Monday, June 24, 2013

PicGet Magic Photo Editor v6.1 for Window XP/7/8



ဓါတ်ပုံပြင်တဲ့ program ပါ။ ဓါတ်ပုံပြင်တဲ့ အခြေခံ မရှိသူတွေလည်း အလွယ်တကူ ပြုပြင်နိုင်တဲ့ photo editing program လေးပါ။ background များ ပြောင်းလဲနိုင်သလို ပြုပြင်နိုင်တဲ့ tools တွေ အများ အပြား ပါဝင်ပါတယ်။ လိုချင်တဲ့သူများ  Download လုပ်လိုက်ပါ။



Ref & Credit to ညီနေမင်း (နည်းပညာ)

** Android ဖုန်းကို Wireless Mouse အဖြစ် အသုံးပြုခြင်း **




ဒီရက်ပိုင်း Wifi နဲ့ပက်သတ်တာတွေ ဓါတ်ကျနေတယ်ဗျာ။
အခု Android ဖုန်းတစ်လုံးကို Wireless Mouse/Remote အဖြစ်
အသုံးပြုနည်းလေး တင်ပေးလိုက်ပါတယ်။

လိုအပ်တာတွေကတော့ ဖုန်းမှာ Wifi Mouse app ကို သွင်းထားရမယ်။
ဖုန်းနဲ့ချိတ်မယ့် ကွန်ပျူတာမှာ MouseServer software သွင်းရမယ်။
လိုအပ်တဲ့ apk နဲ့software ကို အောက်မှာ download ဆွဲလိုက်ပါ။
အသုံးပြုပုံကတော့ လွယ်ပါတယ်။

မိမိဖုန်းရဲ့ Setting ထဲကို သွားပါ။
Tethering and portable hotspot ထဲကို ၀င်ပြီး
Portable Wi-Fi hotspot ကို ဖွင့်ပေးပြီး ဖုန်းကနေ wifi လွှင့်လိုက်ပါ။
ကွန်ပျူတာကနေ ဖုန်းရဲ့ wifi လိုင်းကို လှမ်းချိတ်လိုက်ပါ။
ပြီးရင် ကွန်ပျူတာမှာ MouseServer ဆော့ဝဲကို install လုပ်ပြီး ..
ဖွင့်ထားလိုက်ပါ။ ဖုန်းထဲမှာ သွင်းထားတဲ့ Wifi Mouse app ကို
ဖွင့်လိုက်ပါ။ Auto Connect ဆိုတာကို နှိပ်လိုက်ပါ။ ဒီလောက်ပါပဲ။

ဖုန်းကို Wireless Mouse တစ်လုံးအဖြစ် အသုံးပြုနိုင်သွားပါပြီ။
Mouse အနေနဲ့တင်မကဘူး Keyboard , media , hot key , shut down
စတာတွေပါ အသုံးပြုလို့ရပါတယ်။ သုံးရတာလဲ ချောမွေ့ပြီး လန်းပါတယ်။
Wifi Mouse app မှာ Keyboard function ပါ ထည့်ပေးထားလို့ ..
ဖုန်းကနေ ကွန်ပျူတာရဲ့ Note Pad (သို့) စာရိုက်တဲ့ ဆော့ဝဲတွေမှာ
စာလှမ်းရိုက်လို့ ရပါတယ်။ Media Player တွေမှာလဲ remote control
အနေနဲ့ အသုံးပြုနိုင်တယ်။ computer ကို ဖုန်းကနေပြီး shut down
လုပ်လို့ရတယ်။ တကယ် အသုံးဝင်တဲ့ဟာလေးဗျ။
ဆွဲကြပေဦး ဘော်ဒါတို့

















Credit: Happy Android World

VZO PORTABLE & အကောင့် ဖွင့်နည်း











ကိုခန့်:အကို VZOအကောင့်လုပ်နည်းပြောပြပါနော်အကို...မလုပ်တတ်လို့ပါ..ကျေးဇူးတင်ပါတယ်။
အမည်မသိ: Bro... ခင်ဗျာ....ကျွန်တော်ဖွင့်ကြည့်တာ.....နည်းလမ်းတွေလားဘာတွေလားတော့ ဖတ်မရလို့ကျွန်တော်မသိပါဘူး........အဆင်ပြေမယ်ဆိုရင် မြန်မာလိုမြင်ရအောင် အရင်လုပ်ပေးစေချင်ပါတယ်။။
Bro ကိုအလုပ်ရှုတ်အောင် တောင်းဆိုမိတဲ့အတွက်တော့ တောင်းပန်ပါတယ်ခင်ဗျာ.........
ကျွန်တော်တကယ်မလုပ်တတ်လို့ပါ..
လုပ်တတ်ကြမယ်ထင်လို့ ရေးမပေးဖြစ်တာပါ ... တကယ်တမ်း လွယ်ပါတယ်...။

ခုအောက်မှာတင်ပေးထားတဲ့ ဒီ VZO Portable ကို ဒေါင်းယူပြီး Portable VZO Chat-www.winkabarkyaw.net-.exe ဖိုင်လ်လေးကို Double Click နဲ့ မိမိတို့ ကွန်ပျူတာထဲကို Installပေးလိုက်ပါ... (ဘယ်လို ဒေါင်းယူရမလဲ မသိရင် ဒီနေရာက Video လေးကိုကြည့်ပြီး ဒေါင်းယူပါ)
Portable Version ကအဆင်မပြေရင် ဒီ မူရင်းဆိုက်ဒ် ကနေ နောက်ဆုံး Update Version ကိုလည်း ဒေါင်းယူနိုင်ပါတယ်... (အသုံးပြုရတာ လွယ်လို့ ဒီ Portable Version ကိုတင်ပေးလိုက်တာပါ Update တောင်းရင်Update လုပ်ပေးလိုက်လဲရပါတယ် No ကိုနှိပ်ပြီး Cancle ကိုနှိပ်လည်းရပါတယ်... Freeware လေးပါ.. 3.36MBပဲရှိပါတယ်.. Portable ဆိုတော့ အင်တာနက်ဆိုင်ကို သွားသုံးတဲ့အခါ USB လေးထဲထည့်ပြီး သယ်သွားလို့ရတာပေါ့နော် )

Install ပြီးလို့...
အောက်ကပုံလေးအတိုင်းပေါ်လာရင် ....





အကောင့်ဖွင့်ဖို့ မျှားပြထားတဲ့ Get your VZOchat ID ဆိုတဲ့နေရာကို နှိပ်လိုက်ပါ.....





အဲ့ဒီနေရာကို တန်းရောက်သွားပါလိမ့်မယ် (1) မှာ ကိုယ်ပိုင် နာမည်တစ်ခုခု ရေးထည့်ပါ (နာမည်တူတွေရှိရင် အောက်က အနီရောင်လေးနဲ့ ပြနေပါတယ်.. တကယ်လို့ နီနေရင် ကိုယ်မှတ်မိလွယ်တဲ့ အခြား နာမည် တစ်ခုခု ထပ်ရေးထည့်ပါ)

(2) မှာ မိမိသုံးနေတဲ့ Email လိပ်စာကို ရေးထည့်ပါ..။
(3) နဲ့ (4) မှာ Password နှစ်ခုစလုံး တူအောင် ရိုက်ထည့်ပေးပါ (မှတ်ထားပေါ့ဗျာ အဲ့ဒီ Password နဲ့ Loginဝင်ရမှာဆိုတော့)
(5) (6) (7) တွေကတော့ လိင် ယောက်ျား၊မိန်းမ, နေထိုင်ရာ နိုင်ငံ,ကိုယ်နေထိုင်ရာ မြို့အမည်တွေကို ရွေးပေးရမှာပါ အမှန်ထည့်ရင်လည်းရသလို မမှန် မကန်ထည့်ရင်လည်းရပါတယ်...။


(8) မှာ အမှန်ခြစ်လေး တပ်ပေးပါ (9) ကို နှိပ်ပြီး Register လုပ်ပေးလိုက်ပါ.. နောက်ကျန်တာတွေကတော့ မိမိ သဘောအတိုင်း ဆက်သွားနိုင်ပါတယ် .. အကောင့် ဖွင်ပြီး သုံးရုံလောက်ဆိုရင် ဒီလောက်နဲ့ လုံလောက်ပါပြီ.... ။

မိမိဖွင့်ထားတဲ့ VZO ဆီကို ပြန်သွားပြီး...


(1) ကိုနှိပ် (2) login ကတဆင့်...


စောစောက ဖွင့်ထားတဲ့ VZOchat ID နာမည်နဲ့ Password ကို ရိုက်ထည့်ပေးပြီး OK ကိုနှိပ်လိုက်ရင် တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ ဘယ်လေက်ဝေးဝေး အင်တာနက်ရှိရုံနဲ့ အရုပ်ချင်းကြည့်ပြီး စကားပြောနိုင်ပါပြီ....။

Download Here


အာလုံး အဆင်ပြေကြပါစေ..


ဝင်းကမ္ဘာကျော်