Monday, July 1, 2013

အခမဲ့ Message ပို့နိုင်သော ဖုန်းဆော့ဝဲ WhatsApp ၂၄ နာရီအတွင်း Massage ၂၇ ဘီလီယံ အသုံးပြုမှု စံချိန်ရရှိ

Multi Media Massage ဝန်ဆောင်မှု ပေးလျက်ရှိသော WhatsApp ကုမ္ပဏီမှ ဇွန်လ ၁၃ ရက်နေ့တွင် ၂၄ နာရီအတွင်း Massage အသုံးပြုမှု စံချိန်သစ်တစ်ရပ်ကို ထုတ်ပြန် ကြေငြာခဲ့ကြောင်း သိရသည်။ အဆိုပါ စံချိန်သစ်မှာ WhatsApp ကို ၂၄ နာရီအတွင်း Massage အစောင်ရေ ၂၇ ဘီလီယံအထိ အသုံးပြုခဲ့သော စံချိန်သစ်တစ်ရပ် ဖြစ်ကြောင်း သိရသည်။ စံချိန်ဟောင်းမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၂၄ နာရီအတွင်း ၁၈ ဘီလီယံ အသုံးပြုသော စံချိန်ဖြစ်သည်။ WhatsApp သည် ယခုနှစ် အသုံးပြုသူဦးရေ တိုင်းတာချက်အရ သန်း ၂၀၀ ကျော် ရှိနေပြီဖြစ်ရာ Black Berry က ဆိုသည်။ ယခုအချိန်တွင် WhatsApp သည် ကမ္ဘာ့ Massage အသုံးပြုမှု အများဆုံး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး WhatsApp အနေနှင့်လည်း အကောင်းဆုံး ဝန်ဆောင်မှုကို ထပ်မံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ WhatsApp ကဲ့သို့ ဝန်ဆောင်မှုပေးသော KakaoTalk ကုမ္ပဏီမှာ တစ်ရက်လျှင် အသုံးပြုသူ ၉၆ သန်းမှ Massage ၅.၂ ဘီလီယံသာ အသုံးပြုပေးလျက်ရှိကြောင်း သိရသည်။ WhatsApp မှာ ဆက်သွယ်ရေးလိုင်းများမှ ပေးသော MMS ဝန်ဆောင်မှုကဲ့သို့ အသုံးပြုနိုင်သော App တစ်ခု ဖြစ်သည့်အပြင် ဝန်ဆောင်ခမှာ WiFi ကွန်နက်ရှင်နှင့် အသုံးပြုပါက အလကား အသုံးပြုနိုင်သလို ဆက်သွယ်ရေး လိုင်းပေါ်မှ Mobile Data ဖြင့် အသုံးပြုလျှင် ဈေးနှုန်း အနည်းငယ်သာ ကျင့်သင့်မည့် App တစ်ခုလည်း ဖြစ်သည်။ WhatsApp ကို iOS၊ Amdroid၊ Windows Phone၊ Black Berry နှင့် Symbian OS တို့တွင် အသုံးပြုနိုင်ကြောင်း သိရပါသည်။

Ref & Credit to Smart Pro Journal
From: Myanmar Mobile

0 comments: