့အချိန်မှာ သုံးလို့ အတော်လေး အဆင်ပြေပါတယ်။

** AirDroid Register **
AirDroid ဆိုတာ ဘာလဲလို့ သိသွားပြီဆိုတော့ AirDroid စတင် အသုံးပြုပုံလေး ရှင်းပြပါ့မယ်။ AirDroid App ကို အရင်ဒေါင်းလိုက်ပါ။
ပြီးရင် install လုပ်ပါ။ ပုံ(၁)မှာ မြင်ရတဲ့အတိုင်း အရင်ဆုံး AirDroid မှာ Register လုပ်ရပါမယ်။ Sign in via Google ဆိုတာကို နှိပ်ပြီး Gmail နဲ့ Gmail Password ရိုက်ပြီး Register လုပ်လိုက်ပါ။ သင့်ဖုန်းထဲမှာ Google Account ထည့်ပြီးသားဆိုလဲ တစ်ခါတည်း ဖော်ပြပါလိမ့်မယ်။ ရွေးပြီးသွားရင် Active လုပ်ခိုင်းပါတယ်။ Active ကို နှိပ်လိုက်ရင် ပုံ(၂) မှာလိုမြင်ရပါမယ်။ ဒါဆို Register လုပ်ပြီးပါပြီ။

** AirDroid Web Server **
ကွန်ပျူတာကနေ အသုံးပြုဖို့အတွက် AirDroid Web Server ကို သွားရပါမယ်။ FireFox ကနေ http://web.airdroid.com/ ဆိုတဲ့ လိပ်စာကို ရိုက်ပြီးသွားပါ။ ပုံ(၃)မှာလို မြင်ရပါမယ်။ Sign in လုပ်ပေးရပါမယ်။ ခုနက မိမိ Register လုပ်ခဲ့တဲ့ Gmail Account နဲ့ Password ရိုက်ကာ Sign in ၀င်လိုက်တာနဲ့ AirDroid ကို စတင် အသုံးပြုနိုင်ပါပြီ။ ချိတ်မိသွားပြီဆိုတာနဲ့ မိမိဖုန်းမှာ ပုံ(၄)မှာလို မြင်ရပါမယ်။ ဒါဆို ဖုန်းနဲ့ AirDroid Web Server နဲ့ချိတ်သွားပါပြီ။ ပုံ(၅)မှာမြင်သလို ကွန်ပျူတာမှာ မြင်ရပြီဆိုရင်တော့ AirDroid ကို အသုံးပြုလို့ ရနေပါပြီ။

** AirDroid လုပ်ဆောင်နိုင်မှုများ **

- Message (SMS) , Contacts , Call Logs

ကွန်ပျူတာကနေ ဖုန်းမှာ SMS ပို့သလိုမျိုး အသုံးပြုနိုင်ပါတယ်။
ဖုန်းမှာ အသုံးပြုသလိုပါပဲ။ ပို့ချင်တဲ့ နံပါတ်ရိုက် (09 ................) ပြီး
sms ရေးကာ ပို့လိုက်ရုံပါပဲ။ ဖုန်းထဲမှာရှိတဲ့ sms တွေကိုလဲ မြန်မာလို ..
အဆင်ပြေစွာ ဖတ်ရှုနိုင်ပါတယ်။ ဘယ်လောက် အဆင်ပြေလဲ။
sms ပို့ချင်တာပဲဖြစ်ဖြစ် ဖတ်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို သွားကြည့်စရာ ..
မလိုတော့ဘူး။ ကွန်ပျူတာကနေ အသုံးပြုနိုင်ပါတယ်။
Contacts များနှင့် Call Logs များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။

- Music & Videos

ဖုန်းထဲမှာရှိတဲ့ သီချင်း နှင့် ဗီဒီယိုများကိုလဲ မွှေနှောက်ရှာဖွေနိုင်ပါတယ်။
သီချင်းများကို ကွန်ပျူတာကနေ လှမ်းဖွင့်ပြီး နားထောင်နိုင်ပါတယ်။
ဗီဒီယိုများကိုလဲ ကြည့်ရှုနိုင်ပါတယ်။ လိုချင်ရင် download ဆွဲပြီး ..
ဖုန်းထဲမှ သီချင်း နှင့် ဗီဒီယိုများကို ကွန်ပျူတာထဲ ထည့်သွင်းနိုင်ပါတယ်။

- Apps , Photos , Ringtones , files

မိမိဖုန်းထဲမှ Application များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။
App များကို ကွန်ပျူတာကနေ install / uninstall လုပ်နိုင်တယ်ဗျာ။
ဖုန်းထဲမှ လိုချင်သော App များကိုလဲ download ဆွဲကာ သိမ်းနိုင်တယ်။
ဓါတ်ပုံများလဲ ရှာဖွေနိုင်တယ်။ Ringtones များကိုလဲ သတ်မှတ်နိုင်တယ်။
မိမိဖုန်းထဲမှာ File Manager အသုံးပြုသလိုမျိုး ကွန်ပျူတာကနေ ..
ဖုန်းထဲကို အသေးစိတ် မွှေနှောက်ရှာဖွေနိုင်တယ်။

- Screenshot , Camera

မိမိဖုန်းကို ကွန်ပျူတာကနေ Screenshot လှမ်းရိုက်နိုင်ပါတယ်။
Screenshot ကို အသုံးပြုဖို့အတွက် မိမိဖုန်းက Root လုပ်ထားဖို့တော့
လိုအပ်ပါတယ်။ ဖုန်း Camera ကိုလဲ လှမ်းသုံးနိုင်ပါသေးတယ်။
ကွန်ပျူတာကနေ မိမိဖုန်း ကင်မရာမှ မြင်ရသမျှကို ကြည့်ရှုနိုင်ပါတယ်။
ဓါတ်ပုံရိုက်နိုင်တယ်။

ရေရေလည်လည် အသုံးဝင်တယ်နော်။ အင်တာနက်သုံးနေတဲ့အခါ ..
AirDroid Web Server ကို ဖွင့်ထားပြီး အင်တာနက်လဲ အသုံးမပျက် ..
မိမိဖုန်းကိုလဲ ကိုင်စရာမလိုပဲ လှမ်းထိန်းချုပ်နိုင်တော့ ရှယ်ပဲပေါ့ဗျာ။
ဒီလောက်ဆို အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။
မစမ်းဖူးသေးတဲ့ ဘော်ဒါတို့ စမ်းကြည့်ပေတော့ဗျာ

download - AirDroid 2.0.3 (6MB)

Dropbox - https://www.dropbox.com/s/3i6iii5lloctgst/AirDroid%202.0.3_53.apk

Copy - https://copy.com/Vb2VKILo6NCW

Zippyshare - http://www19.zippyshare.com/v/17901308/file.html

ပျော်ရွှင်ပါစေ။

Mr.AD ( ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် )


Review By Mr.AD
(www.facebook.com/happyandroidworld)


From: This Link