Monday, July 8, 2013

Android ဖုန်းတစ်လုံးကို အခြေခံ လုပ်ဆောင်ချက်များ စတင်လုပ်ဆောင်ခြင်း


တကယ်တော့ ဒါဟာအတော်လေးကို အခြေခံကျတဲ့ အခြေခံလုပ်ဆောင်ချက်တွေကို ရှင်းပြထားတာဖြစ်လို့ အခြေ ခံလောက် အသုံးပြုဖူးသူအတွက်တော့ လိုအပ်ချင်မှ လိုအပ်ပါမယ်။ ဒါပေမယ့် အခုမှ စကိုင်မယ့် သူတွေ အတွက် ကတော့ လိုအပ်နိုင်မှာမို့ သိရှိမှတ်သားသင့်တဲ့ အချက်တွေ ပါဝင်ပါသည်။အဲဒီတော့ ပထမဆုံး မိမိလက်ထဲကို Android ဖုန်းတစ်လုံး လက်ထဲရောက်လာချိန်မှာ ဘာတွေကို စတင် လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်တွေကို လူတိုင်း ကြိုတင်စဉ်းစားထားမယ်လို့ မထင်ပါဘူး။ တကယ်တော့ အခြေခံအားဖြင့် ဂိမ်းကစားတတ်တဲ့ သူက ဂိမ်းကစားမယ်။ အင်တာနက် သုံးတတ်တဲ့သူက အင်တာ နက်သုံးမယ်။ ဒီအတွက် ဂိမ်းဆိုရင်လည်း ဆိုင်က ဝယ်ကတည်းက ဂိမ်းလေးတွေကို တစ်ပါတည်း ထည့်သွင်းခိုင်းမယ်။ အင်တာနက်သုံးဖို့အတွက် စဉ်းစားသူကတော့ အင်တာနက်အတွက် လိုအပ်တဲ့ Gmail, Facebook, Gtalk, Skype, Viber အစရှိတဲ့ apps တွေကို ထည့်ခိုင်းမယ်။ ထို့နောက်လိုအပ်တဲ့ မြန်မာစာဖောင့် သွင်းတာတွေ လုပ်ခိုင်းမယ်။ ဒီအဆင့်လောက်မှာပဲ ရပ်သွားတယ်။ အမှန်တကယ်တော့ ဖုန်းဝယ်ပြီ ဆိုကတည်းက ဖုန်းကို ဖုန်းပြောဖို့အတွက်လောက်တော့ အသုံးပြုဖို့ မသင့်ပါဘူး။ ဖုန်းပြောဖို့ထက် များစွာ အသုံးဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ များစွာ ဖုန်းအတွင်းမှာ ပါဝင်ပြီး ဖြစ်သည်။ သို့အတွက် မိမိဝယ်ယူလိုက်တဲ့ ဖုန်းတစ်လုံးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးမပြုပဲ ဖုန်းပြောဖို့သက်သက်အတွက် ဆိုရင်တော့ ယခုခေတ်စားနေတဲ့ စမတ်ဖုန်းတွေကို ကိုင်ဖို့အတွက်တောင် မသင့်တော့ပါဘူး။ စမတ်ဖုန်းဆိုတဲ့ ရည်ရွယ်ချက်ကိုက စမတ်ကျကျနဲ့ အရာတော်တော်များများကို ဖုန်းအတွင်းကနေ လုပ်ဆောင်နိုင်စေဖို့ ဖြစ်သည်။

Google Play Store ကို အသုံးပြုခြင်း

သို့ပေမယ့် ပထမဆုံး လိုအပ်ချက်အဖြစ် အခြားအရာများကို မလုပ်ခင် ပထမဆုံးလုပ်ချင်တာလေးတွေကို ဖုန်းမှာ setting ချရပါမယ်။ အဲဒီအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်အဖြစ် ပထမဆုံး Google Play Store ဆိုတာကို သိဖို့ လိုအပ်သည်။ Google Play Store ဆိုတာ Android ကို တရားဝင် ထည့်သွင်းထားတဲ့ ဖုန်းများအတွက် တစ်ပါတည်း ပါဝင်ပြီးဖြစ်သော်လည်း အထူးသဖြင့် Huawei ဖုန်းများအတွက် မပါဝင်တတ်ကြပါဘူး။ ဒီအတွက် လုပ်ဆောင်စရာတွေ များစွာ လုပ်ဆောင်ဖို့ လိုအပ်နေတတ်ပြန်သည်။ ဘာကြောင့်လဲဆိုတော့ ဖုန်းအတွင်း Google Play Store ကို ထည့်သွင်းနိုင်ဖို့အတွက် Google ကနေ ပေးထားတဲ့ Google apps တွေကို ထည့်သွင်းဖို့ လိုအပ်ပြန်သည်။ အဲဒီအတွက် လိုအပ်တဲ့ Google apps တွေကိုတော့ အခြားလုပ်ဆောင်စရာ နည်းလမ်းများကနေ ရယူနိုင်သည်။ ယခုပြောမှာကတော့ Google Play Store ပါဝင်ပြီးသားဖြစ်သည့် စမတ်ဖုန်းများအတွက် ပထမဆုံးလုပ်ဆောင်ရမှာက Google Play Store ကို setup လုပ်ဖို့ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ Google Play Store ကနေ မိမိလိုချင်တဲ့ မိမိအတွက် အသုံးဝင်နိုင်တဲ့ apps တွေ များစွာ တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်တဲ့အတွက် ဖြစ်သည်။

Google Play Store ကို ဝင်ရောက်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမှာက Google account တစ်ခုရှိဖို့ လိုအပ်သည်။ မိမိအနေဖြင့် ဖုန်းတစ်လုံး ကိုင်ထားမယ် အင်တာနက်စနစ်ဆိုတာကိုလည်း အထိတွေ့ရှိမယ်ဆိုရင် မိမိမှာ Google account တစ်ခုတော့ ရှိမှာဖြစ်သည်။ မရှိဘူးဆိုရင်လည်း ပြဿနာမဟုတ်ပါဘူး။ အဓိက အနေဖြင့်တော့ မိမိဖုန်းကို အင်တာနက် ချိတ်ဆက်ဖို့ လိုသည်။ ရပြီိဆိုရင် Google account တစ်ခုကို အလွယ်တကူပြုလုပ်နိုင်သည်။ အဲဒီအဆင့်တွေကတော့ ကျော်သွားပါမည်။ မဟုတ်ပါက စာရေးသူ လိုချင်သည့်အချက်ကို မရောက်နိုင်မှာ ဖြစ်သည့်အတွက် ဖြစ်သည်။ Google Play Store ကို Google account ဖြင့် အလွယ်တကူ setup လုပ်နိုင်သည့်အတွက် Google Play Store ကနေ ဘယ်လိုမျိုး apps တွေကို ရယူမလဲဆိုတာကတော့ အတော်လေး လွယ်ကူသွားပြီ ဖြစ်သည်။ အဲဒီ Google Play Store ပေါ်မှာ apps ပေါင်း ၁ ဘီလီယံကျော်ရှိနေပြီး download အကြိမ်အရေအတွက်ပေါင်း ၁၀ ဘီလီယံလောက်အထိ အသုံးပြုနေကြသည်။ အဲဒီ သန်းနဲ့ချီပြီး ရှိနေတဲ့ apps တွေထဲကနေ မိမိလိုချင်တဲ့ apps တွေကို စစ်ထုတ်လိုက်မယ် ဆိုရင်တောင်မှ အတော်များများစားစားကို ရနိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ မိမိအတွက် အသုံးဝင်နိုင်တဲ့ apps တွေအားလုံးနီးပါးကို apps အဖြစ် မြင်တွေ့နိုင်သည့်အတွက် ဖြစ်သည်။ ဥပမာအနေဖြင့် မိမိက သတင်းတွေကို စိတ်ဝင်စားလို့ သတင်းတွေကို news feed အနေနဲ့ ဖတ်ချင်တယ်ဆိုရင် news feed အတွက် apps တွေများစွာ ရှိနေသည်။ ထိုကဲ့သို့ပင် အခြားသော မိမိအတွက် အသုံးဝင်မည့် အဘိဓာန်လိုမျိုးတွေလည်း များစွာရှိသည်။ ဘယ်နေရာသွားသွား မိမိရောက်ရှိနေသည့် နေရာကို တိကျစွာသိနိုင်ဖို့အတွက်က Google Maps လိုမျိုး မြေပုံရှိသည်။ ထိုအပြင် အခြားသော Google Maps လိုမျိုး apps တွေလည်း များစွာ ရှိနေသည်။ ဒါဟာ ဥပမာအနေဖြင့် ပေးထားခြင်းသာဖြစ်ပြီး မလိုအပ်ဘူးဆိုရင်တော့ ကျော်သွားနိုင်သည်။

UI စနစ်ကို ပြောင်းလဲခြင်း

UI ဆိုတာကတော့ Android ရဲ့ user interface တစ်ခုဖြစ်သည့်အားလျော်စွာ အသုံးပြုသူတွေအတွက်လည်း များစွာ အသုံးချနိုင်ခွင့်ကို ပေးထားသည်။ မိမိဖုန်းရဲ့ UI ကိုမကြိုက်ဘူးဆိုရင်လည်း မပြောင်းလဲနိုင်ဖို့အတွက် အခွင့်အရေးရှိသည်။ ဒါကတော့ နောက်ခံ wallpaper ကို ပြောင်းလဲနိုင်ခြင်း၊ lock screen ရဲ့ wallpaper ကို ပြောင်းလဲနိုင်ခြင်းနှင့် ဖောင့်စတိုင် (fonts) ကိုပြောင်းလဲနိုင်ခြင်းတို့ဖြစ်သည်။ ဒီထက် ပိုမိုထူးခြားတာမျိုးဆိုရင်တော့ launcher တွေများစွာရှိပြီး Google Play Store ကနေ အခမဲ့ရဝူနိုင်ကာ မိမိရဲ့ UI ပုံစံကို ပြောင်းလဲနိုင်သည်။ ဒါကတော့ အစစ်လိုမျိုးမဟုတ်ပဲ အမြင်ပုံစံ ပြောင်းလဲနိုင်ရုံဆိုပေမယ့် တကယ်တော့ မြင်ကွင်းပုံစံကို ပြောင်းလဲနိုင်တဲ့ အတွက် အများအမြင်မှာလည်း ပြောင်းလဲသွားသလို ဖြစ်စေသည်။ ဒါက သာမန်အဆင့်မြင်ကွင်းပုံစံကို ပြောင်းလဲခြင်းဖြစ်သည်။ ဒီအတွက် menu ကနေ setting ကနေတစ်ဆင့် display လိုနေရာမျိုးကနေ တစ်ဆင့် wallpaper, lock screen, fonts, launcher အစရှိတာတွေကို ပြုပြင်နိုင်သည်။ ဒါဟာ သာမန်ဖုန်းတစ်လုံးအတွက် အလုပ်လုပ်နိုင်တဲ့ ပြုပြင်မှုများဖြစ်သည်။ အဲဒီအတွက် နာမည်ကြီးတဲ့ launcher တွေလည်း များစွာ ရှိနိုင်သည့်အတွက် Google Play Store ကနေ ရှာဖွေနိုင်သည်။

Web Browsers

Web Browser ဆိုတာကတော့ အင်တာနက်သုံးဖို့အတွက် လိုအပ်မယ်လို့ ထင်သည်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ပါဝင်လာတက်တဲ့ browser တွေက မြန်မာဝက်ဆိုက်တွေကို ကြည့်ရင် မြန်မာစာဖောင့်တွေ မပါတာမျိုးဖြစ်တက်သည်။ ထို့ကြောင့် browser စစ်စစ် ကောင်းကောင်းလေးတစ်ခုဖြစ်ဖြစ် တင်ထားသင့်သည်။ ဘယ်လို browser ကို အသုံးပြုမယ်ဆိုတာကတော့ မိမိအသုံးပြုချင်တဲ့ အပေါ်မူတည်ပြီး စာရေးသူတင်ပြချင်တဲ့ browser ကတော့ မြန်မာ developer တွေ လုပ်ထားတဲ့ မြန်မာ browser တွေလည်း ရှိသည်။ သို့အတွက် အဲဒီ browser တွေကို ရွေးချယ်တင်ထားမယ်ဆိုရင် မြန်မာစာဖောင့်ကို ကောင်းကောင်းမြင်နိုင်မယ်လို့ ခန့်မှန်းမိသည်။ မြန်မာစာဖောင့်အတွက် အဆင်ပြေတဲ့ browser တွေကတော့ 1st Myanmar browser, MyanBrowser, FreeBrowser, Browser4MM, Mandalay browser အစရှိတဲ့ browser တွေများစွာ ရှိသည်။ ထို့နောက် မိမိကြိုက်နှစ်သက်ရာကို ထည့်သွင်း အသုံးပြုနိုင်သည်။

အခြားထည့်သွင်းသင့်သည့် apps များ

စမတ်ဖုန်းတစ်လုံး ကိုင်ပြီဆိုတာနဲ့ အနည်းဆုံးတော့ ကင်မရာရိုက်မယ်။ ဗီဒီယိုဖိုင်တွေကို ကြည့်မယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကိုတော့ လုပ်ဆောင်ကြမှာပါ။ ဒီတော့ ဗီဒီယိုဖိုင်ကို ကြည့်ဖို့အတွက်ဆိုရင် ပထမဆုံးပေးချင်တဲ့ music player ကတော့ MX player ဖြစ်သည်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အထူးကောင်းမွန်သလို ဗီဒီယိုဖိုင်တွေဖွင့်နိုင်တဲ့ player တွေထဲမှာလည်း အထူးကောင်းမွန်တဲ့ player ပဲဖြစ်သည်။ နောက်တစ်ခုကတော့ BS player ဆိုတာဖြစ်သည်။ အခြားကောင်းမွန်တဲ့ player တွေလည်း ရှိသေးသည့်အတွက် Google play store မှာ တိုက်ရိုက် player ဆိုပြီး ရှာဖွေကြည့်နိုင်သည်။

Social network နှင့် ဆိုင်တာမျိုးဆိုရင်တော့ ပထမဆုံး လိုအပ်မှာက facebook, twitter တို့ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ apps များဖြစ်သည်။ နောက်ထပ်တစ်ခုကတော့ Gtalk ဖြစ်သည်။ တကယ်လို့ Gtalk ကို မသွင်းနိုင်တဲ့ ဖုန်းတွေမှာဆိုရင်တော့ အခြား messanger တွေရှိသည်။ ဒီထက်ပိုပြီး လိုချင်ရင်တော့ အခြားလုပ်ဆောင်ချက်တွေများစွာ ပါဝင်သည့် apps များကို တိုက်ရိုက် ရှာဖွေနိုင်သည်။ နောက်တစ်ခုကတော့ ကင်မရာ ရိုက်ကူးနိုင်တဲ့ ဖုန်းတွေမှာ ကင်မရာဆိုတာပါလာတဲ့အတွက် ကင်မရာလည်း ရိုက်ကူးတက်ကြသည်။ သို့အတွက် အကောင်းဆုံးကင်မရာ apps တွေလည်းများစွာရှိနေသည်။ အခမဲ့ပေးထားတဲ့ apps တွေ များစွာရှိသလို ငွေပေးဝယ်ရတဲ့ apps တွေလည်းများစွာရှိသည်။ သို့အတွက် ဖုန်းအတွင်းမှာ ထည့်သွင်းထားတဲ့ ကင်မရာဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် အခြားသူထက် ကောင်းမွန်တဲ့ apps တွေ များစွာရှိနေသည့်အတွက် မိမိကိုယ်တိုင် တိုက်ရိုက်ရှာဖွေနိုင်သည်။

တို့အတူပဲ မိမိဖုန်းအတွက် အခြားလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း များစွာရှိနေသည့်အတွက် android ဖုန်းတစ်လုံး ဝယ်ထားပြီဆိုရင် အကောင်းဆုံးကတော့ မိမိဖုန်းမှာ ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာကို သိဖို့လိုသည်။ ထို့အတူ သိပြီးရင်လည်း အသုံးချဖို့လိုသည်။ သို့မဟုတ်ပါက android ဖုန်းတစ်လုံးကို ဝယ်ထားပြီး ဘာမှအသုံးမပြုဘူးဆိုရင် ဘာမှလည်း အသုံးမဝင်ပဲ ဖုန်းပြောဖို့လောက်သာ ဂိမ်းဆော့ဖို့လောက်သာ အသုံးဝင်တော့မှာ ဖြစ်သည်။

မိုးဆက်ကို

Ref & Credit to Smart Pro Journal

GSMနှင့် WCDMA ဖုန်းများမှတ ဆင့်မြန်မာကျပ်ေ ငွဖြင့်နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပြီ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ် ၍ ပြည်တွင်း ဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခ များကို

မြန်မာ ကျပ်ငွေများဖြင့် စတင် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န် ဆောင်မှု ပေးထားသည့် GSM နှင့် WCD­MA (3G) ဖုန်းများကို ဇွန်လ ၁ ရက်နေ့ မှ စတင်ကာ မြန်မာကျပ်ငွေဖြင့် စတင် ခေါ်ဆို နိုင်ပြီဖြစ်ပြီး အခြားဖုန်းများဖြစ်သော CDMA 800 MHz , CDMA 450 MHz နှင့် အော်တို တယ်လီဖုန်းများတွင် အသုံးပြုခွင့်ရ နိုင်ဦးမည် မဟုတ်သေးကြောင်း နှင့် မကြာမီ အချိန်တွင် စတင်ကာ ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာငွေကျပ်ဖြင့် စတင် ပြောင်းလဲ ကောက်ခံခြင်းမှာ ပိုမိုကောင်း မွန်သည့် စနစ်တစ်ခုဖြစ်ကြောင်း စမ်းသပ် သုံးစွဲသူ တစ်ချို့က ပြောကြားသည်။ " ဒါအမှန်တော့ ဖြစ်သင့်တာ ကြာပြီလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နိုင်ငံခြားခေါ်ဆိုမှု အတွက်ဆိုပြီး FEC ငွေကဒ် တွေကို ထုတ်ပေးထားတယ်။ ယခု FEC က တရားဝင် ပြန်သိမ်းနေပြီ ဆိုတော့ အဲဒီနေရာမှာ အစားထိုးတဲ့အနေနဲ့ လုပ်တာလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ယခုလို မြန်မာငွေနဲ့ ပြောင်းလဲ ကောက်ခံတာ ကောင်းတယ်လို့ ဆိုရမယ်။ ဈေးနှုန်းတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေအတိုင်း လျော့ချပေးမယ် ဆိုရင်တော့ ပိုကောင်းလာ ပါလိမ့်မယ်" ဟု အင်တာနက် ဆိုင် လုပ်ငန်း လုပ်ကိုင်နေသည့် သူတစ်ဦးမှ ပြောကြားခဲ့သည်။

နိုင်ငံခြား ခေါ်ဆိုမှုများ အတွက် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ ခြင်းကို prepaid Card စနစ်ကို အသုံးပြုသော ဖုန်းများအပြင် ယခင် FEC ငွေဖြည့်ကဒ်များကို ထည့်သွင်း အသုံးပြုသူများအနေဖြင့် မူလ အတိုင်း FEC ကို ပုံမှန်အတိုင်း ကုန်အောင် သုံးစွဲနိုင်မည်ဖြစ်ပြီး ကုန်သွားမှသာ မြန်မာကျပ် ငွေဖြင့် ပြောင်းလဲကောက်ခံ မည်ဖြစ်ကြောင်း လည်း သိရသည်။

ထိုကဲ့သို့ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ မှုကို ယခုလ ၁ ရက်နေ့ မှ စတင်ခြင်းဖြစ်ပြီး ထိုကဲ့သို့ စတင် ပြောင်းလဲမှု များကြောင့် ၊ ပြည်တွင်းဖုန်း ခေါ်ဆိုခ များမှာလည်း တစ်မိနစ်ကို ၆ ကျပ် ၊ ၇ ကျပ် ၊ ၈ ကျပ် အစရှိသဖြင့် သာလျော့နည်း ဖြတ်တောက် ထားခြင်းများ ဖြစ်ပေါ်လာသည့် အတွက် Face­book လူမှု ကွန် ယက် အသုံးပြုသူများ အကြား သတင်းများ ပျံ့နှံကာ ချက်ချင်း အများသူငါများ သိရှိခဲ့သည်။ သို့သော် လည်း အဆိုပါ အဖြစ်အပျက်ကို မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ အချိန်မီ သိရှိကာ ပြန် လည် ပြုပြင် မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နေ့`လည်ပိုင်း တွင် မူလပုံမှန်အတိုင်း တစ်မိနစ်လျှင် ငွေကျပ် ၅၀ ဖြင့် သာ ပြန်လည်ကောက်ခံ လျှက်ရှိ ကြောင်း သိရသည်။

ယခုကဲ့သို့ ပြောင်းလဲကောက်ခံရာတွင် ပြည်ပ နိုင်ငံတော်တော် များများကို နှုန်းထား တူဖြစ်သည့် တစ်မိနစ် ၉၀၀ ကျပ် (သို့) ကန်ဒေါ်လာ ၀.၉၀ ပြား နှင့် ကောက်ခံလျှက်ရှိပြီး တစ်ချို့နိုင်ငံများ အတွက် ကတော့ ဈေးနှုန်း များ ကွာခြားနိုင်ကြောင်း Elite Tech Group ၏ Facebook စာမျက်နှာ တွင် ဖော်ပြ ထားသည်။ ထိုအပြင် လက်ရှိအချိန်တွင် ဖုန်းခေါ်ဆိုခများ အဖြစ် အော်တိုတယ်လီဖုန်းများ အတွက် မြို့တွင်း တစ်မိ နစ်ကို ၁၅ ကျပ် ၊ နယ်ကို ၂၅ ကျပ် နှင့် မိုဘိုင်းဖုန်းများအားလုံး တစ်မိနစ် ၅၀ ကျပ်ကောက် ခံလျှက် ရှိသည်။

ဇေယျာ

Easy Dialer for Android

ဖုန်းခေါ်ဆိုတဲ့ Dialer Screen နောက်ခံကို ကိုယ်ကြိုက်နှစ်သက်ရာဓာတ်ပုံထားနိုင်တဲ့ Android ဖုန်းဆော့ဝဲလေးပါ။ ဆော့ဝဲရဲ့နာမည်က Easy Dialer လို့ခေါ်ပါတယ်။ Dialerရဲ့နောက်ခံမှာ ကိုကိုတွေ ညီညီတွေကတော့ ပုံထဲကလိုလန်းပြီးတော့ မမတွေညီမတွေက  ကိုးရီးယားမင်းသားနဲ့လန်းချင်ရင် Easy Dialer for Android ကိုသုံးလိုက်ပါ။ Easy Dialer for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


Download From Google Drive

Download From Mediafire

7-Data Recovery Suite 2.0.0Multilanguage portable



ကဲ..ကွန်ပြူတာမှာ မှားပြီးဖြတ်မိတာတွေကို Recovery ပြန်လုပ်ချင်သူများအတွက် ဒါလေးလည်း ကောင်း ပါတယ် portable လေးမိုလို့  ပန်ဒရိုက်ထဲမှာထည့်ပြီး သိမ်းထားလို့ ရတယ်
လိုအပ်တဲ့ အချိန်ကောက် သုံးလိုက်လို့ ရတယ်ဗျာ...အခုလောလောဆယ်ဒါလေး စမ်းကြည့် အုံးဗျာ နောက်လည်း ကောင်းတဲ့Recoveryဆော့ဝဲတွေ တင်ပေးပါမယ်
အောက်က လင့်တွေမှာဒေါင်းလော့ရယူပါ

ဒီမှာယူzippyshare
ဒီမှာလည်းရတယ်mega
ဒီမှာယူလည်းရတယ်sharebeast.com

အဆင်မပြေတာရှိရင် khingsoeomg@gmail.com သို့ မေးမြန်းနိင်ပါတယ်
Adminခိုင်စိုး(ရောသမမွှေ)

From: မောင်စွယ်စုံကျမ်း

ဈေးသက်သာ အဆင့်မြင့်စမတ်ဖုန်း Caeser A9800


၅.၇ လက်မ အရွယ်  Caeser A9800 Android 3G Smartphone  ဖြစ်ပြီး Android 4.1 OS ကို အသုံးပြု ထားပါတယ်။ Quad Core  Processor အသုံးပြုပြီး 1.2 GHz 1GB RAM ရှိပါ တယ်။ ကင်မရာ 12 MP တောင် support လုပ်ထားပါတယ်။

ဈေးနှုန်းက ၂၅၅ ဒေါ်လာပါ။ မြန်မာကျပ်ငွေနဲ့ဆိုရင် ၂သိန်းခွဲထက် မပိုတဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ ယင်းဈေးနှုန်းနဲ့ Quad core processor ပါ ကင်မရာ 12 MP ဖုန်းဆိုတာ အနေတော်ပါပဲ။ ဝယ်ယူ ရန်နဲ့ ပစ္စည်း အသေး စိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

Color: Grey
OS: Android 4.1
CPU: MTK6589 Cortex-A7 Quad Core 1.2GHz
ROM: 16GB
RAM: 1GB
Battery: 3200mAh Li-ion
IPS capacitive touch (Multi-point) screen
Network frequency: GSM 850/900/1800/1900MHz WCDMA 850/2100MHz
Dual SIM, Dual standby
Dual cameras (the back one with flash light and auto focus)
Wireless internet
Gravity sensing system
FM/MP3/MP4/Bluetooth/GPS function supported

Aung Kham (TSJ team)

Techspace Journal

Source-----> Click  Here

ဆမ်ဆောင်းဖုန်းများ မြန်မာစာစနစ် ပြန်ပြင်နေ

ချိုကို၊ တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ်

လူသုံးများ ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ်ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်းငယ်ရှိနေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Samsung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်
သော Mobitel Distribution မှ ကိုကောင်းဆက်က ပြောသည်။

ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့အပိုင်းလေးတွေရှိတယ်။ မြန်မာစာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲ အမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါတွေ ပြင်နေတယ်။ နောက်ထပ် ၁၅ရက်လောက်ဆို အားလုံး အကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ရက် က ပြောသည်။

ဆမ်ဆောင်း ဟန်းဆက်များတွင် မြန်မာစာစနစ် တစ်ပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းက
ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Samsung Galaxy S4 နှင့် Samsung Grand ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်
သွင်းပေးထားသည်ဟု ဆမ်ဆောင်းကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။

၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာစကား ထည့်သွင်းဖို့
လုပ်နေတယ်။ ဆမ်ဆောင်းဟန်းဆက်မော်ဒယ် အကုန်လုံးမှာ ထည့်သွင်းပေးသွားဖို့ရှိတယ်။ လောလောဆယ်တော့ အရောင်းများတဲ့မော
ဒယ်တွေမှာပဲ အရင်ထည့်သွင်းပေးသွားဦးမယ်ီ”ဟု ပြောသည်။

ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root ဖောက်သည့်
အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့်အခက်အခဲများ ပြေလည်သွားမည်ဖြစ်သည်။

ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက်မရနိုင်
တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီတွေမှာ ဒီနေ့ရောင်းလိုက်ပြီ
ဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ် Serivce Centre ကို ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့
ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့
အခါ ဖြစ်လာတဲ့ပြဿနာတွေကို သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု ပြောသည်။

ဆမ်ဆောင်းအမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်းသို့ မြန်မာစာစနစ် တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်း ပြည်တွင်းဟန်းဆက်အရောင်းဆိုင် အများစု က သုံးသပ်ကြသည်။

Mizzima - News in Burmese