Friday, August 2, 2013

မြန်မာဘာသာစကားနဲ့ မြန်မာကီးဘုတ် ပါဝင်သော S3 (GT-I9300) 4.2.2 Firmware ကို ရယူနိုင်ပါပြီ။

Samaung Galaxy S3 (i9300) အတွက် မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို တင်ပေးလိုက်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက်ရော Service သမား အားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ အရင် ထွက်ရှိထားတဲ့ i9300 4.2.2 (I9300XXUFME7) ကို မြန်မာစာဖောင့်နဲ့ ကီးဘုတ်အပြင် Language မှာပါ Burmese လို့ရွေးပြီး သုံးလို့ရပါ တယ်။ Font ကို Samsung Zawgyi Font သုံးထားပါတယ်။ Galaxy S4 ရဲ့ official မြန်မာဖောင့် ပါပြီးသား ထဲက ထုတ်ထားတဲ့ Font ပါ။ ကီးဘုတ်ကိုတော့ Frozen Keyboard 1.1.3 ကိုပဲ သုံးထားပါတယ်။ Frozen Keyboard Pro မသုံးတာက Expire Dateကြီးနဲ့ဆိုတော့ တော်ကြာ ရက်ပြည့်သွားရင် သုံးလို့ အဆင်မပြေတော့ မှာစိုးလို့ပါ။ Binary Count လုံးဝမတက်ပါ။ System Status လဲ Official ပါ။

Firmware တင်ပုံတင်နည်း
(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။
(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။
(4) ဖုန်းကို power ပိတ်ပါ။
(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။
(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။
(7) Start ကို နှိပ်ပါ။
(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။
(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။
(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာလိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။
S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။
Special Thanks to Sayar Phyo Nyi Nyi
Frozen Keyboard – Ko Thiha Aye Kyaw
Font – Zawgyi Team
Hotfile Uploader – Ko Moe Myat Thu Kha @ Yeeshin Mobile
Mediafire transload – Sayar Phyo Nyi Nyi
Dev-host transload – စက်ရုပ်များကြီးစိုးချိန်

Download Link များ

Hotfile Download

Mediafire Download

Dev-host Download


20130731_153514 Screenshot_2013-08-01-15-56-09
Screenshot_2013-08-01-15-22-54 Screenshot_2013-08-01-15-23-11

Modded by Yoe Yoe Lay

 

From: Myanamr Mobile App

0 comments: