Saturday, May 25, 2013

Zawgyi Installer 4 Rooted Android ( .Exe File )


Features:
မြန်မာ font နှင့် frozen keyboard ကို အလွယ်တကူနဲ့ အလျှင်မြန်ဆုံးသွင်းနိုင်မှာဖြစ်ပါတယ်…
Frozen Keyboard အဟောင်းကို system app အဖြစ်သွင်းပေးမှာဖြစ်ပါတယ်….
Frozen Keyboard Pro 0.4.4 ကိုလည်း install လုပ်ပေးမှာဖြစ်ပါတယ်…
Xperia တွေအတွက်လည်း “ျ” အပေါ်မတက်ပါဘူး…
ဆြာဖြိုးညီညီရဲ့ “ျ” များအပေါ်မတက်ရ ကို ယူသုံးထားပါတယ်…
တရုတ်စာလည်း မပျောက်ပါဖူး…

Requirements:
root လုပ်ထားပီးသား ဖုန်းဖြစ်ဖို့လိုပါမယ်…

How To Use:
မိမိ android ဖုန်းမှ setting -> developer option -> usb debugging ကို on ပီး computer နဲ့ချိတ်ပါ…
ZawgyiInstaller.exe ကို double-click…
မိမိဖုန်းက XPERIA ဆိုလျှင် XPERIA ကိုနှိပ်ပါ…
XPERIA မဟုတ်လျှင် NORMAL ကိုပဲနှိပ်ပါ…
ခနစောင့်ပါ… ဖုန်း restart ကျပြီး ပြန်တက်ရင် မြန်မာစာ font နဲ့ frozen keyboard သွင်းပီးသွားပါပီ…


Download Link For Zawgyi Installer 4 Rooted Android Link 1

Download Link For Zawgyi Installer 4 Rooted Android Link 2

အားလုံးအဆင်ပြေပါစေ…
လွတ်လပ်စွာ share နိုင်ပါတယ်…

Frozen Keyboard Pro V 0.5.3 For Android


Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ မေ 21 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.5.3 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.5.3 မှာတော့ ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာတွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။

ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ Frozen Keyboard Pro v0.5.3 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။



Frozen keyboard pro v 0.5.3 အားရယူရန်

LINK 1 Solid Files

 LINk 2 Zippyshare