Tuesday, July 2, 2013

မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှကြည့်ရှုနည်း

ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်းဖြစ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။

အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။

www.videolan.org/vlc/download-windows.html‎

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။

မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။

အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။
Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။

အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။


 အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။



ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။




From: Myanmar Update Channel

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

 တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက် ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

ရိုးရာလေး

Pirates of the Caribbean-V.1.8.0 For Android



Pirates of The Caribbean ဆိုရင်တော့ ရုပ်ရှင်ကြည့်ဖူးကြတဲ့ လူတွေတိုင်း ဒီဇာတ်ကားလေး ကိုသိပြီးဖြစ်ကြ မှာပါ။ အခုAndroid Devices တွေအ တွက်ဂိမ်းအဖြစ် ထွက်ရှိလာ ပါပြီ။ ဒီဂိမ်းထဲ မှာတော့ နံမည်ကြီး သရုပ်ဆောင် ဂျက်စပဲရိုးရဲ့နေရာကနေပြီး  ပင်လယ်ဘုရင်အဖြစ်ကစားရမှာပါ။မိမိရဲ့သင်္ဘော ကို မိမိစိတ်ကြိုက် တည်ဆောက်နို င်ပြီး။လူသူ လက်နတ်အင်အား နဲ့မိမိရဲ့သင်္ဘောကိုလည်း အဆင့်မြှင့် တင်ပေးပြီး ကစား ရမှာဖြစ်ပါတယ်။မိမိရဲ့လူသူလက်နတ် သင်္ဘောဟာ အဆင့်မြင့် လာတာနဲ့ မိမိရဲ့တိုက် ပွဲတွေ ဟာအောင်နိုင် ဖို့အခွင့်အရေးများလာမှာဖြစ်ပြီး ပိုက်ဆံတွေ လည်းတိုး လာမှာဖြစ်ပါ တယ်။ ဂိမ်းရဲ့ ရုပ်ထွက် ဟာလည်းကောင်းမွန်ပြီးတော့လက်နတ် နှင့် သင်္ဘောစတာတွေ ကိုလည်းထပ် မံပြီးဝယ် ယူနိုင် ပါသေးတယ်။ ဒီဂိမ်းလေးကို Google Play Store တွင်Freedownloadပေးထားပြီး အောက်ကလင့်ခ် တွင် လည်းဒေါင်းလော့ရ ယူနိုင်ပါသည်။အောက်ကလင့်ခ်တွင်ရယူပါ။

Required Android:2.2+up


Download From Mediafire

Download From Google Drive


From: Myanmar Mobile App

Shooting club 2: Gold v3.2.29(24Mb)


သေနတ်ပစ်ဝါသနာပါတဲ့လူတွေပစ်ခတ်နိုင်ပါပြီ။ဘယ်သူကပိုပြီးလက်ဖြောင့်သလဲဆိုတာ
ကိုကိုယ် တိုင်ဝင်ရောက် ကစားပြီးစမ်းသပ်နိုင်ပါပြီ။

စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။စနိုက်ပါပစ်တဲ့ အခါ လေတိုက်နှုန်း နဲ့ နှလုံးခုံသံ ကိုပါထိန်း သိမ်းပြီး ပစ်ခတ် ရမှာဖြစ်ပါတယ်။

ပစ်မှတ်တွေကိုဘယ်သူက မလွတ်တမ်း ပစ်နိုင်မလဲ စမ်းကြည် လိုက်ကြပါ။။ တကဲ့ကို အပြင်မှာ ကိုယ်တိုင် ပစ်ခတ်နေရ သကဲ့ သို့ခံစားရမှာပါ။ ဒီဆော့ဝယ်လေးကိုGoogle Play Store တွင် us$1.49ဒေါ်လာဖြင့်ဝယ်ယူရမည်ဖြစ်ပြီး အောက်ကလင့် မှာတော့Freedownload ရယူကစားနိုင်ပါပြီ။အောက်ကလင့်ခ်တွင်ရယူပါ။

Requires Android:2.0 and up

Download From Mediafire

Download From Google Drive





အားလုံးအဆင်ပြေကြပါစေခင်ဗျား

From: Myanmar Mobile