Saturday, August 3, 2013

Myanmar Mobile Zawgyi Changer 2 v1.0.3 for Android




Android ဖုန်းတွေကို မြန်မာစာအလွယ်တကူထည့်သွင်းဖို့ Tool ဖြစ်တဲ့ Myanmar Mobile Zawgyi Changer 2 ကို version 1.0.3 အနေနဲ့ထပ်မံထုတ်ဝေလိုက်ပါတယ်။
ဒီ version မှာပြင်ဆင်ထားချက်တွေကတော့

- ယခု Zawgyi Changer နဲ့ font ချိန်းရာတွင် ယခင်က နှစ်ကြိမ်ထက်ပိုပြီး ဖောင့်မချိန်းနိုင်ရန်ကန့်သတ်ထားရာမှ ယခုအကြိမ်အရေအတွက်အကန့်အသတ်မရှိ ချိန်းနိုင်ရန် ပြန်လည် ပြင်ဆင်လိုက်ခြင်း

- မူရင်းတရုတ်ဖောင့်မပျောက်စေရန် ပြန်လည်ပြင်ဆင်ပေးထားခြင်း ။
(တရုတ်ဖောင့်ပျောက်သွားသောဖုန်းများ ” ဇော်ဂျီဖောင့် + မြန်မာကီးဘုတ်သွင်းရန်” ခလုတ်ကိုနှိပ်၍ပြန်လည် fix လုပ်ပါ။)

- Font install function နှင့် font fix function ဟူ၍ နှစ်ပိုင်းခွဲခြားသတ်မှတ်ထားခြင်း
- ယခင် version တွေတုန်းက ရှိခဲ့တဲ့ Error (ဖုန်းတစ်ချို့မှာကြုံရတဲ့ error တစ်ချို့) ကို ဖြေရှင်းပေးထားခြင်း

- MMAS Zawgyi Changer 2 သည် 4.1.1 နှင့်အထက်ဖုန်းများအတွက်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း Android 4.1 ထက်နှိမ့်သော ဖုန်းများက ယခု Changer ကိုသုံး၍ ဖုန်း Brick ဖြစ်ခြင်း ၊ firmware ပြန်မတက်ခြင်းများ မဖြစ်စေရန် Myanmar Mobile Zawgyi Changer 2 v1.0.3 ကို Android version 4.1 အထက်ရှိသော ဖုန်းများသာ ဆော့ဝဲကို install လုပ်လို့ရစေရန် ပြင်ဆင်ပေးလိုက်ခြင်း

ဒီ Version မှာ အသစ်ထည့်သွင်းထားချက်တွေကတော့

- လတ်တလော လူကြိုက်များနေတဲ့ Zawgyi flower font (ပန်းဖောင့်) ကို ဖုန်းတွင် font ပြောင်းနိုင်ရန် ထပ်မံထည့်သွင်းပေးလိုက်ခြင်း ၊ အရင် version တွေတုန်းက ဇော်ဂျီဖောင့် ၊ Smart Zawgyi font ၊ Sony ဇော်ဂျီဖောင့် နှင့် စံမြန်မာဖောင့် စသည့် မြန်မာဖောင့်လေးမျိုးသာထည့်သွင်းပေးခဲ့ရာ ယခုအသစ်ထည့်သွင်းလိုက်သည့် font နှင့်ဆိုလျှင် မြန်မာဖောင့် ငါးမျိုးကို ပြောင်းလဲသုံးစွဲနိုင်လာခြင်း

* Sony Xperia ဖုန်းများ -ျ အပေါ်တက်နေသည့်ပြဿနာဖြေရှင်းရန် feature အားထည့်သွင်းလိုက်ခြင်း
* Samsung Lock Screen နှင့် Default တွင် မြန်မာစာပေါ်အောင် ပြင်ဆင်ရန် feature အားထည့်သွင်းလိုက်ခြင်း
* Android 4.2.2 သို့ version မြှင့်ပြီးသော်လည်း ဖုန်း language တွင် မြန်မာဘာသာရွေးချယ်ရန် မပေါ်သေးသော ဖုန်းများအတွက် Burmese Language Enabler feature ကိုထည့်သွင်းပေးလိုက်ခြင်း ။
( * ပြထားသော feature များသည် မိုဘိုင်းဆားဗစ်ပညာရှင်ကိုဖြိုးညီညီရဲ့ ကွန်ပျူတာ tool များအား Mobile Version အဖြစ်ပြောင်းလဲကာ MMAS Zawgyi Changer 2 v1.0.3 တွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။)
စသည်ဖြင့် အပြောင်းအလဲတော်တော်များများပြင်ဆင်ထည့်သွင်းထားပါတယ်။
Myanmar Mobile App Zawgyi Changer 2 v1.0.3 ကိုအောက်က link မှာရယူနိုင်ပါတယ်။

Myanmar Mobile Zawgyi Changer 2 v1.0.3 for Android

Myanmar Mobile Zawgyi Changer 2 v1.0.3 ကို Google Drive မှ ဒေါင်းရန်

From: Myanmar Mobile App

1 comments:

I Mobile I style android 4.4.2 ဖုန်းကြတော့ဘာဖြစ်လို့ firmware ပြန်မတက်လာတာလဲ
အဲ့ဒါဘာကြောင့်လဲ