Thursday, May 30, 2013

CPE 17 AUTORUN KILLER WITH MYANMAR VERSION ( 54 KB )


Software ရဲ့ ဆိုဒ်အရွယ်အစားကတော့ သေးသေးလေးဆိုမှ တကယ့်သေးသေးလေးပါ..သို့ပေမယ့် အစွမ်းထက်ပုံကတော့ Antivirus ကြီးတွေနဲ့ တွဲပေးလိုက်ရင် ကွန်ပျူတာတစ်ခုလုံးလုံခြုံရေးအတွက် အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးမယ့်

သက်တော်စောင့်ဖြစ်သွားပါလိမ့်မယ်..ဟုတ်ကဲ့..ရှင်းပြပါ့မယ်

Software ရဲ့နာမည်က CPE 17 Autorun Killer ထိုင်းနိုင်ငံက အထက်တန်းကျောင်းသားတွေထဲက Programmer တစ်ဦးကရေးဆွဲထားပါ...ဘယ်လောက်တောင်အသုံးဝင်လဲဆိုရင် USB Disk Security Software ထက် အဆပေါင်းများစွာ Virus ကို အသက်ဝင်အောင်မောင်းနှင်ပေးမယ့် Autorun ရဲ့ ရန်ကနေ အကောင်းဆုံးကာကွယ်ပေးမှာပါ..ရှင်းပြပါဦးမယ် Virus တစ်ကောင် အသက်ဝင်နိုင်ဖို့ Autorun.inf ဆိုတဲ့ ဖိုင်လေးတစ်ဖိုင်ကနေ မောင်းနှင်ပေးပါတယ်...Autorun.inf ဆိုတဲ့ဖိုင်သာမရှိတော့ရင် Virus ဟာလည်း အလုပ်လုပ်နိုင်တော့မှာမဟုတ်တော့ပါဘူး..ဒီ Software လေးက Memory Stick တွေထဲမှာပါလာတဲ့ Virus Autorun Files မှန်သမျှကို ချက်ချင်းကို သတ်ပစ်မှာဖြစ်တဲ့အတွက် Memory Stick ထဲမှ Virus များ ကွန်ပျူတာ အတွင်းသို့ဝင်ရောက်ခြင်းမှ အကောင်းဆုံး ကာကွယ်နိုင် မှာဖြစ်ပါ တယ်..ဒါအပြင် Virus အကိုက်ခံနေရတဲ့ကွန်ပျူတာတွေအတွက်လည်း Registry , CMD တို့ကို ဒီ Software ကနေတစ်ဆင့်ဝင်ရောက်နိုင်ပြီးပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်..Install လုပ်စရာမလို ..One Click ဖြစ်ပြီး ကွန်ပျူတာအတွက်အမြဲတမ်းအလုပ်လုပ်ပေးနေမှာဖြစ်ပါတယ်...Memory Stick ထိုးတိုင်း Virus ကင်းရင် အစိမ်းရောင်စာသားနဲ့ပြပေးမှာဖြစ်ပြီး Virus ရှိနေရင်တော့ အနီရောင် စာသားတွေ နဲ့ ပြသမှာဖြစ်ပြီး အလိုအလျှောက် Virus အသက်ဝင်အောင် မောင်းနှင်ပေးမယ့် Autorun.inf ကိုသတ် ပစ်မှာဖြစ်ပါတယ်..CD/DVD အခွေတွေထဲက
Virus ၀င်ရောက် မှုကိုလည်း ကာကွယ်တားဆီးမှာဖြစ်ပါတယ်.ဒါ့အပြင် အခြားအသုံးဝင် Tools များစွာ လည်း ပါဝင်တဲ့အတွက် ကွန်ပျူတာအသုံးပြုသူတိုင်း မရှိမဖြစ် ဆောင်ကိုဆောင်ထားရမယ့် အလွန် အစွမ်းထက် Software လေးဖြစ်ပါတယ်ခင်မျာ... Software ကို မြန်မာ နာမည်တွေနဲ့ ပြန်ကလိထားပါတယ်.. :-)

Download=> Link 1  Solidfiles

Download=> Link 2 Zippyshare


Antivirus အချို့က ဒီ Software လေးကို Virus ဆိုပြီးသတ်မှတ်ပါတယ်.ဒါဟာ Virus မဟုတ်ပါဘူး..Virus သတ်နိုင်ဖို့အတွက် Source Code ရေးရာမှာအမည်ပေးတာတူနေတဲ့အတွက် Antivirus ကြီးတွေက ဒီ Software လေးကို Virus့ သတ်မှတ်လိုက်တာပါ..သူတို့နေရာဝင်လုမှာစိုးလို့ပါ..ကြီးနိုင်ငယ်ညှဉ်းပေါ့ဗျာ.. Software တွေမှာတောင်ရှိကြပါတယ်... :-)

0 comments: