Monday, July 1, 2013

မြန်မာ့ဆက်သွယ်ရေးတင်ဒါ ရှုံးသော Digicel နှင့် Singel ရှယ်ယာဈေးများကျဆင်းနေ


မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ကို နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာကုမ္ပဏီ Ooredoo တို့က တင်ဒါအောင်မြင် ပြီးနောက် တင်ဒါ မအောင်မြင်သော ကုမ္ပဏီအချို့ ရှယ်ယာဈေးများ ကျဆင်း သွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုတွင် အာရှထိပ်တန်း အဆင့်ရှိသော စင်ကာပူ ဆက်သွယ်ရေး လုပ်ငန်း SingTel သည် တင်ဒါ ရှုံးနိမ့်ပြီးနောက် ယင်းလုပ်ငန်း၏ ရှယ်ယာဈေးသည် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

တင်ဒါ ရရှိသည့် ကုမ္ပဏီကို မကြေညာခင်က တင်ဒါအောင်မည်ဟု ရေပန်းစားခဲ့သော Digicel ၏ ရှယ်ယာဈေးများလည်း ကျဆင်းသွားကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံ့လူဦးရေနှင့် ယှဉ်လျှင် တယ်လီဖုန်း အသုံးပြုမှု အလွန်နည်းပါး နေသေးသော မြန်မာနိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဆက်သွယ်ရေး ကွန်ရက် ရရှိအောင် လုပ်ဆောင်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အသံနှင့်အချက်အလက် နှစ်မျိုးလုံး အသုံးပြုနိုင်မည့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိသွားသော Telenor ကုမ္ပဏီက ကြေညာသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ဈေးကွက် ယှဉ်ပြိုင်မှုအရ တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများ လျှော့ချမည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

Ref & Credit to The Voice Weekly

0 comments: