Sunday, July 7, 2013

*** Android ဖုန်းထဲမှ data တွေကို Internet ချိတ်ထားသော .. ကွန်ပျူတာကနေ တိုက်ရိုက်လှမ်းယူ/ပို့ဆောင်နည်း ***


ဒီနည်းလေးကတော့ အင်တာနက်မှနေပြီး ဖုန်းထဲမှ data file များကို .. ၀င်ရောက်ရှာဖွေ ကာ ယူနိုင်တဲ့ နည်းလမ်းလေးပါ။ အတော်လန်းပါတယ်။ ကျွန်တော်တို့တွေ data မျှဝေတဲ့အခါ Online Storage တွေဖြစ် တဲ့ .. Media Fire , Dropbox အစရှိတာတွေနဲ့ မျှဝေကြတယ်။ ဒါက လူအများကို မျှဝေတဲ့ အခါ အသုံးပြု တဲ့နည်းတွေ ပါ။ ဒါဆို တစ်ယောက်ယောက်ဆီကို .. ကိုယ့်ကွန် ပျူတာ ထဲမှာရှိတဲ့ file တစ်ခုခု သူ့ဖုန်းဆီ တိုက်ရိုက်လှမ်းပို့ချင်ရင် ဒီနည်းလမ်းလေးက အသုံးဝင်ပါတယ်။ ဖုန်းထဲက file ကိုလဲ ..
ကွန်ပျူတာ ကနေ လှမ်းယူနိုင်လို့ တကယ် အသုံးဝင်တဲ့ နည်းလေးပါ။ တစ်နည်းပြောရရင် private upload & download သဘောမျိုးပေါ့ဗျာ။ file များ ပို့ဆောင်ရာတွင် မြန်ဆန်ပြီး အသုံးပြုပုံကလဲ လွယ်ကူပါတယ်။ အခု စမ်းချင်တယ်ဆိုရင် ကိုယ့်ဖုန်းနဲ့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ကာ ..
အရင်စမ်းကြည့်ပေါ့။ အဆင်ပြေသွားရင် တစ်ယောက်ယောက် ဖုန်းနဲ့ ကိုယ့်ကွန်ပျူတာ ချိတ်ပြီး စမ်းကြည့်ပေါ့ဗျာ။

ကဲ .. ဒီလိုလေးလုပ်

လိုအပ်ချက်အနေနဲ့ကတော့ ကျွန်တော် အောက်မှာ တင်ပေးထားတဲ့ .. Wifi File Browser app ကို download ဆွဲလိုက်ပါ။ ဖုန်းထဲတွင် Wifi File Browser app ကို install လုပ်ပါ။ ဖုန်း internet ကို ဖွင့်လိုက်ပါ။ ပြီးရင် Wifi File Browser app ကို ဖွင့်ပါ။ Start ကို နှိပ်ပါ။
နှိပ်လိုက်တာနဲ့ IP Address တစ်ခု ဖော်ပြပါလိမ့်မယ်။
“ http:// ......................... ” ဆိုပြီး ဖော်ပြပါလိမ့်မယ်။

ကွန်ပျူတာကနေ Browser တစ်ခုခု ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ ..
FireFox နဲ့စမ်းခဲ့ပါတယ်။ Address bar မှာ ခုနက IP Address ကိုရိုက်ပါ။
ဒါဆိုရင် Wifi File Browser ဆိုပြီး Web Page တစ်ခု ကျလာပါမယ်။
ဖုန်းထဲက file များကို တစ်ခါတည်း တန်းမြင်နေရပါပြီ။ တကယ်လို့ ..
တစ်ခါတည်းမမြင်ရရင်လဲ Web Page အပေါ်နားမှာ ကိုယ့်ဖုန်းထဲကို ..
Browse လုပ်ဖို့ path လမ်းကြောင်း ပါရှိပါတယ်။ SD Card ထဲက file ကို
လိုချင်ရင် sdcard0 ဆိုပြီး ရှာဖွေကာ ယူနိုင်ပါတယ်။

ဖုန်းထဲမှ နှစ်သက်ရာ file တစ်ခုခုကို အမှန်ခြစ်ပေးပြီး Web Page ရဲ့
အပေါ်နားက Download ဆိုတာကို နှိပ်လိုက်ပါ။ download box ကျလာပါမယ်။ Ok နှိပ်လိုက်ရင် ဖုန်းထဲမှ file သည် ကွန်ပျူတာထဲသို့ download လုပ်ကာရောက်ရှိသွားပါပြီ။ ဒါက ဖုန်းထဲမှ file ကို ကွန်ပျူတာကနေ လှမ်းယူတာပါ။

ကွန်ပျူတာထဲမှ file တစ်ခုခုကို ဖုန်းထဲကို လှမ်းပို့ချင်တဲ့အခါ ..
Web Page ရဲ့ ညာဘက် အပေါ်နားက Upload Files ဆိုတာရဲ့အောက်မှာ
Browse ကို နှိပ်ပါ။ ကွန်ပျူတာထဲမှ နှစ်သက်ရာ file တစ်ခုခုကို ရွေးလိုက်ပါ။
ပြီးရင် Upload ဆိုတာကို နှိပ်လိုက်ရင် ကွန်ပျူတာထဲမှ file သည် ..
ဖုန်းထဲသို့ ရောက်ရှိသွားပါမယ်။ file size အနည်းအများပေါ်မူတည်ပြီး ..
အချိန်ပေးရပါမယ်။ file transfer လုပ်တာလဲ အတော်မြန်တာတွေ့ရတယ်။

ဒီလောက်ဆို အသုံးပြုနည်း နားလည်သဘောပေါက်လောက်မှာပါ။
အခြေနေအမျိုးမျိုးတွင် အသုံးပြုနိုင်တယ်။ ဥပမာ အိမ်မှာ ဖုန်းမေ့ကျန်ခဲ့တယ်။
ဖုန်းထဲမှ အရေးကြီး data တွေကို လိုချင်တဲ့အခါ အိမ်ကလူတစ်ယောက်ယောက်ကို အထက်ပါနည်းအတိုင်း Wifi File Browser app ကိုဖွင့်ခိုင်းပြီး IP Address ရိုက်ကာ မိမိဖုန်းထဲမှ data များကို အဝေးတစ်နေရာကနေ လှမ်းယူနိုင်ပါတယ်။ သူငယ်ချင်းဆီ ကိုယ့်ကွန်ပျူတာထဲမှ file တစ်ခုခုကို ပို့ချင်တဲ့အခါ သူ့ဖုန်းထဲမှာ Wifi File Browser app ရှိနေရင် သူ့ဖုန်း IP Address ကိုရိုက်ပြီး ကွန်ပျူတာကနေ သူ့ဖုန်းဆီ file များ ပို့ဆောင်နိုင်ပါတယ်။ အားလုံးအတွက် အသုံးဝင်မယ့် နည်းလမ်းလေးဖြစ်လို့ သေချာ Review ရေးပေးလိုက်ပါတယ်။
Wifi File Browser app ကို Android 2.2 နှင့်အထက် ဖုန်းများတွင်သုံးနိုင်တယ်။





Download From Google Drive

 

Download From Mediafire


ပျော်ရွှင်ပါစေ။

0 comments: